HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဖားကန့်တွင် သက်တမ်းကုန်လုပ်ကွက်ကမ်းပါးယံပြိုကျမှုကြောင့် ခြောက်ဦးသေဆုံးခဲ့

ဖားကန့်တွင် သက်တမ်းကုန်လုပ်ကွက်ကမ်းပါးယံပြိုကျမှုကြောင့် ခြောက်ဦးသေဆုံးခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ဝ- ဖားကန့် မြို့နယ် ဆိပ်မှုအုပ်စုတွင် သက်တမ်းကုန် လုပ်ကွက် ကမ်းပါးယံပြိုကျမှုကြောင့် လူ ခြောက်ဦးသေဆုံးခဲ့ကြောင်း ဖားကန့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာ အောင်က ဒီမိုကရေစီတူဒေးသို့ ဖေဖော် ဝါရီ ၁ဝ ရက်က ပြောသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁ဝ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် သက်တမ်း ကုန်လုပ်ကွက်နှစ်ခုကြားရှိ ကမ်းပါးယံ ပြိုကျမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးကျော်စွာအောင်က ''ကုမ္ပဏီ နှစ်ခုကြားမှာရှိတဲ့ ကမ်းပါးယံကြီးမှာ တရားမဝင်ဝင်တူးနေတာတွေ ရှိပါတယ်။ အပေါ်မှာ သူတို့ကကြိုးလှေကားတွေနဲ့ တက်ပြီး ကမ်းပါးယံမှာတူးတာဖြစ်ပါ တယ်။ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်လောက် မှာ ကမ်းပါးယံကြီးက နံရံကြီးလိုဖြစ်နေ တာကို အဲဒီမှာကပ်ပြီးတူးနေတဲ့အဖွဲ့တွေ က အဲဒီမှာပြိုကျလာတဲ့အတုံးကြီးနဲ့အတူ ပါလာပြီးတော့ ပိသွားကြတာဖြစ်ပါတယ်။ လောလောဆယ်တော့ ခြောက်ယောက် သေဆုံးတယ်လို့ နာမည်စာရင်းအတည် ပြုထားပါတယ်''ဟု ပြောသည်။

အဆိုပါနေရာသည် ကုမ္ပဏီနှစ်ခု ၏ သတ်တမ်းလုပ်ကွက်အကြား ကျန်ရှိ နေသည့် ကမ်းပါးယံဖြစ်ကြောင်း သိရသည်။

ဦးကျော်စွာအောင်က ''ပြောရမယ် ဆိုရင်တော့ သူက ဟိုဘက်ကုမ္ပဏီကလည်း တူးလိုက်တယ်၊ မြေသားမရှိတော့ဘူး။ ဒီဘက်ကုမ္ပဏီကလည်း တူးလိုက်ပြီ၊ မြေ သားမရှိတော့ဘူး။ အလယ်မှာကျန်နေ တဲ့ ကျောက်မြေသားအမှန်ကြီးကအတောင့် လိုက်ကြီးကျန်နေတာ ဖြစ်ပါတယ်။ အဲဒါ ကြီးကို ကြိုးတွေနဲ့တက်ပြီး ကျင်းတွေကိုြ<ွကက်တွင်းတွေလို တူးကြတာဖြစ်ပါတယ်။ အဲဒီလိုတူးရင်းနဲ့ ပဲ့ကျတာဖြစ်ပါတယ်''ဟု ဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် ရှာဖွေကယ်ဆယ် မှုများ လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး သင်္ခါလူမှု ကူညီရေးအသင်းမှဥက္ကဋ္ဌ ဦးခင်မောင်က ''ရှာဖွေမူတွေတော့ လုပ်နေတယ်။ ခြောက် ယောက်ပါသွားတယ်လို့တော့ သိရတယ်။ အလောင်း ၂ လောင်းတော့ ညနေ ၅ နာရီ ၃၈ မိနစ်မှာ တွေ့ပါတယ်။ ကမ်းပါးယံပြို ကျတာဖြစ်ပါတယ်''ဟု ပြောသည်။

ဖေဖော်ဝါရီ ၄ ရက်က ဖားကန့်မြို့ နယ် လုံးခင်းအုပ်စု မှော်စာစီကျေးရွာအနီး ရှိ မှော်စီစာကျေးရွာ အနီးရေကန်ထဲသို့ မြေစာသွန်သည့်နေရာက မြေစာလျှောကျ မှုဖြစ်စဉ်မှာတွင် ပျောက်ဆုံးနေသည့် လူနှစ်ဦးအနက် လူတစ်ဦးကို ဖေဖော်ဝါ ရီ ၁ဝ ရက် နံနက် ၈ နာရီမှာ နစ်မြုပ်ပြီး တစ်ပတ်အကြာ လုပ်ကွက်အဟောင်း ရေ ပြင်ပေါ်ပြန်လည်ပေါ်လာပြီး အလောင်းကို ဆယ်ယူကာ လုံးခင်းသုသာန်ကိုပို့ဆောင် ခဲ့ကြောင်းသိရသည်။


Rate this item
(0 votes)
YMG

back to top