HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

AA တိုက်ခိုက်မှုကြောင့် ကျဆုံးရဲတပ်ဖွဲ့ဝင်များ၏ မိသားစုကိုကူညီရန် အိုင်စီတေးဂီတ အဖွဲ့ဝင်များ၏ လက်မှတ်ပါသည့် ဂစ်တာကိုလေလံတင်ရာတွင် ကျပ် ၂၁ သိန်းဖြင့် လုပ်ငန်းရှင် တစ်ဦးဝယ်

AA တိုက်ခိုက်မှုကြောင့် ကျဆုံးရဲတပ်ဖွဲ့ဝင်များ၏ မိသားစုကိုကူညီရန် အိုင်စီတေးဂီတ အဖွဲ့ဝင်များ၏ လက်မှတ်ပါသည့် ဂစ်တာကိုလေလံတင်ရာတွင် ကျပ် ၂၁ သိန်းဖြင့် လုပ်ငန်းရှင် တစ်ဦးဝယ်
ရန်ကုန်၊ ဇန်နဝါရီ ၁၂ 
 
AA သောင်းကျန်း သူများ၏ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သော ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများကိုကူညီရန် ဓာတ်ပုံဆရာဝဏ္ဏခွာနီးက အိုင်စီ (Iron Cross) အဖွဲ့အဆိုတော်များ၏ လက်မှတ်ထိုးထား သော ဂီတာကိုလေလံတင်ရာ ကျပ် ၂၁ သိန်း ဖြင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဝယ်ယူခဲ့ ကြောင်း သိရသည်။

"ရဲတပ်သားမိသားစုတွေကို ကူညီထောက် ပံ့ဖို့ပါ။ ကျပ် ၂၁ သိန်းပေးဝယ်သွားပါပြီ"ဟု ဓာတ်ပုံဆရာ ဝဏ္ဏခွာနီးက ဒီမိုကရေစီတူဒေး သို့ ဇန်နဝါရီ ၁၂ ရက်တွင် ပြောသည်။ယင်းဂီတာကို ဝယ်ယူသူမှာ ရန်ကုန်မြို့ ကမာရွတ် အထက (၂)မှ ကျောင်းသား ဟောင်းတစ်ဦးဖြစ်ကာ စီးပွားရေးလုပ်ငန်းလုပ် ကိုင်သူတစ်ဦးဖြစ်ကြောင်း၎င်းက ပြောသည်။ ယင်းဂီတာမှာ IC တေးဂီတအဖွဲ့၏ အဆိုတော်များဖြစ်ကြသော လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ဝိုင်ဝိုင်းတို့၏ အမှတ်တရလက်မှတ် များထိုးထားသောဂီတာဖြစ်ပြီး ၎င်း၏ ဖေ့စ် ဘွတ်ခ်အကောင့်တွင် လေလံဈေး ကျပ် ၁၅ သိန်းဖြင့် စဖွင့်ထားခြင်းဖြစ်သည်။ ဂီတာမှာ ၉၅ ရာခိုင်နှုန်းအသစ်ဖြစ်ပြီး လေလံကို ဇန်န ဝါရီ ၁၂ ရက် ညနေ ၆ နာရီတွင် လေလံ ပိတ်ခဲ့ခြင်းဖြစ်သည်။ယခု ဇန်နဝါရီ ၄ ရက် နံနက်က ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုကို AA သောင်းကျန်းသူများက ဝင်တိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့သည်။

NT
#Democracytoday
Rate this item
(0 votes)
back to top