HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မကွေးတိုင်းဒေသကြီးအဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာဆုချီးမြှင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီးအဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာဆုချီးမြှင့်ပွဲ ကျင်းပ

မကွေး၊ ဖေဖော်ဝါရီ ၉ -မကွေး တိုင်းဒေသကြီးအဆင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေး ပွဲနှင့် စံပြကျေးရွာဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၈ရက် နံနက် ၉နာရီ က တိုင်းဒေသကြီး ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအ စည်းအဝေးခန်းမတွင် ကျင်းပခဲ့ ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း ၇၇၉ရွာတွင် ဆောင် ရွက်လျက်ရှိကြောင်း၊ အဆိုပါကျေး ရွာများကို စံပြဆုရကျေးရွာများ အဖြစ် မြို့နယ်အဆင့်စံပြဆု၊ ခရိုင် အဆင့်စံပြဆုများ ပေးအပ်ခဲ့ပြီး တိုင်း အဆင့် စံပြဆုပေးအပ်ပွဲ ကျင်းပ ကြောင်း တိုင်းဒေသကြီး ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုး အောင်က ပြောသည်။

''ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ တဲ့မြစိမ်းရောင်ကျေးရွာစီမံကိန်း ကို ယခင်ကထက် ပိုမိုအောင်မြင် အောင် ဆောင်ရွက်နိုင်ဖို့ရည်ရွယ် ပြီးတိုင်းဒေသကြီးအဆင့် မြစိမ်း ရောင်ကျေးရွာ စီမံကိန်းသုံးသပ် ဆွေးနွေးပွဲနဲ့ စံပြဆုချီးမြှင့်ပွဲအခမ်း အနားကို ကျင်းပတာဖြစ်ပါတယ်'' ဟု ¤င်းကပြောသည်။

အခမ်းအနားတွင် တိုင်းဒေ သကြီးအဆင့် မြစိမ်းရောင်ကျေး ရွာစံပြဆု ပထမရရှိသော သရက် မြို့နယ် ပြရေကျေးရွာ၊ ဒုတိယရရှိ သော မင်းဘူးမြို့နယ်မှ ပုဂံစစ်ကျေး ရွာ၊ တတိယရရှိသောရေစကြိုမြို့ နယ် ရှစ်အိမ်တန်းကျေးရွာနှင့်ဂုဏ် ပြုဆုရရှိသော မကွေးမြို့နယ်ယင်း ဆိပ်ကျေးရွာ၊ ဆောမြို့နယ်တောင် ဘို့ကြီး+ခင်ပြင်ကျေးရွာ ကော်မတီ ဝင်များအား မကွေးတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဦးဝင်းမော်ဌေးနှင့် တိုင်း ဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးမျိုးအောင်တို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆု တံဆိပ်များပေးအပ်ခဲ့သည်။

ဆက်လက်၍ တက်ရောက် လာကြသူများကစီမံကိန်းနှင့် သက် ဆိုင်သည့်အဓိကအချက်ရှစ်ချက် ကို ဦးတည်ဆွေးနွေးသုံးသပ်ကြ ပြီး သုံးသပ်ချက်ရလဒ်များကို ပြည် ထောင်စုအဆင့်သို့ တင်ပြသွားမည် ဖြစ်ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးအ တွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း ကို စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် သူ ၄၄ဝ၁၃ ဦး၊ မွေးမြူရေးလုပ် ငန်းလုပ်ကိုင်သူ ၃၄ဝ၅၃ဦး၊ ရေ ပေးရေးလုပ်ငန်း လုပ်ငန်းလုပ်ကိုင် သူ ၄၄၉ဦး၊ မီးလင်းရေးလုပ်ငန်း လုပ်ကိုင်သူ ၇၂၁ဦး၊ ကုန်ထုတ် လုပ်ငန်းလုပ်ကိုင်သူနှစ်ဦး၊ အရောင်း အဝယ်လုပ်ငန်း လုပ်ကိုင်သူ ၄၇ ၄၃ ဦးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူ ၁၈၆၃ ဦးဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

ZZ

Rate this item
(0 votes)
YMG

back to top