HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

သစ်ခိုးထုတ်သည့် လမ်းအကြောင်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက လာဖြေသဖြင့် ဘုန်းကြီးနှင့် ဘီးကဲ့သို့ လွဲနေဟု လွှတ်တော် ကိုယ်စားလှယ် ဝေဖန်

သစ်ခိုးထုတ်သည့် လမ်းအကြောင်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက လာဖြေသဖြင့် ဘုန်းကြီးနှင့် ဘီးကဲ့သို့ လွဲနေဟု လွှတ်တော် ကိုယ်စားလှယ် ဝေဖန်

နေပြည်တော်၊ ဇန်နဝါရီ ၂၂

သစ်ခိုးထုတ်သည့် လမ်းအကြောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက လာ ဖြေသဖြင့် ဘုန်းကြီးနှင့်ဘီးကဲ့သို့ လွဲနေဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဝေဖန်ပြောကြားလိုက်ကြောင်း သိရသည်။ ဇန်နဝါရီ ၂၂ ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ဦးမင်း သိန်းက ပဲခူရိုးမကိုဖြတ်၍ ဖောက်လုပ်ထားသော ကတ္တရာလမ်းမ ကြီးများ၏ လမ်းဘေးဝဲယာတွင် ကျေးရွာချင်ဆက်လမ်းမဟုတ်သော မြေသားတစ်ကြောင်းထိုးလမ်းများ ဖောက်လုပ်ထားခြင်းနှင့် ယင်းသို့ ဖောက်လုပ်နေခြင်းများကို တားဆီးရန် မည်သို့စီစဉ်ထားသည်ကို သိလို ခြင်းနှင့်ပတ်သက်သည့် မေးမြန်းမှုအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လာရောက် ဖြေကြားမှုအပေါ် ယင်းသို့ဝေဖန် ခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနှင့် ဌာနမှခွင့်ပြုချက်မရှိဘဲ တစ်ကြောင်းထိုးမြေသားလမ်းများ ဖောက်လုပ်သွားလာခြင်း၊ လမ်းမကြီးများ၏ ဝဲယာလမ်းနယ်နိမိတ်အတွင်း လမ်းမကြီးများကိုထိခိုက် ပျက်စီးစေသော ကိစ္စရပ်များဖြစ် ပေါ်လာလျှင် ကျူးလွန်သူမည်သူ့ ကိုမဆိုဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိ ယဝန်ကြီးက ပြောသည်။


''သစ်တောကသစ်ခိုးတဲ့လမ်း အကြောင်းကို ဆောက်လုပ်ရေးဝန် ကြီးဌာနက ဖြေကြားပေးရတာ ဘုန်းကြီးနဲ့ ဘီးလိုဖြစ်နေပါတယ်။သဘာဝမကျဘူးလို့ ထင်ပါတယ်။ ဝန်ကြီးဖြေသွားတဲ့အထဲမှာ ပဲခူး တိုင်းဒေသကြီး အစိုးရကိုကိုးကား ပေါင်းစပ်ဖြေသွားပါတယ်။ တကယ်တော့ ဒီလမ်းကြီး ငါးလမ်းဟာ မကွေးတိုင်းဒေသကြီးနဲ့ရော၊ နေပြည်တော်ကောင်စီနဲ့ပါ ဆက် စပ်နေပါတယ်။ ဒီလမ်းကြီးတွေကို အခြေပြုပြီး တောထဲကိုဝင်သွားတဲ့ လမ်းတွေဟာ ကျေးရွာချင်းဆက်လမ်းလုံးဝမဟုတ်ပါဘူး။ အခုဝန်ကြီးဖြေဆိုရာမှာလည်း လမ်းမကြီး များဥပဒေအရ ထိခိုက်ပျက်စီးမှုနဲ့ လမ်းနယ်နိမိတ်အတွင်းမြေသား လမ်းဖောက်လုပ်ခြင်းကိုသာ ဆိုလိုပါတယ်။ ဒါလမ်းနယ်မြေမဟုတ်ပါဘူး။ သစ်တောနယ်မြေအတွင်းမှာ ဖောက်ထားတဲ့လမ်းပါ။ သစ်ခိုးတဲ့လမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ဆိုင်သလား။ သယံ ဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့ဆိုင်သလား။ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ဆိုင်သလား။ ဒီလိုအငြင်းပွားဖွယ် သူ့တာဝန်လိုလို ကိုယ့်တာဝန်လိုလို ဖြစ်နေမယ်ဆိုရင် ခုတော့ သဘာဝ မကျတဲ့အတွက်ကြောင့် သက်ဆိုင် ရာဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့များ ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ပါ ရန် အစီအစဉ်ရှိ၊ မရှိ ဆက်စပ်မေး မြန်းအပ်ပါတယ်''ဟု ဦးမင်းသိန်းက ဆက်စပ်မေးမြန်းသည်။


ယင်းအပေါ် ဒုတိယဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မဆိုင်သော မေးခွန်းဖြစ်သော ကြောင့် ယင်းမေးခွန်းနှင့်သက်ဆိုင် သောသစ်တောရေးရာဦးစီးဌာနသို့ ပေးပို့သွားမည်ဖြစ်ကြောင်းပြောသည်။ ''မူလမေးခွန်းခေါင်းစဉ်က ပဲခူးရိုးမကြီးကိုဖြတ်၍ ဖောက်လုပ် ထားသောကတ္တရာလမ်းမကြီးလမ်း တွေဘေးဝဲယာလမ်းတွေလို့ မေးတဲ့အတွက် ကျွန်တော်တို့ဝန်ကြီးဌာနက ဖြေဖို့ဖြစ်လာတာပါ။ တကယ် တမ်းကျတော့ ကိုယ်စားလှယ်တော် ကြီး ရည်ရွယ်တာကသစ်ခိုးထုတ်တာတွေကိုရည်ရွယ်တာပါ။ သစ်ခိုးထုတ်နေပါတယ်။ စက်ယန္တရားကြီး တွေနဲ့ သစ်တွေခိုးထုတ်နေပါတယ် ဆိုရင် အဲဒီမေးခွန်းဆိုရင် သစ်တော ဝန်ကြီးဌာနကဖြေရမှာပါ'' ဟုဒုဝန် ကြီးက ပြောသည်။ 

MP

#democracytoday

Rate this item
(0 votes)
back to top