တရားမဝင် ဝင်ရောက်လာသူ ဘင်္ဂါလီလူမျိုး ၁၂ ဦးကို မင်းလှမြို့နယ် ပရဆိုင်ကျေးရွာအနီးရှိ ဝါးတောအတွင်း ဖမ်းမိ

မင်းလှ၊ ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ပရဆိုင်ကျေးရွာအနီး ဝါးတောထဲမှ အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာသူ ဘင်္ဂါလီလူမျိုး အမျိုးသား ၁၂ ဦးအား ဖမ်းဆီးမိခဲ့ကြောင်း မင်းလှမြို့နယ် ရဲတပ် ဖွဲ့စခန်းမှ သိရသည်။
မင်းလှမြို့နယ် ရေနံမနယ် မြေအတွင်းသို့ တရားမဝင်ဘင်္ဂါလီ လူမျိုးများ ဝင်ရောက်လာကြောင်း သတင်းရရှိသဖြင့် ရေနံမနယ်မြေ စခန်းမှူး ရဲအုပ်မျိုးထွန်း၊ ဒုရဲအုပ် နေအောင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်ခုနစ်ဦး၊ သရက်ခရိုင်မှုခင်းနှိမ်နင်း ရေးတပ်ဖွဲ့မှ ဒုရဲအုပ်သိန်းမင်းတို့ ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ဝဝ နာရီ ၃ဝ မိနစ်က ပုသိမ်-မုံရွာကားလမ်းရှိ ကန်တုတ်ကျေးရွာလမ်းဆုံ၌လည်း ကောင်း၊ ရွှေချောင်းရဲကင်းမှူး ဒုရဲအုပ်တင်အောင်စန်းနှင့်ရဲတပ်ဖွဲ့ ဝင်ငါးဦးအဖွဲ့သည် ရှမ်းတပ်ကျေးရွာရှိ ပုသိမ်-မုံရွာလမ်းပေါ်၌လည်း ကောင်း ယာဉ်များပိတ်ဆို့စစ်ဆေး ခြင်း၊ ရှမ်းတက်ရဲကင်းစခန်းမှ ဒု ရဲအုပ်မိုးလွင်ဦးစီး၍ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးအဖွဲ့သည် မီးလောင်ကုန်းကျေးရွာအုပ်စုရှိ ကျေးရွာများသို့ လှည့်ကင်းဆောင်ရွက်ခြင်း၊ ခေတ္တရဲကင်းစခန်းမှူး(လက်ပံတံခါး) ဒုရဲအုပ် သက်နိုင်ဦးနှင့်ရဲတပ်ဖွဲ့ဝင်ခြောက်ဦးသည် လက်ပံတံခါး ကျေးရွာအဝင်လမ်းအတွင်း၌ ကင်းပုန်းဝပ်ခြင်းများဆောင်ရွက်ခဲ့ကြ သည်။
ရဲတပ်ဖွဲ့ဝင်များလုံခြုံရေး ဆောင်ရွက်နေစဉ် ဖေဖော်ဝါရီ ၁ဝ ရက် ည ၉ နာရီခွဲတွင် ပရဆိုင်ကျေးရွာအနီး၌ မသင်္ကာဖွယ်ရာလူစိမ်းများတွေ့ရှိကြောင်း သတင်းအရ ဒုရဲအုပ်သက်နိုင်ဦး ဦးစီးအဖွဲ့မှ သွားရောက်စိစစ်ရာ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ဝဝ နာရီ ၃ဝ မိနစ်တွင် ပရဆိုင်ကျေး ရွာ၏ အနောက်မြောက်ဘက်ငါး မိုင်ခန့်အကွာ ဝါးတောထဲ၌ နိုင်ဘီဟူဆွန်း(၃၅)နှစ် ဘင်္ဂါလီကျောက် တော်မြို့နယ် ဝါလကံကျေးရွာအုပ်စု တောင်ထောင်ဟာယာကျေး ရွာနေသူအပါအဝင် ဘင်္ဂါလီလူမျိုး အမျိုးသား ၁၂ ဦးတို့အား အ ထောက်အထားမဲ့ဝင်ရောက်လာ သူများဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ZZ
#democracytoday