HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

လက်ရှိ ဝန်ထမ်းများအတွက် ခံစားခွင့်ကို ကျခံနိုင်ခြင်း ရှိ၊ မရှိ တွက်ချက်ပြီးမှ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲသင့်

လက်ရှိ ဝန်ထမ်းများအတွက် ခံစားခွင့်ကို ကျခံနိုင်ခြင်း ရှိ၊ မရှိ တွက်ချက်ပြီးမှ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲသင့်

နေပြည်တော်၊ ဇန်နဝါရီ ၂၂

လက်ရှိဝန်ထမ်းများအတွက် ပင်စင်လစာနှင့် အငြိမ်းစားဆုကြေး စသည့်ခံစားခွင့်များကို ကျခံနိုင်ခြင်း ရှိ၊ မရှိ တွက်ချက်ပြီးမှသာ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ဆုံး ဖြတ်သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသိန်းလွင်ဌေးက ပြောသည်။ ဇန်နဝါရီ ၂၂ ရက် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးရာ၌ ယင်းကဲ့သို့ ပြောခြင်း ဖြစ်သည်။

''ယခုအဆိုပြု ပြဋ္ဌာန်းချက် အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပင်စင်ခံစားခွင့်များကို ကော် ပိုရေးရှင်း၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံရမည်ဆိုလျှင် ယခုလက်ရှိ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်း ဟောင်းများအတွက်လစဉ်၊ နှစ်စဉ် ကျခံသုံးစွဲနေရတဲ့ ပင်စင်အသုံးစ ရိတ် ပမာဏ၊ ကော်ပိုရေးရှင်းသို့ ပြောင်းရွေ့လာမယ့် ဝန်ထမ်းများကို ပေးချေရမယ့် အငြိမ်းစားဆုကြေး၊ အငြိမ်းစားလစာများအတွက် သုံးစွဲရမယ့် ပမာဏ၊ ကော်ပိုရေးရှင်းဖွဲ့ စည်းပြီးနောက် နှစ်စဉ်တိုးတက် ဖြစ်ပေါ်လာမည့် အငြိမ်းစားဝန်ထမ်းများအတွက် သုံးစွဲရမည့် စရိတ်များ စသည်တို့ကို အသေးစိတ်တွက်ချက်ထားရန် လိုအပ်ပြီးတော့ ကော်ပို ရေးရှင်းရဲ့ ဘဏ္ဍာရန်ပုံငွေမှ လစဉ်၊ နှစ်စဉ် ရေရှည်အတွက် ကျခံနိုင် ခြင်း ရှိ၊ မရှိ တွက်ချက်ပြီးမှသာ ယင်းဥပဒေကို ပြဋ္ဌာန်း၍ ကော်ပို ရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ဆုံးဖြတ်သင့်ကြောင်း တင်ပြအပ် ပါတယ်''ဟု ၎င်းကပြောသည်။


ဥပဒေကြမ်း၏ ပုဒ်မ-၃ဝ၊ ပုဒ်မ ခွဲ(က)၏ ပုဒ်မခွဲငယ်(၂)ကို တင်ပြ ပါအတိုင်း ယင်းဥပဒေက ဖွဲ့စည်း သည့် ကော်ပိုရေးရှင်းသို့ ပြောင်း ရွှေ့တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအတွက် ယင်းတို့ခံစားခွင့် ရှိသော လစာစရိတ်၊ ကရုဏာကြေး၊ နစ်နာကြေး ချီးမြှင့်ငွေ၊ ပင်စင်နှင့် အငြိမ်းစား ယူမှုကိစ္စရပ်များကို စတင်ပြောင်းရွှေ့သည့် နေ့ရက်မှစ၍ အချိန်ကာလ တွက်ချက်ပြီး ခံစား ခွင့်ပြုရန် ကိစ္စရပ်များဟု ပြင်ဆင် ဖြည့်စွက်လိုကြောင်း ၎င်းကပြောသည်။ ဗိုလ်မှူးသိန်းလွင်ဌေးက ''အခု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းအများစုဟာ ၎င်းတို့အကျွမ်း ဝင်ပြီးဖြစ်တဲ့ လုပ်ငန်းသဘာဝနဲ့ အနီးစပ်ဆုံး တူနေတဲ့ ဒီဥပဒေအရ ဖြစ်ပေါ်လာမယ့် ကော်ပိုရေးရှင်းသို့ ပြောင်းကြရမှာ ဖြစ်ပါတယ်။ ၎င်းတို့အနေနဲ့ ဝန်ထမ်းအဖြစ် ရှိနေခဲ့ရင် အငြိမ်းစားမယူမီ ကာလအထိ ကျန်ရှိနေမယ့် နှစ်များအတွက် ချီး မြှင့်ငွေ ပင်စင်များကို ကော်ပိုရေး ရှင်းသို့ ပြောင်းရွှေ့ရသည့်တိုင် ဆက်လက်ခံစားခွင့် ရရှိနေစေရန် ဖြစ်ပါတယ်။ သို့မှသာ ကော်ပိုရေး ရှင်အတွက်လည်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ကျွမ်းကျင်ဝန်ထမ်းများကို ရရှိနိုင်မှာ ဖြစ်ပါတယ်''ဟု ဆက်လက်ပြောသည်။


မြန်မာ့ဆက်သွယ်ရေး ကော် ပိုရေးရှင်းဥပဒေကြမ်းတွင် ပုဒ်မ ၄၈ ခု ပါဝင်ကြောင်း သိရသည်။ ယင်းမြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့် ပတ် သက်ပြီး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအပါအဝင် အမျိုးသားလွတ်တော် ကိုယ်စားလှယ် သုံးဦးတို့က အကြံပြုဆွေးနွေးခဲ့ကြ ပြီး လွှတ်တော်ကိုယ်စားလှယ်များ ၏ ဆွေးနွေးချက်များကို အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီ က ပြန်လည်ကြားနာရန် ဆုံးဖြတ် ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြောသည်။

MO

#democracytoday

Rate this item
(0 votes)
back to top