HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂရွေးကောက်ပွဲ ဖေဖော်ဝါရီလအတွင်း ကျင်းပနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂရွေးကောက်ပွဲ ဖေဖော်ဝါရီလအတွင်း ကျင်းပနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မကွေး၊ ဇန်နဝါရီ ၂၂

မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂရွေး ကောက်ပွဲကျင်းပနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီက မကွေးတက္က သိုလ် ကျောင်းသားသမဂ္ဂရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲတွင် လက် ရှိကျောင်းသားသမဂ္ဂ အလုပ်အမှု ဆောင်များ၊ ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်အသစ်များနှင့် စိတ်ဝင်စားသူကျောင်းသား၊ ကျောင်း သူများ တက်ရောက်ခဲ့သည်။

''အခုဆွေးနွေးပွဲက မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂရွေး ကောက်ပွဲကျင်းပနိုင်ရေးနဲ့ အရင်ကထက် အခုကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲက အရေးကြီးသွား ပြီဆိုတာတွေကို ဆွေးနွေးတာဖြစ်ပါတယ်။ ဘာကြောင့်အရေးကြီးတာလဲဆိုရင် ဘာသာရပ်ဌာနတိုင်း မှာ သမဂ္ဂကရွေးကောက်တင်မြှောက် ပေးတဲ့ ကိုယ်စားလှယ်ငါးယောက် စီထည့်ပေးရမှာ ဖြစ်တဲ့အတွက် ကြောင့်ပါ''ဟု မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မောင် ချမ်းမြေ့ကိုကိုက ပြောကြားသည်။


ကျောင်းသားသမဂ္ဂမှ ရွေး ကောက်တင်မြှောက်ပေးသည့် ကိုယ်စားလှယ်ငါးဦးမှာ ဌာနမှ ဆရာ၊ ဆရာမများ၊ ကထိက၊ လက်ထောက်ကထိက၊ ပါမောက္ခ၊ တွဲဖက်ပါမော က္ခတို့ဖြင့် စီမံခန့်ခွဲရေးကော်မတီဖွဲ ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားရေး သင်ယူရေးကိစ္စ များ၊ စာမေးပွဲဆိုင်ရာကိစ္စရပ်များအထိ အစအဆုံးပူးပေါင်းလုပ်ဆောင် ရမည်ဖြစ်သဖြင့် ကျောင်းသားသမဂ္ဂ မှ ရွေးကောက်တင်မြှောက်ပေးသည့် ကိုယ်စားလှယ်ငါးဦးမှာ အရေးကြီး ခြင်းဖြစ်သည်။


မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌနှင့် အတွင်းရေး မှူးရွေးချယ်ပွဲကို ဖေဖော်ဝါရီလတွင် ရွေးချယ်သွားမည်ဖြစ်ပြီး ယခုအခါ ဘာသာရပ်ဆိုင်ရာဌာနကျောင်းသားကိုယ်စားလှယ်များကို စတင် ရွေးချယ်နေကာ မကွေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ မည် သူမဆိုဝင်ရောက်အရွေးချယ်ခံနိုင် ကြောင်း သိရသည်။

ZZ

#democracytoday

Rate this item
(0 votes)
back to top