HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မကွေးမြို့မဈေးတွင် အလှကုန်နှင့်လူသုံးကုန်ပစ္စည်းအရောင်းဆိုင် မီးလောင်

မကွေးမြို့မဈေးတွင် အလှကုန်နှင့်လူသုံးကုန်ပစ္စည်းအရောင်းဆိုင် မီးလောင်

မကွေး၊ ဖေဖော်ဝါရီ ၁၄- မကွေး တိုင်းဒေသကြီး မကွေးမြို့ မြို့မ ဈေးတွင် အလှကုန်နှင့်လူသုံးကုန် ပစ္စည်းအရောင်းဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မကွေးတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ မကွေးမြို့ မြို့မ ဈေးအနောက်ဘက် အပြင်ဘက် တန်းရှိ ပိုင်ရှင် ဒေါ်---အသက် (၅ဝ) ၏ ဆိုင်ခန်းအမှတ် (--)၊ (၈ x ၄)ပေ၊ သွပ်မိုး၊ အုပ်ကာ၊ ကွန်ကရစ်ခင်း အလှကုန်နှင့်လူ သုံးကုန်ပစ္စည်း အရောင်းဆိုင်တွင် ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၆ နာရီ မိနစ် ၅ဝ ခန့်က မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု အား မကွေးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြား ရေးမှူး ဦးအောင်ဝင်းစိန် ဦးစီးကာ သန္ဓေမီးသတ် ၅၁ ဦး၊ အရန်မီးသတ် ၁၅ ဦး၊ မီးငြှိမ်းသတ်ယာဉ် လေးစီး၊ မီးသတ်ရေသယ်ယာဉ် သုံးစီး၊ အထောက်အကူပြုယာဉ် လေးစီး၊ မီးသတ်စက်ယာဉ် တစ်စီး၊ ကရု ဏာရှင်နာရေးကူညီမှုအသင်းမှ ရေ သယ်ယာဉ် တစ်စီး၊ စည်ပင်ရေသယ် ယာဉ် တစ်စီး၊ စုစုပေါင်း ၁၄ စီး ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီတွင် မီးထိန်းနိုင်ပြီး ည ၇ နာရီခွဲ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကာ လူများ ထိခိုက်မှုနှင့် အခြားဆိုင်ခန်း များသို့ မီးကူးစက်လောင်ကျွမ်းမှု မရှိဘဲ မီးလောင်မှုကြောင့် ခန့်မှန်း ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁ဝဝဝဝဝဝ ခန့် ဆုံးရှုံးခဲ့သည်။

''မီးလောင်တယ်ဆိုတာ ကြား ကြားချင်း မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မီးသက်ကားတွေ ချက်ချင်းသွား ရောက်ငြှိမ်းသတ်ခဲ့တဲ့အတွက် ၁ဝ မိနစ်ခန့်အချိန်မှာပဲ မီးငြှိမ်းနိုင်ခဲ့ ပါတယ်။ တခြားဆိုင်ခန်းတွေကို လည်း ကူးစက်ပြီး မီးလောင်တာ မရှိခဲ့ပါဘူး။ မီးလောင်တဲ့အကြောင်း အရင်းကိုတော့ စုံစမ်းဆဲဖြစ်ပါတယ်'' ဟု မကွေးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူက ပြော သည်။

မီးလောင်မှုနှင့်ပတ်သက်၍ ဒေါ်---အား မကွေးမြို့ မြို့မရဲစခန်း မှ (ပ)၃၆၉/၂ဝ၁၉၊ ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Rate this item
(0 votes)
YMG

back to top