HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ကုန်စည်များတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြရန် အချိန်ကာလအားဖြင့် အခက်အခဲရှိသူများကို အထိုက်အလျောက်ဖြေလျှော့ပေးသွားမည်

ကုန်စည်များတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြရန် အချိန်ကာလအားဖြင့် အခက်အခဲရှိသူများကို အထိုက်အလျောက်ဖြေလျှော့ပေးသွားမည်

ရန်ကုန်၊ ဇန်နဝါရီ၁၂

ကုန်စည် များတွင် မြန်မာဘာသာဖြင့် ဖော် ပြရန်ထုတ်ပြန်ခဲ့သော အမိန့် ကြော်ငြာစာနှင့်ပတ်သက်၍ ကုန် စည်များတွင် မြန်မာဘာသာရေး သားဖော်ပြရန် အချိန်ကာလအား ဖြင့် အမှန်တကယ် အခက်အခဲရှိ သူများကို အထိုက်အလျောက် ဖြေ လျှော့ပေးသွားမည်ဖြစ်ကြောင်း ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ပြောသည်။ ဇန်နဝါရီ၁၂ရက်က ရန်ကုန် မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် ဒုတိယသမ္မတ ဦး ဆောင်သည့် မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ၏(၂၃)ကြိမ်မြောက် ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောခြင်းဖြစ်သည်။

ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက "အမိန့်ကြော်ငြာစာမှာထုတ်ပြန် သည့်နေ့မှ ခြောက်လပြည့်မြောက် သည့်နေ့တွင် စတင်အာဏာသက် ရောက်စေခြင်းသည် လုံလောက်မှု မရှိစေသည့်အတွက် သင့်လျော်တဲ့ အချိန်ကာလတစ်ခုကို ရွှေ့ဆိုင်း ပေးဖို့ မြန်မာနိုင်ငံ အလှကုန်အသင်း က တင်ပြလာပါတယ်။ အမိန့် ကြော်ငြာစာထုတ်သည့် ခြောက်လ အစား၂၄ လ (၂ နှစ်)သို့ တိုးမြှင့် သတ်မှတ်ပေးဖို့ တောင်းဆိုလာ ပါတယ်။ တောင်းဆိုချက်နဲ့ပတ် သက်ပြီး ကုန်ပစ္စည်းအကုန်လုံး တိုး မြှင့်ပေးရန် အဆင်မပြေနိုင်ခြင်း၊ တောင်းဆိုထားသည့် အချိန်ကာလ များလွန်းသည့်အတွက် အမှန်တကယ် အခက်အခဲရှိသူများကိုအထိုက် အလျောက်ဖြေလျှော့ပေးရန် စီစဉ် ဆောင်ရွက်ပေးသွားမှာဖြစ် ပါတယ်။ အကုန်လုံးတော့ မဟုတ် ဘူး။ ဒီထဲမှာ တချို့ခြောက်လမရ တာတွေကိုရှစ်လရမလား၊ ဆယ်လဒါမှမဟုတ် တစ်နှစ်ရမလား စသည်ဖြင့် ဆောင်ရွက်ရမှာဖြစ်ပါ တယ်"ဟု ပြောသည်။

စားသုံးသူအကာအကွယ် ပေးရေးဗဟိုကော်မတီသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ၂၆ ရက် ရက်စွဲဖြင့် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ကုန်စည်များထုတ် လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ပြု လုပ်ရာတွင်သုံးစွဲပုံအညွှန်း၊ ထား သိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မ တည့်ကြောင်းဖော်ပြချက်နှင့် ကြို တင်သတိပေးချက်၊ ဘေးထွက်ဆိုး ကျိုးများကိုကုန်စည်တွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အ ခြား ဘာသာတွဲလျက်ဖြစ်စေဖော် ပြရမည်ဖြစ်ကြောင်း အမိန့်ကြော် ငြာစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်ကြော်ငြာစာ ထုတ်ပြန် ပြီးချိန်မှစတင်၍ ခြောက်လအထိ အား စီးပွားရေးလုပ်ငန်းရှင်များ အတွက်ပြင်ဆင်ချိန်ကာလ တစ် ခုအဖြစ်သတ်မှတ်ထားရှိပြီး ပြင် ဆင်ချိန်ကာလ ကုန်ဆုံးပြီးချိန် တွင်သတ်မှတ်ချက်အတိုင်း ဆောင် ရွက်ခြင်းမရှိပါက စားသုံးသူအကာ အကွယ်ပေးရေး ဥပဒေပုဒ်မ၁၉ အရအရေးယူခြင်း ခံရမည်ဖြစ် ကြောင်းသိရသည်။

ဦးမြင့်ဆွေက""တင်ပြလာတဲ့ အခက်အခဲပြဿနာက မူလထုတ် လုပ်တဲ့နိုင်ငံရဲ့ ဘာသာစကားဖြင့် ဖော်ပြထားသည်ကို ဘာသာပြန် ရန်အတွက် ထုတ်လုပ်သူကို တောင်းဆိုရမည်ဖြစ်ပြီး ထုတ်လုပ် သူများကလည်း ၎င်းတို့ရဲ့ကုန် ပစ္စည်းက လုပ်ထုံးလုပ်နည်းအတိုင်း ဘာသာပြန်မှုကို စောင့်ဆိုင်းရန် အချိန်ကာလလို အပ်မယ်လို့သိရ ပါတယ်။ ပစ္စည်းတစ်ခုချင်းကို ဘာသာပြန် တင်သွင်းရမည်ဖြစ် ပြီးတချို့ကုန်စည်များမှာ အမျိုး အမည် ထောင်ပေါင်းများစွာသော အချိန်ပေါင်းများစွာ ပေးရမည့် အနေအထားဖြစ်ပါတယ်။ ဆောင် ရွက်ရန်အချိန်ကာလတစ်ခုလို အပ်ပါတယ်။ 

အမိန့်ကြော်ငြာစာ ထုတ်ပြန်တဲ့ ခြောက်လသတ်မှတ်ထားခြင်းမှာ လုံလောက်မှုမရှိသည့် အတွက်သင့်လျော်တဲ့ အချိန် ကာလတစ်ခုကို တိုးမြင့်သတ်မှတ် ပေးမှုကို တင်ပြလာတာဖြစ်ပါ တယ်။ အလှကုန်အသင်းက နှစ် နှစ် သတ်မှတ်ဖို့တင်ပြတယ်။ တစ် ဖက်က ခက်ခဲတဲ့ကိစ္စရပ်တွေ ချည်းမဟုတ်ဘဲ တချို့လွယ်တဲ့ကိစ္စ ရပ်တွေရှိတယ်။ စားသုံးသူကာ ကွယ်ရေးအတွက် အဓိကရည်မှန်း ချက်ထားတာဖြစ်တဲ့အတွက် မြန် မြန်လုပ်ရင် လုပ်နိုင်သလိုအကျိုးရှိ တဲ့လုပ်ငန်းဖြစ်ပါတယ်။ ဒါနဲ့ပတ် သက်ပြီး အခုညှိနှိုင်းဆောင်ရွက် နေတဲ့အနေအထားဖြစ်ပါတယ်"ဟုပြောသည်။ 

TEEP
#Democracytoday

Rate this item
(0 votes)
back to top