HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အောင်ဘာလေ ထီစာအုပ်များ ပျောက်ဆုံးမှု အရေးယူပေးရန် မကွေးစာတိုက်မှူး အမှုဖွင့်

အောင်ဘာလေ ထီစာအုပ်များ ပျောက်ဆုံးမှု အရေးယူပေးရန် မကွေးစာတိုက်မှူး အမှုဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

အောင်ဘာ လေထီစာအုပ်များ ပျောက်ဆုံး စေသူကိုအရေးယူပေးရန် ဇန်နဝါ ရီ၃ရက်ကမကွေးမြို့နယ်မြေ ရဲစ ခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။ ၂ဝ၁၉ခုနှစ် ဇန်နဝါရီလအ တွင်းရောင်းချမည့် ငွေကျပ်သိန်း ၆ဝတန်ဖိုးရှိ ကျပ်၅ဝဝတန် အောင် ဘာလေထီစာအုပ်၁၂၈၅ အုပ်ပါ ချောထုပ်တစ်ထုပ်၊ တန်ဖိုးပေး ရွေး အမြန်ချောထုပ်သုံးထုပ်ကို ပွင့်ဖြူစာတိုက်သို့ပို့ ဆောင်ပေးရန် 3M/----အံစာတုံးယာဉ်မှ စပါယ်ယာ(အသက်၊အမည်၊ နေ ရပ်၊ လိပ်စာစုံစမ်းဆဲ)ထံသို့အပ်နှံခဲ့ ရာချောထုပ်များသည် ပွင့်ဖြူမြို့ နယ်သို့မရောက်ရှိဘဲ လမ်းတွင် ကျပျောက်ကျန်ရစ်ခဲ့သည့် အတွက် 3M/---အံစာတုံးယာဉ်မှ စပါယ်ယာအားအရေးယူပေးရန် မကွေးတိုင်းဒေသကြီး စာတိုက်မှူး က တရားလိုပြုလုပ်တိုင်းတန်းလာ ခြင်းဖြစ်ကြောင်းသိရသည်။

မကွေးမြို့နယ် နယ်မြေရဲစ ခန်းမှ တာဝန်ရှိသူတစ်ဦးက''ပြီးခဲ့တဲ့၂ဝ၁၈ခုနှစ် ဒီဇင်ဘာ၂၇ ရက် ည၈နာရီအချိန်မှာ မကွေးမြို့ကား ကြီးကွင်းရှိ ကားဂိတ်တစ်ခုမှာ မ ကွေးစာတိုက်ကြီးချောပို့ဝန်ထမ်းက 3M/---- အံစာတုံးယာဉ် စ ပါယ်ယာကို တန်ဖိုးကျပ်လေး သောင်းရှိတဲ့ တန်ဖိုးပေးရွေးအမြန် ချောသုံးထုပ်နဲ့ကျပ်သိန်း၆ဝတန်ဖိုးရှိတဲ့ အောင်ဘာလေထီစာအုပ် ချောထုပ်တစ်ထုပ်ကို ပွင့်ဖြူစာ တိုက်ကို ပို့ဆောင်ပေးဖို့အပ်နှံခဲ့တာဖြစ်ပါတယ်။ ချောထုပ်တွေက ပွင့်ဖြူမြို့နယ်ကိုမရောက်ဘဲ လမ်း မှာ ကျပျောက်ကျန်ရစ်ခဲ့တယ်လို့ စပါယ်ယာက ပွင့်ဖြူစာတိုက်မှူး ကိုသတင်းပို့လာပါတယ်။ ဒါနဲ့ပတ် သက်ပြီး မကွေးတိုင်းဒေသကြီး စာတိုက်မှူးက ယုံကြည်စွာဖြင့် ပို့ဆောင်ပေးဖို့ အပ်နှံလိုက်တဲ့ချော ထုပ်တွေ ပျောက်ဆုံးအောင်လုပ်တဲ့ စပါယ်ယာကို အရေးယူပေးဖို့ တိုင်ကြားလာတာဖြစ်ပါတယ်။ ဖြစ် စဉ်နဲ့ပတ်သက်ပြီးဇန်နဝါရီ ၃ရက် နေ့ညနေ၆နာရီခွဲ အချိန်မှာ(ပ) ၄/၁၉ရာ ဇသတ်ကြီးပုဒ်မ၄ဝ၇ ဖြင့် အမှုဖွင့်အရေးယူထားရှိပါ တယ်''ဟု ဇန်နဝါရီ ၁၁ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။


အောင်ဘာလေ သိန်းဆုဌာ နခွဲသည်၂ဝ၁၉ခုနှစ်ဖေဖော်ဝါရီ ၁ရက်တွင် ကျင်းပမည့်(၂၃)ကြိမ်မြောက် ကျပ်၅ဝဝတန်အောင် ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီ အက္ခရာအလုံးရေ (၅၂)လုံးအား မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဖြန့်ချိ ရောင်းချခဲ့ရာအောင်ဘာလေ သိန်း ဆုဌာနခွဲ(မန္တလေးရုံး)မှမကွေး တိုင်းဒေသကြီးသို့ ဖြန့်ချိသောထီ စာအုပ်များအနက် ထီစာအုပ် ပေါင်း ၁၂၈၅အုပ်၊ ထီလက်မှတ် စောင်ရေပေါင်း၁၄၁၃၅စောင်မှာ မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့ သို့စာတိုက်ချောဖြင့် ပို့ဆောင်ခဲ့ရာ လမ်းခရီးတွင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်ပြီး ယင်းထီစာအုပ်များသည်မရောင်းချရသေးသည့် ထီစာအုပ် များဖြစ်ကြောင်းသိရသည်။


မကွေးတိုင်းဒေသကြီး စာ တိုက်မှူးဒေါ်နှင်းရီသော်က''အဲဒီ ရက်ပိုင်းက ကျွန်မကစာတိုက်မှူး မဟုတ်ပါဘူး။ တိုင်းစာတိုက်မှာငွေ စာရင်းမှာ တာဝန်ထမ်းဆောင်နေ တာပါ။ ဒီဇင်ဘာလ၂၉ရက်မှာ မကွေးစာတိုက်မှာ စာတိုက်မှူးအ ဖြစ်တာဝန်ထမ်းဆောင်တာပါ။ ၂၈ ရက်မှာ တာဝန်လွှဲယူခဲ့တာပါ။ အောင်ဘာလေထီချောထုပ်နဲ့ တ ခြား ချောထုပ်တွေပျောက်တာက ၂၇ရက်ကဖြစ်တာပါ။ ၂၇ရက်က ပုံမှန်အတိုင်းပဲချောထုပ်အိတ်တွေ ကိုပိတ်ပြီး စတားသန်းဆုအောင် ကားဂိတ်ကိုပို့ထားလိုက်တယ်။ စတားသန်းဆုအောင်ကားနဲ့ သယ် သွားပါတယ်။ ကားပေါ်ကနေ လမ်းမှာပြုတ်ကျခဲ့တယ်လို့သတင်း ရပါတယ်။ ချောအိတ်တွေပျောက် ဆုံးသွားတာနဲ့ပတ်သက်ပြီး ရဲစ ခန်းမှာ တိုင်ချက်ဖွင့်ထားပါတယ်''ဟု ပြောသည်။


ယင်းနှင့်ပတ်သက်၍ အောင် ဘာလေ သိန်းဆုဌာနခွဲအနေဖြင့် ပျောက်ဆုံးခဲ့သည့် အောင်ဘာ လေထီလက်မှတ်နံပါတ်များမှ ဆု မဲများ ထွက်ပေါ်လာပါကအထူးဆု ကြီးစနစ်နှင့် ဆုတစ်ဆုချင်းစနစ် ဖြစ်လျှင်ရောင်းချရသည့် ထီလက် မှတ်ဂဏန်းထွက်ပေါ်လာသည် အထိ ပြန်လည်ဖွင့်လှစ်ပေးသွား မည်ဖြစ်ပြီး ဝေဝေဆာဆာပဒေ သာဆုမဲစနစ်တွင်ဖြစ်လျှင် ဆုမဲ တန်ဖိုးစုစုပေါင်း အတွက်ဖွင့်လှစ် ပေးမည့်ဆုမဲကြေညာ၍ အစားထိုး ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ် သည်။ 

ZZ

#democracytoday

Rate this item
(0 votes)
back to top