HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မင်းလှမြို့တွင် အထောက်အထားမဲ့ ဝင်ရောက်လာသူ ဘင်္ဂါလီ ၄၃ ဦး ဖမ်းမိ

မင်းလှမြို့တွင် အထောက်အထားမဲ့ ဝင်ရောက်လာသူ ဘင်္ဂါလီ ၄၃ ဦး ဖမ်းမိ

မင်းလှ၊ ဖေဖော်ဝါရီ ၁၄ - မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် မီးလောင်ကုန်ကျေးရွာအုပ်စု ဝက်သွယ်ကျေးရွာ၏ မြောက်ဘက် လေးမိုင်ခန့်အကွာရှိ ရေကြည်စမ်းတွင် ဖေဖော်ဝါရီ ၁၃ ရက် ည ၉ နာရီက အထောက်အထားမဲ့ဝင်ရောက်လာသူ ဘင်္ဂါလီ ၄၃ ဦး ဖမ်းမိကြောင်း ရေနံမနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖမ်းဆီးရမိသည့် အထောက် အထားမဲ့ဝင်ရောက်လာသူ ဘင်္ဂါလီ ၁၆ ဦးတို့၏ စစ်ဆေးထွက်ဆို ချက်အရ ဘင်္ဂါလီ ၄၃ ဦးကျန်ရှိနေသေးကြောင်း သတင်းအရ အထောက်အထားမဲ့ဝင်ရောက်လာသည့် ဘင်္ဂါလီများအား ဆက် လက်ဖမ်းဆီးနိုင်ရေးအတွက် ရခိုင်ရိုးမနှင့်ဆက်စပ်နေသည့် ကျေး ရွာများ ပုသိမ်-ပုရွာကားလမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် တော နင်းရှာဖွေခြင်း၊ ကင်းပုန်းဝပ်စောင့်ဆိုင်းရှာဖွေခြင်းလုပ်ငန်းများကို ရဲစခန်းနှင့် ရဲကင်းအလိုက် ရှာဖွေဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၁၃ ရက် ည ၉ နာရီက မင်းလှမြို့နယ် မီးလောင်ကုန်ကျေးရွာအုပ်စု ဝက် သွယ်ကျေးရွာ၏ မြောက်ဘက်လေးမိုင်ခန့်အကွာရှိ ရေကြည် စမ်းတွင် အထောက်အထားမဲ့ ဝင်ရောက်လာသူ အဒူမာဂျယ်လ်(ခ)လှမောင် (၂၅)နှစ် ကျောက်တော်မြို့နယ် ဂါဘုကျေးရွာအုပ်စု တောင်ထောင်ကဲ ကျေးရွာနေသူပါ အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ငါးဦးပါ စုစုပေါင်း ၃၄ ဦးတို့ကို တွေ့ရှိဖမ်းဆီးခဲ့သည်။

ထို့ပြင် မင်းလှမြို့နယ် ဝက်သွယ်ကျေးရွာအနီး မသင်္ကာသူ လူစိမ်းထပ်မံတွေ့ရှိသဖြင့် ခေတ္တရဲစခန်းမှူး လက်ပံတံခါးစခန်းမှ ဒုရဲအုပ်သက်နိုင်ဦးစီး၍ ရှာဖွေစဉ် ဖေဖော်ဝါရီ ၁၃ ရက် ည ၁ဝ နာရီ ခန့်တွင် အီစ္စမိုင် အသက်(၂ဝ)နှစ် ကျောက်တော်မြို့နယ် ခေါင်တုတ် ကျေးရွာအုပ်စု အလယ်ကျွန်းကျေးရွာနေသူပါ အမျိုးသားကိုးဦးကို ထပ်မံတွေ့ရှိခဲ့၍ ပထမတွေ့ရှိသည့် ၃၄ ဦးအပါအဝင် စုစုပေါင်း ၄၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Rate this item
(0 votes)
YMG

back to top