HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

လူကုန်ကူးမှု ၇၄ ရာခိုင်နှုန်းမှာ တရုတ်မယားအဖြစ် ရောင်းစားခံရဟုဆို

လူကုန်ကူးမှု ၇၄ ရာခိုင်နှုန်းမှာ  တရုတ်မယားအဖြစ် ရောင်းစားခံရဟုဆို

ရွှေပြည်သာ၊ ဖေဖော်ဝါရီ ၁၁

လူကုန်ကူးမှုများ၏ ၇၄ ရာခိုင်နှုန်းမှာ တရုတ်မယားအဖြစ်ရောင်းစားခြင်းကိုခံနေရကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ (ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးကပြောကြားလိုက်သည်။ ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေ ပြည်သာမြို့နယ် ဒ/၁၇ရပ်ကွက် ဇေယျာသီရိပန်းခြံ ဘုန်းတော်ကြီး ကျောင်းတွင် ဖေဖော်ဝါရီ ၁ဝ ရက်မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည့်မှုခင်းကျဆင်းရေး အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပခဲ့ရာတွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်း ရေးရဲတပ်ဖွဲ့ (ရန်ကုန်) ရဲအုပ်မြတ် နောင်စိုးက လူကုန်ကူးမှုများအ ကြောင်း မူခင်းကျဆင်းရေး ဟော ပြောရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

'လူမှောင်ခိုတာရယ်၊ လူကုန်ကူးတာရယ် နှစ်မျိုးရှိပါတယ်။ ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ်၊ အလုပ်သမားပဲ ဖြစ်ဖြစ် တရုတ်ကို တရားဝင်ပို့ခွင့် ပြုထားတာမရှိပါဘူး။ အမှုတွေရဲ့ ၇၄ ရာခိုင်နှုန်းဟာ တရုတ်မယား ဖြစ် ရောင်းစားခံနေရတာ တွေ့ရတယ်။ ဒါအများဆုံးပဲ။ ဒုတိယအများဆုံးကတော့ကပြည့်တန်ဆာ။တတိယက ငါးဖမ်းစက်လှေလိုက် တာ စတုတ္ထကတော့ အိမ်ဖော်အ လုပ်တွေဖြစ်တယ်။ တရားဝင်လိုင် စင်ထုတ်ပေးမထားတဲ့ ဘယ်အဖွဲ့ မဆို မယုံပါနဲ့။ အယုံမလွယ်ဖို့ အရေးကြီး တယ်။ အယုံလွယ်လို့ ဖြစ်ကြတာ။အရင်ကအလုပ်ရမယ်ပြောပြီး စည်း ရုံးတာ။ တချို့ကပြောင်ပြောပြီးစည်း ရုံးတဲ့အဆင့်ရောက်နေပြီ။ ဒီမှာ တင်ဖြစ်နေတာ'' ဟု ရဲအုပ်မြတ် နောင်စိုးက ပြောသည်။ တရုတ်အမျိုးသားများသည်မြန်မာအမျိုးသမီးများအား လာ ရောက်ရှာဖွေခြင်းမှာ တရုတ်တွင် မင်္ဂလာခမ်းဝင်စရိတ်ကြီးမြင့်ခြင်းတရုတ်မိန်းကလေးရှားပါးလာခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။


''သူတို့ဆီမှာ မင်္ဂလာခန်းခမ်း ဝင်စရိတ်ကြီးမြင့်တယ်။ သူတို့ယဉ် ကျေးမှုအရ သားယောက်ျားလေးကပဲ အမွေဆက်ခံပိုင်ခွင့်ရှိတယ်။အဲဒီအတွက် မိန်းကလေးမွေးရင်မယူဘူး။ ယောင်္ကျားလေးရမှယူတယ်။ အဲဒီကနေ မိန်းကလေးရှား ပါးလာတယ်။ ဆိုပါတော့ တရုတ်အမျိုးသမီးတစ်ယောက်ကို လက်ထပ်ထိမ်းမြားယူမယ်ဆိုရင် သိန်းတစ်ရာဆိုရင် မြန်မာအမျိုးသမီး တစ်ယောက်ကို ငါးသိန်းဆယ်သိန်း လောက်နဲ့ရတဲ့ အနေအထားဖြစ် နေတယ်။ အရွယ်ကောင်းတယ်။ရုပ်ရည်ရှိတယ်ဆိုရင် ယွမ်တစ်သိန်းကနေ တစ်သိန်းခွဲထိ သူတို့ကုန်ကျခံတယ်။ ပွဲစားခတွေလည်း သူတို့ ပေးတယ်။ စဉ်းစားကြည့် သိန်းငါးရာ ကျော်နေပြီ။ ရပ်တည်ဖို့ ခက်ခဲတဲ့သူ၊ ဆင်းရဲနွမ်းပါးတဲ့သူ ငြင်းဖို့ ခက်တဲ့အနေအထား ဖြစ် နေတယ်။ အယုံမလွယ်ဖို့လိုပါတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။

SMO

#democracytoday

Rate this item
(0 votes)
back to top