HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

တောင်နဝင်းဆည်တမံကို အချိန်ပြည့် ကြည့်ရှုနိုင်ရန် CCTV များတပ်ဆင်မှုပြီးစီး

တောင်နဝင်းဆည်တမံကို အချိန်ပြည့် ကြည့်ရှုနိုင်ရန် CCTV များတပ်ဆင်မှုပြီးစီး

ပေါက်ခေါင်း၊ ဖေဖော်ဝါရီ ၁ဝ- ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း မြို့နယ်အတွင်းရှိ ဆည်ကျိုးသည်ဟု ကောလာဟလသတင်းများ ယခုရက်ပိုင်းအတွင်းထွက်ပေါ်ခဲ့သော တောင်နဝင်းဆည်ကြီးတွင် CCTV ကင်မရာများတပ်ဆင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

တောင်နဝင်းဆည်တမံအား အချိန်ပြည့်ကြည့်ရှုနိုင်ရန် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းမှစတင်၍ ဃဃွှဠ ရှစ်လုံး တပ်ဆင်လျက်ရှိရာ ညနေပိုင်းတွင်တပ်ဆင်ခြင်း၊ စမ်းသပ်ကြည့်ရှု ခြင်းများဆောင်ရွက် ပြီးစီးခဲ့ပြီဖြစ်သည်။

အဆိုပါ CCTV တပ်ဆင်ခြင်းကို ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး CCTV မှရရှိသည့်အချက်အလက်များကို ပြည်သူများထံသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ Website(www.bagoregin.gov.mm )နှင့် Facebook Page(Bago Region Government Office) တို့မှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် တောင် နဝင်းဆည်တမံနှင့်ပတ်သက်၍ ကောလာဟလသတင်းများကို မယုံကြည်ကြရန်နှင့် ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ဝန်ကြီးများ၊ ဌာန ဆိုင်ရာများ စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

MMM

Rate this item
(0 votes)
YMG

back to top