HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရန်ကုန် ဘူတာကြီးတွင် အရက်မူးပြီး ခရီးသည်များကို ဆဲဆိုနေသည့် သင်္ကန်းဝတ်ကို လူဝတ်လဲပြီး တရားစွဲ

ရန်ကုန် ဘူတာကြီးတွင် အရက်မူးပြီး ခရီးသည်များကို ဆဲဆိုနေသည့် သင်္ကန်းဝတ်ကို လူဝတ်လဲပြီး တရားစွဲ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရန်ကုန် ဘူတာကြီးအတွင်း အရက်မူးပြီး ခရီး သည်များကို အော်ဟစ်ဆဲဆိုနေ သော သင်္ကန်းဝတ်တစ်ဦးကို လူဝတ် လဲကာ တရားစွဲဆိုခဲ့ကြောင်း သိရ သည်။ ''အရက်မူးးပြီး ခရီးသည်တွေ ကို ဆဲဆိုသောင်းကျန်းနေတာ။ မြို့ နယ်သံဃနာယကရယ်၊ ထွေအုပ်ရယ် အဖွဲ့စုံစစ်ဆေးထိန်းသိမ်းပြီး လူ ဝတ်လဲပေးခဲ့ပါတယ်။ သာသနာညှိုး နွမ်းစေမှုနဲ့ တရားစွဲထားပါတယ်''ဟု ရန်ကုန်ဘူတာကြီး မီးရထားရဲ တပ်ဖွဲ့စခန်းမှူး ရဲအုပ်ကြည်ဝင်းက ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ ၂၁ ရက်က ပြောသည်။

အဆိုပါ သင်္ကန်းဝတ်ကို သာသ နာတော်ညှိုးနွမ်းစေမှု ပုဒ်မ၂၉၅- က ဖြင့် ဇန်နဝါရီ ၂၁ ရက်က ရထားရဲ တပ်ဖွဲ့က တရားလိုပြုလုပ်ပြီး မင်္ဂလာ တောင်ညွန့်တရားရုံးသို့ တရားစွဲဆို တင်ပို့ထားကြောင်း ၎င်းကပြောသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ဝ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ ခန့်က ယင်း သင်္ကန်းဝတ်သည် ဘူတာကြီး လက်မှတ်ဂိတ်သို့ ဝင်ရောက်စဉ် ¤င်း၏ရှေ့မှ လူတစ်ဦးပိတ်နေသကဲ့သို့ဖြစ်နေသည်ဟုဆိုကာ ဆဲဆို ကြိမ်းမောင်းခဲ့ကြောင်း၊ ယင်းနောက် ပတ်ဝန်းကျင်မှသူများကိုပါ မကြား ဝံ့မနာသာ ဆက်လက်ဆဲဆိုနေသည့် အတွက် ရထားရဲတာဝန်ရှိသူများက ခေါ်ယူထားခဲ့ကြောင်း သိရသည်။ ယင်းနောက် မင်္ဂလာတောင်ညွန့်မြို့ နယ် သာသနာတော်ထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ဆရာတော်ဦးဝါ ယမနှင့်အဖွဲ့က ဆက်လက်စစ်ဆေး ပြီးနောက် လူဝတ်လဲစေခဲ့ကြောင်း အမှုစစ်ရဲအရာရှိ ဒုရဲအုပ်အောင် ဘိုဘိုဦးက ပြောသည်။ ယင်းသင်္ကန်း ဝတ်တွင် သာသနာ့ဝန်ထမ်းကတ် လည်းမရှိကြောင်း သိရသည်။


စစ်ဆေးချက်အရ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ရက်နံနက်ပိုင်းက စမ်းချောင်းမြို့နယ် မအူပင်လမ်းထဲ တွင်ရှိသော နေအိမ်တစ်အိမ်အတွင်း သို့ကျူးကျော်ကာ အမျိုးသမီးတစ်ဦး ကို ဖိနပ်ချွတ်ပါးရိုက် ဆဲဆိုခဲ့သည့် သင်္ကန်းဝတ်ပင်ဖြစ်ကြောင်း ယင်း အမှုစစ်က အတည်ပြုပြောကြားသည်။ ''သူက ခရီးသည်တွေကိုလည်း ဖိနပ်ချွတ်ပြီး ဖိနပ်နဲ့ပါးရိုက်ဖို့တောင် လုပ်နေသေးတာ''ဟု မျက်မြင်တွေ့ ရှိခဲ့ရသူ ရန်ကုန်ဘူတာကြီးတွင် တာ ဝန်ကျဝန်ထမ်းတစ်ဦးက ပြောသည်။ စမ်းချောင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက် ၍ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးက အမှုဖွင့်ထားခြင်းမရှိသော်လည်း အရေးယူရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောသည်။


''ဝင်သောင်းကျန်းသွားတဲ့ ဘုန်းကြီးအတုကို ဖမ်းမိသွားပါပြီ။တရားမစွဲ အမှုမဖွင့်ထားပေမယ့် တာဝန်ရှိတဲ့အတိုင်းလုပ်ဆောင် ပေးတဲ့ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ပါတယ်'' ဟု စမ်းချောင်း မြို့နယ်မှ နစ်နာခဲ့သည့် ကာယကံရှင် မိသားစုဝင်တစ်ဦးက ¤င်း၏လူမှုကွန် ရက်စာမျက်နှာတွင် ဇန်နဝါရီ ၂၁ ရက် က ရေးသားထားသည်။

NT/WY

#democracytoday

Rate this item
(0 votes)
back to top