HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရန်ကုန်မြို့တော်ဝန်ကို ငဖြီးကြီးဟု ဝေဖန်ခဲ့ပြီးနောက် မကြာမီ စမ်းချောင်းမြို့နယ်အတွင်း လမ်းဘေးဈေးသည်နှင့် ကျူးကျော်ဆိုင်ခန်း အချို့အား စည်ပင်ရှင်းလင်း

ရန်ကုန်မြို့တော်ဝန်ကို ငဖြီးကြီးဟု ဝေဖန်ခဲ့ပြီးနောက် မကြာမီ စမ်းချောင်းမြို့နယ်အတွင်း လမ်းဘေးဈေးသည်နှင့် ကျူးကျော်ဆိုင်ခန်း အချို့အား စည်ပင်ရှင်းလင်း

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရန်ကုန်မြို့ တော်ဝန်ကို ငဖြီးကြီးဟု စမ်း ချောင်းအမတ်က ဝေဖန်ခဲ့ပြီးနောက် စမ်းချောင်းမြို့နယ်အတွင်း လမ်း ဘေးဈေးသည်နှင့် ကျူးကျော်ဆိုင် ခန်းအချို့အား ရန်ကုန်မြို့တော် စည်ပင်မှ ရှင်းလင်းနေကြောင်းသိ ရသည်။ "ဒီမနက်မှာ စည်ပင်တာဝန် ရှိသူတွေက စမ်းချောင်းလမ်းတစ် လျှောက် လမ်းဘေးကျူးကျော်ဆိုင် ခန်းတွေလာရှင်းပါတယ်။ မိလ္လာ ရေထွက် ကျနေတဲ့ ရေမြောင်းတွေ ကိုလည်း လာရောက်ရှင်းလင်းဖယ် ရှားပေးခဲ့တယ်လို့သိရပါတယ်"ဟု စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ ၁၁ ရက်တွင်ပြောသည်။

စမ်းချောင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘို ဘိုဦးက ၄င်း၏မဲဆန္ဒနယ်ဖြစ် သောစမ်းချောင်းမြို့နယ်၊ ဝေဠုဝန် မြောက်ရပ်ကွက် ကံ့ကော်လမ်းရှိ အိမ်တစ်အိမ်တွင် မိလ္လာရေများ မြောင်းထဲသို့ စီးဆင်းနေသည့် ကိစ္စကို ပြည်သူများအကြောင်း ကြားခဲ့သဖြင့် သက်ဆိုင်ရာမြို့ နယ်စည်ပင်နှင့် နှစ်ကြိမ်တိုင်တိုင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ဌာနဆိုင်ရာကလုပ်ဆောင်ပေး ခြင်းမရှိသည့်အပြင် ၄င်း၏မဲဆန္ဒ နယ်အတွင်း ပြည်သူအတိုင် ကြားဆုံးကိစ္စရပ်မှာ စည်ပင်သာ ယာရေးကိစ္စများသာ နှစ်စဉ်နှစ်တိုင်းဖြစ်ပွားနေခြင်းကြောင့် ယင်း ကိစ္စတွင် ရန်ကုန်မြို့တော်ဝန် အနေဖြင့် တာဝန်အရှိဆုံးပုဂ္ဂိုလ် ဖြစ်ကာ မြို့တော်ဝန်မှာ ငဖြီးကြီး ဟူ၍ သတင်းမီဒီယာအချို့၌ ဝေ ဖန်ပြောကြားမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။



ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်ကရန်ကုန်မြို့တော် စည်ပင်မှ တာဝန်ရှိများသည် စမ်း ချောင်းလမ်းမပေါ် ကျူးကျော် ရောင်းချနေသော ဈေးဆိုင်ခန်း များကို လာရောက်ရှင်းလင်းဖယ် ရှားခဲ့ကာ စမ်းချောင်းမြို့နယ်၊ဝေဠု ဝန်မြောက်ရပ်ကွက် ကံ့ကော်လမ်း အတွင်း မိလ္လာရေများမြောင်းထဲ သို့စီးဆင်းနေသည်ကိုလည်း ရှင်း လင်းဖယ်ရှားပေးခဲ့ကြောင်း စမ်းချောင်း သားအချို့ထံမှသိရသည်။ "လမ်းကတော့ လာရှင်းသွား တယ်။ အရင်ကဆို ဈေးသည်တွေ ရော၊ ဆိုက်ကားတွေရောကားတွေ ရှုပ်ယှက်ခတ်နေတာ။ လမ်းသွားတာ တောင် မနည်းရှောင်သွားနေရတာ၊ အခုတော့ ရှင်းနေတာပေါ့။ အမြဲ တမ်းမရှင်းရင် အရင်တိုင်းပြန်ဖြစ် မှာပဲ၊ ဘယ်လောက်ခံမလဲဆိုတာတော့ စောင့်ကြည့်ရတာပေါ့"စမ်းချောင်း လမ်းတွင် နေထိုင်သူ ဦးအောင် ငြိမ်းချမ်းက ပြောသည်။

စမ်းချောင်းမြို့နယ်အတွင်း စည်ပင်သာယာတာဝန်ရှိသူများ က ယခုကဲ့သို့ လာရောက်ရှင်းလင်း မှုများပြုလုပ်သည်ကို ကြိုဆို ကြောင်း၊ စနစ်တကျ ဆောင်ရွက် ပါက အောင်မြင်မှုရနိုင်မည်ဖြစ်ကာ မြို့တော်ဝန်ကို ဝေဖန်ရသည်မှာ လည်း အလုပ်သဘောအရထောက်ပြပြောဆိုခြင်းသာဖြစ်ပြီး ပုဂ္ဂိုလ် ရေးထိခိုက်လိုမှုမပါကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘို ဘိုဦးက ပြောသည်။ "အမေစုကိုယ်တိုင် ကျွန် တော်တို့ ပြည်သူ့ကိုယ်စားလှယ် တွေကိုပြောထားတာက မဲဆန္ဒ ရှင်ပြည်သူတွေ မျက်နှာပဲကြည့်ပါ။ အစိုးရများ လိုအပ်ချက်ရှိပါက ဝေဖန်ထောက်ပြကြပါလို့မှာကြား ထားတာပါ "ဟု ၄င်းကပြောသည်။ကမာရွက်မြို့နယ် ပြည်သူ့ လွှတ်ကိုယ်စားလှယ် ဦးကျော်မင်း ကလည်း ကမာရွတ်မြို့နယ်အတွင်း လှည်းတန်းကဲ့သို့သော လူစည် ကားရာနေရာများတွင် လမ်းဘေး ကျူးကျော်ဈေးရောင်းချနေမှုကို ရှင်းလင်းရန် စည်ပင်တာဝန်ရှိသူ များနှင့် ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောသည်။


"ဒီညနေမှာ စည်ပင်က တာ ဝန်ရှိသူတွေနဲ့ တွေ့ဖို့ရှိပါတယ်။ကျူးကျော်ဈေးသည်တွေတို့ စည် ပင်သာယာရေးကိစ္စ လိုအပ်ချက် တွေကိုမေးမြန်းပြီး ညှိနှိုင်းဆောင် ရွက်သွားမှာပါ"ဟု ၄င်းကပြော သည်။ပြီးခဲ့သည့်ဒီဇင်ဘာအတွင်းက လှိုင်မြို့နယ်(၂)ရပ်ကွက်အတွင်း ရှိ ကျူးကျော်ဆိုင်ခန်းများကို ရှင်း လင်းခဲ့သည်။ ရန်ကုန်မြို့တော်ဝန် ဦးမောင် မောင်စိုးသည် မြို့တော်ဝန်သက် တမ်းသုံးနှစ်အတွင်း ထိထိရောက် ရောက် ဆောင်ရွက်ပေးနိုင်မှုမရှိဘဲ တာဝန်လစ်ဟင်းပြီး ဖြီးဖြန်းနေ ကြောင်း၊ အလုပ်မလုပ်ဘဲ ပွဲများသာ တက်ရောက်နေကြောင်း ဦးဘိုဘို ဦးက ဝေဖန်ခဲ့သည်။ 

NT
#Democracytoday

Rate this item
(0 votes)
back to top