HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရေးမြို့ကျုံးကြီး အတွင်းရှိ ငါးများ သောင်းချီသေဆုံးမှုမှာ ရေနည်းပြီး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်ဟုဆို

ရေးမြို့ကျုံးကြီး အတွင်းရှိ ငါးများ သောင်းချီသေဆုံးမှုမှာ ရေနည်းပြီး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်ဟုဆို

ရေး၊ ဖေဖော်ဝါရီ ၉- မွန်ပြည်နယ် ရေးမြို့ ရှေးဟောင်းကျုံးကြီးအတွင်း ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်များ တွင် ငါးများ သောင်းချီသေဆုံးခြင်း မှာ ကန်တွင်ရေနည်းပြီး အောက် စီဂျင် ပြတ်လတ်ကာ သေဆုံးခြင်း ဖြစ်ကြောင်း ရေးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကို လွင်ကပြောသည်။

ကန်ထဲ၌ သေနေသည့် ငါး များမှာ ငါးကြင်း၊ ငါးခုံးမ၊ ငါြးေ>ွမ ထိုး၊ ငါးဘတ်၊ ငါးဖယ် အစရှိသည့် ငါးမျိုးစုံ အရွယ်မျိုးစုံ သေဆုံးခြင်း ဖြစ်ကြောင်း ဒေသခံ ရေးမြို့သား များ ဆိုသည်။

''ငါးတွေ သေဆုံးရခြင်းက တော့ ကန်ထဲမှာ ရေပမာဏနည်း လာတယ်။ ငါးတွေက တစ်နေ့တ ခြား များပြားလာတယ်။ နောက်တစ် ချက်က ကန်ထဲမှာ ရေညှိတွေအ ရမ်းများနေတယ်။ ဒါကြောင့် ကန် ထဲမှာ အောက်ဆီဂျင်နည်းတဲ့အ တွက်ကြောင့် ငါးတွေ အောက်ဆီ ဂျင်ပြတ်ပြီး သေတာ၊ တစ်ဦးတစ် ယောက်က အဆိပ်ခတ်လို့ သေတာ မျိုးမဟုတ်ဘူး''ဟု ဦးကိုကိုလွင်က ပြောသည်။

ယင်းငါးအသေများကို အချို့ လူများက လာရောက်ကောက်ယူ ပြီး ချက်ပြုတ်စားကြရာ မည်သည့် အန္တရာယ်မျှမရှိကြောင်း ရေးမြို့ခံ ဦးဝင်းနိုင်က ပြောသည်။

အဆိုပါ ငါးသေသော ကျုံး ကြီးမှာ ရှေးဟောင်းတစ်ခုဖြစ်ပြီး ၃၇ ဧက ကျယ်ဝန်းကာ မူလက ၁ဝ ပေ ခန့်အနက်ရှိကြောင်း၊ ဒေသခံမြို့သူ မြို့သားများက အဓိဋ္ဌာန်ဖြင့် ငါးများ ကို ကျုံးအတွင်း ဘေးမဲ့လာလွှတ် လေ့ရှိကြောင်း၊ ငါးများကို အမြဲတ စေ ဘေးမဲ့လာရောက်လွှတ်မှုများ ကြောင့် ငါးများ မျိုးပွားပြီး ငါးကောင် ရေ အဆမတန် များပြားလာ ကြောင်း၊ လက်ရှိအခြေအနေတွင် ကန်အတွင်း နုန်းများ များပြားနေ ပြီး နုန်းပေါ်တွင်ရေမှာ နှစ်ပေခန့် သာရှိတော့သဖြင့် ငါးသေဆုံးမှု ကောင်ရေ သောင်းချီဖြစ်ပေါ်ခဲ့ရာ ကန်အတွင်းမှ နုန်းနှင့် အနယ်များ ဖယ်ထုတ်ရန်လိုကြောင်း ဒေသတွင်း ကျွမ်းကျင်သူများက ဆိုသည်။


အလားတူကန်အတွင်းမှ ငါး သေဆုံးမှုမှာ ပေါင်မြို့နယ် ဇင်း ကျိုက်ကျေးရွာ ဇင်းကျိုက်ကန် တော်မင်္ဂလာတွင် မွေးမြူထားသော ငါးခုံးမ၊ ငါးကြင်း၊ တီလားဗီးယား နှင့် ရေချိုငါးမျိုးစုံတို့သည်လည်း သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း ကန် အတွင်း အဓိဋ္ဌာန်ဖြင့် ဘေးမဲ့လာ လွှတ်သူ များလာခြင်းကြောင့် ကန် အတွင်း ငါးများပြားပြီး သေဆုံးခဲ့ ကြောင်း ကန်အတွင်း ငါးများ ထပ် မံသေဆုံးမှု မဖြစ်ပေါ်စေရန် ကန် အတွင်းရှိ နုန်းအနှစ်များကို ဖယ် ထုတ်ဆောင်ရွက်ခဲ့ကြောင်း သထုံ ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယ အရာရှိ ဦးစိုးဝင်းဇော်ကပြောသည်။

Rate this item
(0 votes)
YMG

back to top