HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

လိုင်စင်စစ်သော ယာဉ်ထိန်းကို တပ်မတော်သား အယောင်ဆောင် ခြိမ်းခြောက်သူအား ပဲခူးတွင် ဖမ်းမိ

လိုင်စင်စစ်သော ယာဉ်ထိန်းကို တပ်မတော်သား အယောင်ဆောင် ခြိမ်းခြောက်သူအား ပဲခူးတွင် ဖမ်းမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ဝှီးတက်နှင့် လိုင်စင်စစ်သည့် ယာဉ်ထိန်းရဲကို တပ်ထဲလိုက်ခဲ့ရန် ခြိမ်း ခြောက် ပြောဆိုသူအား ပဲခူးမြို့တွင် ဖမ်းမိခဲ့သည်။  Zarni Tike Account မှ လူမှုကွန်ရက်ပေါ်၌ ဖေဖော်ဝါရီ ၁၇ ရက်က '' ဝှီးတက်နှင့် လိုင်စင် စစ်ရန် တောင်းခံသည့် ယာဉ်ထိန်း ရဲအား ခြိမ်းခြောက်၍ တပ်ထဲသို့ လိုက်ခဲ့ရန် ခေါ်ဆောင်သွားသော ကားပိုင်ရှင်၏ ဗီဒီယိုဖိုင်သည် Facebook  သုံးစွဲသူများအကြား ပျံ့နှံ့ နေကြောင်း၊ အဆိုပါဖြစ်ရပ်သည် ရန်ကုန်မြို့၊ (၈)မိုင်မီးပွိုင့်နားတွင် ဖြစ်ခဲ့သည်ဟု သိရှိရကြောင်း'' ဖော် ပြမှုနှင့် ပတ်သက်၍ ယင်းဖြစ်စဉ်မှ Crown အဖြူရောင်ယာဉ်အား ရန်ကုန်တိုင်းဒေသကြီးနှင့် ဆက်စပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်းဒေ သကြီး နယ်မြေများအတွင်း စုံစမ်း စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၈ ရက် ည ၆ နာရီခွဲအချိန်တွင် Crown အဖြူ ရောင်ယာဉ်သည် ပဲခူးမြို့၊ ရပ်ကွက် ၄၊ မြေတိုင် ၈၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ JADE GARDEN HOTEL တွင် ရောက်ရှိနေကြောင်း စုံစမ်းသိရသဖြင့် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ မင်္ဂ လာတောင်ညွန့်မြို့နယ်၊ ကန်တော် လေးရပ်ကွက်၊ မန္တလေးလမ်းနေ ယာဉ်မောင်း ဇော်ထူး(၅၄)နှစ် ဟု သိရကြောင်း၊ ၎င်းသည် JADE GARDEN HOTEL အခန်း နံပါတ်(၁ဝ၈)တွင် ယင်းနေ့ မွန်း တည့် ၁၂ နာရီက အမျိုးသမီးတစ် ဦးနှင့် အတူလာရောက် တည်းခိုနေ ထိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။


ဇော်ထူးအား စစ်ဆေးချက် အရ ဖေဖော်ဝါရီ ၁၇ ရက်က Crown ယာဉ်ဖြင့် ပဲခူးမြို့သို့ လာ ရောက်စဉ် ညနေ ၃ နာရီခန့်က မရမ်းကုန်းမြို့နယ်၊ (၈)မိုင်လမ်း ဆုံ၊ ''ရွှေဘဲ'' စားသောက်ဆိုင် အနီး တံတားအောက်အရောက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ယာဉ်အားတား၍ ယာဉ်မောင်း လိုင်စင်နှင့် ဝှီးတက်တို့ကိုစစ်ဆေး ရန် တောင်းခံခဲ့ကြောင်း၊ ၎င်းက အဆိုပါယာဉ်ထိန်းရဲအား ''တပ် ထဲလိုက်ခဲ့၊ ကားပေါ်တက်'' ဟု ပြောဆို၍ ကားပေါ်သို့ ရောက်သော အခါ တံတားအောက်တွင် လှည့် ပတ်မောင်းနှင်ခဲ့ပြီး မူလနေရာသို့ ပြန်ပို့ခဲ့သည်ဟု ထွက်ဆိုကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။


ဇော်ထူးအား ဖေဖော်ဝါရီ ၁၈ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ် ခန့်တွင် ရန်ကုန်အနောက်ပိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံသို့ ပြန်လည် လွှဲပြောင်းခဲ့ကြောင်း အမှတ်(၃) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ပဲခူး)ထံမှ သိရသည်။ အမှတ်(၃) ယာဉ်ထိန်းရဲ ဒု တပ်ဖွဲ့ခွဲ(ပဲခူး)မှ တာဝန်ရှိသူတစ် ဦးက ''ကားနံပါတ်ကို တပ်ဖွဲ့မှူး ရုံးက ဖမ်းပေးဖို့ချပြထားလို့ စုံစမ်း ပြီးဖမ်းလိုက်တာ။ ရန်ကုန်နဲ့ ချိတ် ဆက်ပြီးတော့။ အခုရန်ကုန်ကိုလွှဲ လိုက်ပြီ၊ လာခေါ်သွားပြီ''ဟု ဖေဖော် ဝါရီ ၁၉ရက်က ပြောသည်။ ဇော်ထူးသည် ကားပစ္စည်း အရောင်းအဝယ်လုပ်သည့် ကုန် သည် တစ်ဦးဖြစ်ကြောင်း ၎င်းက ပြောသည်။


ဇော်ထူးသည် တာဝန်ဝတ္တရား ထမ်းဆောင်နေသော ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်အား တပ်မတော်သား မဟုတ်ဘဲ တပ်ထဲသို့လိုက်ခဲ့ဟု ခြိမ်းခြောက်ပြောဆြိုခင်း ဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ယင်း ခြိမ်းခြောက်ပြောဆို မှုနှင့် ပတ်သက်ပြီး မရမ်းကုန်းမြို့မ ရဲစခန်းမှ ဇော်ထူးအား အမှုဖွင့် အရေးယူထားပြီး ¤င်း၏ယာဉ် လိုင်စင် စာအုပ်၊ ဝှီးတက်၊ ယာဉ် မောင်းလိုင်စင်တို့အား မှန်ကန်မှု ရှိ၊ မရှိဆက်လက် စစ်ဆေးနေ သည်။ 

WYHW

#democracytoday

Rate this item
(0 votes)
back to top