HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မုံရွာ-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးကားလမ်းကို ရာသီမရွေးသွားလာနိုင်သည့်ကားလမ်းအဖြစ် ဆောင်ရွက်မည်

မုံရွာ-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးကားလမ်းကို ရာသီမရွေးသွားလာနိုင်သည့်ကားလမ်းအဖြစ် ဆောင်ရွက်မည်

ဖောင်းပြင်၊ ဖေဖော်ဝါရီ ၉- ချင်းတွင်း မြစ်ဖျားဒေသ နာဂတောင်တန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါ သည့်မုံရွာ-ဖောင်းပြင်-ဟုမ္မလင်း- ခန္တီးဆက်သွယ်ရေးကားလမ်းကို ရာသီမရွေးသွားလာနိုင်သည့်ကား လမ်းမကြီးအဖြစ် ၂ဝ၂ဝပြည့်နှစ် တွင်အပြီး ဖောက်လုပ်တော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန် ကြီးဌာနမှတာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၆ရက်ကပြောသည်။

မုံရွာ-ခန္တီး-မဟာမြိုင်ဖြတ် ကားလမ်းပိုင်းတွင်မုံရွာ-သက္ကယ် ကျင်းကားလမ်းနှင့်သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းပိုင်း တွင် ဖောင်းပြင်-ဟုမ္မလင်းကား လမ်းတို့မှာ ရာသီမရွေးသွားလာ နိုင်နေပြီဖြစ်ကြောင်း သိရသည်။

''သက္ကယ်ကျင်းကနေဟုမ္မလင်း- ခန္တီးအထိမိုင် ၃၃ဝ ကိုရာသီမရွေး သွားလာနိုင်တဲ့လမ်းအဖြစ်ဆောင် ရွက်နေတာဖြစ်ပါတယ်။ ဟိုအရင် က ဒီလမ်းတွေကိုမြေလမ်းဖောက် လုပ်ခဲ့တာဖြစ်ပါတယ်။ အခု အစိုးရ သစ်ကာလမှာ ကွန်ကရစ်လမ်း တွေဖြစ်လာတယ်။ နောက် ၂ဝ၂ဝ ပြည့်နှစ်မှာ ရာသီမရွေးသွားလာ နိုင်တဲ့ လမ်းအဖြစ်ဆောင်ရွက် မယ်''ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က ပြောသည်။

မုံရွာ- သက္ကယ်ကျင်း-ဖောင်း ပြင်-ဟုမ္မလင်း-ခန္တီးဆက်သွယ်ရေး တွင်ဖောင်းပြင်- ပင်လည်ဘူး-ရွှေ ဘို-မုံရွာ-မန္တလေးဆက်သွယ်ရေး ကားလမ်းကိုလည်း အဆင့်မြှင့်တင် ဖောက်လုပ်လျက်ရှိရာ ဖောင်းပြင်- ပင်လည်ဘူးအကြားရှိ မှန်တောင် ကိုဖြတ်ကာ ဖောက်လုပ်သည့် ရှေး ခေတ်ဂျပန်လမ်းဟောင်းကိုအဆင့် မြှင့်တင်ပြီး ကွန်ကရက်လမ်းအဖြစ် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရ သည်။

''ကုန်းတွင်းလမ်းတွေအဆင့် မြင့်တင်ပေးလို့ ရာသီမရွေးသွား လာနိုင်တဲ့ကားလမ်းကြီး ပေါ်ပေါက် လာမှ ကျွန်တော်တို့ဒေသဖွံ့ဖြိုးတိုး တက်လာမှာဖြစ်သလို အကြောင်း အမျိုးမျိုးနဲ့သွားလာနေကြရတဲ့ ချင်းတွင်းအထက်ပိုင်းသွား ခရီး သွားတွေအနေနဲ့လည်း စရိတ် ကုန်၊ ရက်ကြာတဲ့ဒုက္ခက ကင်းဝေး မှာဖြစ်ပါတယ်'' ဟုချင်းတွင်းအ ထက်ပိုင်းကောယားကျေးရွာမှ ခရီးသွားဒေသခံဦးကျော်ဆွေက ပြောသည်။

Rate this item
(0 votes)
YMG

back to top