HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

After Diamond Jubilee ပြပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကမ္ဘာနှင့် မြန်မာတွင် ထင်ရှားသူများ၏ ပုံတူပန်းချီများ အပါအဝင် ပန်းချီကား ၈ဝ ကျော်ပြသ

After Diamond Jubilee ပြပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကမ္ဘာနှင့် မြန်မာတွင် ထင်ရှားသူများ၏ ပုံတူပန်းချီများ အပါအဝင် ပန်းချီကား ၈ဝ ကျော်ပြသ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ပန်းချီဆရာမောင်မောင်တိုး၏ စိန်ရတုအလွန် After Diamond Jubilee တစ်ကိုယ်တော်ပြပွဲ'' တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကမ္ဘာနှင့် မြန်မာနိုင်ငံတွင် ထင်ရှားကျော် ကြားသော ပုဂ္ဂိုလ်ကြီးများ၏ပုံတူ ပန်းချီများနှင့် ပန်းချီကားပေါင်း ၈ဝ ကျော် ပြသထားကြောင်း သိရသည်။ အဆိုပါပြပွဲကို ဖေဖော်ဝါရီ ၉ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့၊ ၃၅ လမ်းရှိ သြသည Moon Art Gallery ၌ ပြသထားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ကြည့်ရှုနိုင်မည်ဖြစ်သည်။

''ဆရာ့အသက်က (၇၈) နှစ်ရှိပြီ။ ဒါကြောင့် ဒီပွဲလေးကို စိန်ရတုအလွန်ပြုလုပ်ဖြစ်တာပေါ့။ After Diamond Jubilee လို့ နာမည်ပေး ထားပါတယ်။ ပြပွဲမှာဆရာကြီးသခင် ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ ဦးနု၊ ဗိုလ်ချုပ်ကျော် ဇော၊ ဒေါ်ခင်ကြည်၊ ဒေါ်အောင်ဆန်းစုကြည်၊ လူထုဒေါ်အမာ၊ ဆရာဒဂုန်တာရာ၊ ဝင်းမော်ဦး၊ ဗန်းမော်တင်အောင်၊ ဦးဘဂျမ်း၊ ဦးရန်အောင်နဲ့ ယနေ့ခေတ်မှာသမ္မတအဖြစ်တာ ဝန်ထမ်းဆောင်ခဲ့တဲ့ ဦးထင်ကျော်အစရှိတဲ့ ထင်ရှားကျော်ကြားသူ တွေရဲ့ ပန်းချီကားတွေနဲ့ အခြားပန်းချီကားများစွာကို ပြသထားပါ တယ်'' ဟု ပန်းချီ မောင်မောင်တိုး က ဒီမိုကရေစီတူဒေးသို့ ဖေဖော်ဝါရီ ၈ ရက်တွင် ပြောသည်။


ပြပွဲတွင်ပန်းချီကား ၆၁ ကား၊ မျက်နှာဖုံးပန်းချီလေးကားနှင့် မင် ခြစ်ပန်းချီကား ၁၅ ကားကျော်၊ စုစုပေါင်းကား ၈ဝ ကျော်ကို ပြသထားကြောင်း၊ ထင်ရှားကျော်ကြားသူများ၏ ပန်းချီကားများကိုလေး စားသောစိတ်၊ တန်ဖိုးထားသော စိတ်များဖြင့် ရေးဆွဲထားခြင်းဖြစ် ကြောင်းသိရသည်။


''ကျွန်တော်ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ တွေ့ဖူး၊ မြင်ဖူး၊ စကားပြောဖူးပါတယ်။ ဆရာကြီးကိုအလွန်လေးစားတဲ့အတွက် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင်တော့ ပြောစရာမလိုတော့ဘူး။ ငါးနှစ်၊ ခြောက်နှစ်သားလောက်ကတည်းကဆရာက သူ့တရား (မိန့်ခွန်း) တွေကို လိုက်နာဖူးတယ်။ တကယ့်ကို လေးစား၊ တန်ဖိုးထားပါတယ်။ ဦးနုက တော့ ကင်းထောက်အဖွဲ့ထဲမှာပါလာပြီး ပဲခူးကိုလာတော့ လက်ဆွဲနှုတ်ဆက်ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို အခုခေတ်မှ ဆွဲထားတာမဟုတ်ဘူး။ အရင် ခေတ်အခက်အခဲတွေကြားက ရေးဆွဲထားတဲ့ပုံတွေလည်း ပါပါတယ်။ ပုံရေးဖို့ ပြန်ကူးတာတောင် ကူးခွင့်မရဘူး။ အဲဒီလိုအခြေအနေမှာ ပန်းချီကားဖြစ်လာအောင် ကြိုးစား ရေးသားခဲ့တာ ဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောသည်။


ပန်းချီမောင်မောင်တိုးသည် မဂ္ဂဇင်းများနှင့် အပတ်စဉ်ထုတ်ဂျာနယ်များ၊ လုံးချင်းဝတ္ထု မျက်နှာဖုံးများတွင် သရုပ်ဖော်ပုံများရေးဆွဲခဲ့ပြီး ဝတ္ထုမျက်နှာဖုံးပန်းချီများ ရေးဆွဲကာ အောင်မြင်ထင်ရှားလာသော ပန်းချီဆရာတစ်ဦးဖြစ် ကြောင်း သိရသည်။ 

TTHL

#democracytoday

Rate this item
(0 votes)
back to top