HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အင်ဂျင်နီယာ အယောင်ဆောင်ပြီး အခကြေးငွေယူကာ ယာဉ်မှန်၊ မမှန် စစ်ဆေးပေးနေသူနှစ်ဦးကို ကညန ရုံးဝင်းအတွင်း ဖမ်းမိ  

အင်ဂျင်နီယာ အယောင်ဆောင်ပြီး အခကြေးငွေယူကာ ယာဉ်မှန်၊ မမှန်  စစ်ဆေးပေးနေသူနှစ်ဦးကို ကညန ရုံးဝင်းအတွင်း ဖမ်းမိ   

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

အင်ဂျင်နီယာအယောင်ဆောင်၍ ကျပ်တစ်သိန်းသုံးသောင်းယူကာ ယာဉ်မှန်မမှန် စစ်ဆေးပေးနေသူနှစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)တွင် ဖမ်းမိထားကြောင်း သိရသည်။ အင်ဂျင်နီယာအယောင်ဆောင်ကာ ကညနရုံးတွင်မော်တော်ယာဉ် မှန် မမှန်လာစစ်သူများထံမှ ယာဉ် စစ်ဆေးခ တောင်းယူသူများရှိနေ သည်ကိုသိရှိရသဖြင့် ကညနမှတာ ဝန်ရှိသူများက အသွင်ယူစစ်ဆေးခဲ့ ရာမှ ဖေဖော်ဝါရီ၁၁ရက်တွင် ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုကျူးလွန်သူနှစ်ဦးအား သင်္ဃန်းကျွန်း မြို့မရဲစခန်းသို့အပ်နှံထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးလျံကျင့်မန်က ဒီမိုကရေစီတူဒေးသို့ ဖေဖော် ဝါရီ၁၁ရက်တွင် ပြောသည်။ ''လောလောဆယ်မှာ ရဲစခန်း အပ်ပြီးသားနှစ်ဦးရှိပါတယ်။ သူတို့ကိုလိမ်လည်မှုနဲ့အမှုဖွင့်မယ်။ ဒီထက်ပိုမြင့်တဲ့ပြစ်ဒဏ်ချမှတ်လို့ ရနိုင်မယ့်အမှုနဲ့ဖွင့်မယ်။ ဒီမှာလာသမျှလူတွေကို သူတို့ကစည်းရုံးနေကြတာလေ။ ကျွန်တော်ဌာနက ရောင်းစားခံနေရတာလေ။ ထပ်ဖမ်းမယ်။ လုပ်ရဲရင်လုပ်ကြပေါ့လေ။ အင်ဂျင်နီယာဆို ပြီး ယာဉ်စစ်တာလေ။ အပြင်လူတွေ ကလည်းယုံတယ်။ အင်ဂျင်နီယာ ရုပ်လည်း မရှိသူတွေကို ယုံတဲ့သူက လည်းယုံတယ်။ ပိုက်ဆံပေးတဲ့သူတွေကလည်း ယုံပြီးပေးတာပဲ''ဟု ၎င်းက ပြောသည်။


ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနရုံးဝင်းအတွင်းရှိ လူလိမ်ပွဲစားများရှိနေသည့်အတွက် ထိုသူများကို အသွင်ယူစစ်ဆေးကာ ဖော်ထုတ် ဖမ်းဆီးအရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ အင်ဂျင်နီယာအယောင်ဆောင်ကာ ယာဉ်မှန် မမှန်စစ်ဆေး၍ ငွေ တောင်းခံသူများမှာ သင်္ဃန်းကျွန်း မြို့နယ် စီမံကိန်း(၂)ရပ်ကွက်တွင် နေထိုင်သူ ပြည့်ဖြိုးအောင် အသက် (၂၃)နှစ်ဖြစ်ပြီး ကျန်တစ်ဦးမှာ တောင် ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက်တွင် နေထိုင်သည့် အသက်(၅၃)နှစ်အရွယ် ဦးအောင်ကျော်ဦးတို့ ဖြစ် ကြောင်း သိရသည်။ 

TTMT

#democracytoday

Rate this item
(0 votes)
back to top