HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ဖွင့်ပွဲကျင်းပ ၊ သီတဂူဆရာတော်ဘဒ္ဒန္တÓဏိဿရ ဘုရားပွဲမုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်

မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ဖွင့်ပွဲကျင်းပ ၊ သီတဂူဆရာတော်ဘဒ္ဒန္တÓဏိဿရ ဘုရားပွဲမုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်

မင်းဘူး၊ ဖေဖော်ဝါရီ ၉- မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော် ဖွင့် ပွဲကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၇ နာရီခွဲက မန်းရွှေစက်တော်ဘုရား ပွဲတော်ကွင်း မုခ်ဦး၌ ဖွင့်ပွဲကျင်းပရာ တွဲဖက်ရွှေကျင်သာသနာပိုင် သီတဂူ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တအရှင်Óဏိဿရမှ ဘုရားပွဲမုခ်ဦးအား စက်ခလုတ်နှိပ်ဖွင့် လှစ်ပေးကြောင်း သိရသည်။

မန်းရွှေစက်တော်ရာဘုရားပွဲတော် ဖွင့်ပွဲကျင်းပရာ မုခ်ဦးအထိ ရွှေစင် ရွှေသားစက် လက္ခဏာတော်အား ထီးဖြူမိုး၍ အခမ်းအနားဖြင့်ပင့်ဆောင် ပြီး အလင်္ကာဝတ်ရည်မြန်မာမှုတေးဂီတ အဖွဲ့နှင့် သဘင်အနုပညာရှင် မန္တလေး သိန်းဇော်၊ အကယ်ဒမီချိုပြုံး၊ ပိုးအိစံ စသည့်တေးသံရှင်များက ဓမ္မပူဇာတေး များဖြင့် သီကျူးပူဇော်ခဲ့သည်။

ဆက်လက်၍ မန်းရွှေစက်တော် ရာဘုရားပွဲတော် မုခ်ဦးရှေ့တွင် မကွေး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တပဏ္ဍိစ္စသာရ(အဂ္ဂမဟာ ပဏ္ဍိတ)၊ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး တွဲဖက်ရွှေကျင်သာသနာ ပိုင် သီတဂူဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တအရှင်Óဏိ ဿရမှ မန်းရွှေစက်တော်ရာဘုရားပွဲ မုခ်ဦးအား စက်ခလုတ်နှိပ်ဖွင့်လှစ် ခဲ့သည်။

ထို့နောက် ဆရာတော်သံဃာတော် များနှင့် သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ မကွေးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့ သည် အောက်စက်တော်ရာ အလင်းပေါက် ဖန်အုပ်ဆောင်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဆက်လက်၍ အထက်စက်တော်ရာဖွင့်ပွဲ ကို အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး မန်းရွှေစက်တော်ရာဘုရားနှင့် နှစ်မိုင် ခန့်ဝေးသည့် ဆင်စခန်းဖွင့်ပွဲကို သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးအုန်းဝင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် တာဝန်ရှိသူများ သွား ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

''မန်းရွှေစက်တော်ဘုရားပွဲ ဖွင့် ပွဲက ယခင်နှစ်တွေကထက် ပိုထူးခြား လာတာတွေရှိပါတယ်။ ဒီနှစ်မှာ တွဲ ဖက်ရွှေ ကျင်သာသနာပိုင် ဘဒ္ဒန္တဉာဏိ ဿရ တရားပွဲ ကျင်းပခဲ့တယ်။ ဖွင့်ပွဲကို ဆရာတော်ကြီးကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ တယ်။ နိုင်ငံကျော်တေးသံရှင် အဆို တော် အနုပညာရှင်တွေနဲ့လည်း ဓမ္မ တေးသီချင်းတွေ သီဆိုဖွင့်လှစ်ခဲ့တယ်။ ပြီးတော့ ဒီနှစ် မန်းရွှေစက်တော် ဘုရား ကြီးနဲ့ နှစ်မိုင်ကျော်ခန့်ဝေးတဲ့ နေရာမှာ ဆင်စခန်းဖွင့်လှစ်ထားတဲ့ အတွက် ဆင်စခန်းဖွင့်ပွဲပါ တစ်ခါ တည်း ကျင်းပခဲ့ပါတယ်''ဟု မန်းရွှေ စက်တော်ဘုရားပွဲ တော်လုပ်ငန်းကော် မတီအဖွဲ့ဥက္ကဋ္ဌ မင်းဘူးခရိုင်အုပ် ချုပ်ရေးမှူး ဦးစန်းဌေးက ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကြီး သည် နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပသည့် ပွဲတော်ကြီးဖြစ်ပြီး မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ဖွင့်ပွဲတွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ဇဇယ ႔ႊၽၿ

Rate this item
(0 votes)
YMG

back to top