HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

'တို့ပတ်ဝန်းကျင်အမှိုက်ကင်းစင်' စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုပြုလုပ်

'တို့ပတ်ဝန်းကျင်အမှိုက်ကင်းစင်' စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ဝ- ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်ရှမ်းကုန်းလမ်း တနင်္ဂနွေသန့်ရှင်းရေးအဖွဲ့၊ The Pizza ကုမ္ပဏီတို့ ပူးပေါင်းကူညီမှုဖြင့် 'တို့ ပတ်ဝန်းကျင် အမှိုက်ကင်းစင်' စု ပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုကို စမ်း ချောင်းမြို့နယ်အတွင်း လူအင် အား ၁၅ဝ ကျော်ဖြင့် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

စုပေါင်းသန့်ရှင်းရေးလှုပ် ရှားမှုနှင့်ပတ်သက်၍ ရှမ်းကုန်း လမ်းတနင်္ဂနွေသန့်ရှင်းရေးအဖွဲ့ ခေါင်းဆောင် ဦးဇော်ဝင်းခိုင်က ''ရှမ်းကုန်းလမ်း တနင်္ဂနွေသန့်ရှင်း ရေး အသင်းရယ်၊ ဓမ္မရောင်ခြည် ပရဟိတအသင်းရယ်၊ မြတ်နိဗ္ဗာန် သစ်ပင်စိုက်ပျိုးလှူဒါန်းရေး အ သင်းရယ်၊ The Pizza ကုမ္ပဏီက ဝန်ထမ်းတွေရယ်၊ စမ်းချောင်းမြို့နယ်စည်ပင်သာယာရေး ကော်မတီပေါင်းပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ အမှိုက်ကောက် လှုပ်ရှားမှုလုပ်တယ်။ ဒီနေ့လာတာ လူအင်အားက ၂ဝဝ လောက်ရှိတယ်။ ဧရိယာငါးခုခွဲလုပ်တယ်။ စမ်းချောင်းမြို့နယ် အဓိက နေရာ လေးခု၊ ခုံးကျော်တံတားအောက် မှာလုပ်မယ်။ ပြီးရင် Pizza ကုမ္ပဏီ က ပီဇာကျွေးမယ်''ဟု ပြောသည်။

The Pizza ကုမ္ပဏီ၏ သံ တမန်တစ်ဦးဖြစ်သော အဆိုတော်၊ သရုပ်ဆောင်ချစ်သုဝေကိုယ်တိုင်လည်း သန့်ရှင်းရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး အမှိုက်များ မချကြရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော်သာယာ လှပရေးအတွက် စည်ပင်သာယာ ရေးကော်မတီမှ စနစ်တကျဆောင် ရွက်မှုများရှိရန်သာမက လူတစ် ဦးချင်းစီကလည်း မိမိကိုယ်ကို စည်းကမ်းရှိအောင် စောင့်ထိန်း ရန်လိုအပ်ကြောင်း သိရသည်။

''စည်ပင်သာယာကလည်း အမှိုက်သိမ်းတဲ့စနစ်ကို အကောင်းမွန်ဆုံးလုပ်ရမှာဖြစ်ပါတယ်။လူ တစ်ဦးချင်းစီကလည်း စည်းကမ်းတကျနဲ့ကို နေထိုင်ဖို့လိုအပ်ပါတယ်။ အခုဖြစ်တဲ့ကိစ္စမှာ ဥပမာ နောက်ဖေးလမ်းကြားအမှိုက်ဆို ပါတော့ စည်ပင်သာယာအမှိုက် သိမ်းတာနဲ့ မဆိုင်တော့ဘူးနော်။အဲဒီနားမှာရှိတဲ့ အိမ်တွေရဲ့နောက် ဖေးကို ဥပဒေမဲ့ပစ်တာဗျ။ စည်းကမ်းမရှိပစ်တာဗျ။ ဒါလူနဲ့ဆိုင်သွားပြီ။ မြို့တော်စည်ပင်သာယာ ရေးအတွက် စည်ပင်သာယာကို အလုပ်လုပ်ဖို့အတွက် စည်ပင်သာယာကို စီမံခန့်ခွဲတဲ့ပုဂ္ဂိုလ်တွေအ နေနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုအ ပြည့်နဲ့လုပ်စေချင်ပါတယ်။တစ်ချိန်တည်းမှာပဲ မြို့မှာနေတဲ့သူတစ် ဦးချင်းစီက စောင့်ထိန်းဖို့လိုအပ် ပါတယ်''ဟု စုပေါင်း သန့်ရှင်းရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက် နေသည့် စမ်းချောင်းမြို့နယ်လွှတ် တော် ကိုယ်စားလှယ်ဦးဘိုဘိုဦးက ဒီမိုကရေစီတူဒေး သို့ပြောသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုကို ဧရိယာငါးနေရာ၊ အဖွဲ့ငါးဖွဲ့ဖွဲ့ပြီးဆောင်ရွက်ပြီး စမ်းချောင်းမြို့နယ် တစ်ခွင်အမှိုက် ကောက်ခြင်း၊ သန့်ရှင်းရေးလုပ် ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

TTHL/DemocracyToday

Rate this item
(0 votes)
YMG

back to top