HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဂျိုးဖြူကန်ရှေ့ မျက်နှာစာတွင် မြေထိန်းနံရံ တည်ဆောက်ထားခြင်းနှင့် သွပ်ဆူးကြိုး ကာရံထားခြင်းမှာ အမှန်တကယ် လိုအပ်၊ မအပ် ပြန်စစ်မည်

ဂျိုးဖြူကန်ရှေ့ မျက်နှာစာတွင် မြေထိန်းနံရံ တည်ဆောက်ထားခြင်းနှင့် သွပ်ဆူးကြိုး ကာရံထားခြင်းမှာ အမှန်တကယ် လိုအပ်၊ မအပ် ပြန်စစ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ရန်ကုန် မြို့ကိုရေပေးဝေနေသည့် ဂျိုးဖြူ ရေလှောင်ကန် ရှေ့မျက်နှာစာတွင်မြေထိန်းနံရံအမြင့် ၁ဝ ပေ တည်ဆောက်ထားပြီး ဓားသွားသွပ်ဆူးကြိုးများ ကာရံထားမှုမှာ အမှန်တကယ်လိုအပ်ခြင်းရှိ၊ မရှိ ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင် မောင်စိုးကပြောသည်။

ဖေဖော်ဝါရီ၂၁ရက်ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင်တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်ဦးတင်ရှိန်၏ တိုက်ကြီးမြို့ နယ်ချင်းကုန်းကျေးရွာအုပ်စု၊ ရေ အေးစမ်းကျေးရွာရှိ ဂျိုးဖြူရေ လှောင်ကန် ရှေ့မျက်နှာစာတွင် မြေထိန်းနံရံအမြင့် ၁ဝ ပေနှင့် ဓားသွားသွပ်ဆူးကြိုးများ ကာရံထားခြင်းမှာ လိုအပ်ခြင်းရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ တော်ဝန်က အထက်ပါအတိုင်းထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။ ဂျိုးဖြူရေလှောင်ကန် အဝင်လမ်းမ၏ ဘယ်ဘက်ခြမ်းတွင် အရှည်ပေ ၃၅ဝ ရှိအုတ်စီမြေ ထိန်းနံရံကို ဂျိုးဖြူကန်စတင်တည် ဆောက်ခဲ့သည့် လွန်ခဲ့သောနှစ် ၈ဝ ခန့်က ဆောင်ရွက်ထားခဲ့ ခြင်းဖြစ်ပြီးယခုအခါ မြေထိန်းနံရံ အဟောင်းများ ကြံ့ခိုင်မှုအားနည်းကာ အောက်ခြေပြတ်တောက်၍ ပြိုကျပျက်စီးမှုများဖြစ်ပေါ်နေသ ဖြင့် ယခင်ကထက် ပိုမိုခိုင်ခံ့ ကောင်းမွန်သော သံကူကွန်ကရစ် မြေထိန်းနံရံကို ၂ဝ၁၈ ခုနှစ်ဇူလိုင် မှစ၍ အသစ်ပြန်လည်တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယင်းမြေထိန်းနံရံကပ်လျက် အောက်ဘက်တွင် ယခင်ကကျူး ကျော်အိမ်များမရှိသော်လည်း ၁၉၈၈ခုနှစ် နောက်ပိုင်းတွင်ကျူး ကျော်များဝင်ရောက်နေထိုင်လာ ပြီး ယင်းနေရာမှာပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ဧရိယာအတွင်း ပါဝင်ကာ ကန်အဝင်မျက်နှာစာ နေရာဖြစ်ခြင်း၊ ရေလှောင်ကန်၏ (Spill Way)ရေလျှံကျရာ ဝက်ကျချောင်း၏ Downstream  အနီးတွင်တည်ရှိခြင်း၊ မူလတည် ဆောက်ထားသော မြေထိန်းနံရံ Gravity Retaining မှာ နှစ် ၈ဝ ကျော်ကာအားနည်းနေပြီး ပြိုကျ လျှင် ရွာသူရွာသားများ အန္တရာယ် ဖြစ်နိုင်ခြင်းကြောင့် သံကူကွန် ကရစ် မြေထိန်းနံရံအသစ်တည် ဆောက်ချိန်၌ ကျူးကျော်နေထိုင် သူများအား ဖယ်ရှားပေးရန် အကြောင်းကြားစာပေးပို့ခဲ့ ကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောသည်။ ကျူးကျော်အိမ်နှစ်အိမ်မှာ ယခုထိတိုင် ဖယ်ရှားခြင်းမရှိသဖြင့် ဂျိုးဖြူရေလှောင်ကန် တာဝန်ခံအရာရှိက တရားစွဲဆိုထားကြောင်း သိရသည်။


''မြေထိန်းနံရံ အပေါ်ဘက် ခြမ်းတွင် ခြံစည်းရိုးကဲ့သို့ကာရံ၍ သွပ်ဆူးကြိုးများ ခတ်ထားရခြင်းမှာ လမ်းမြေသားပေါ်ကျူးကျော်များဝင်ရောက်လာခြင်း မရှိစေရန် ကြိုတင်ကာကွယ်ဆောင်ရွက်ထား ခြင်းသာဖြစ်ပါတယ်''ဟု၎င်းက ပြောသည်။ ဂျိုးဖြူရေလှောင်ကန်မျက်နှာစာတွင် မူလတည်ဆောက်ထား သော မြေထိန်းနံရံသည်နှစ်ပေါင်း ၇ဝ သက်တမ်းရှိနေပြီး အနီးတွင် သက်တမ်းနှစ်ပေါင်း ၇ဝ ခန့်ရှိ ရေအေးစမ်းကျေးရွာရှိနေကာ လက်ရှိတည်ဆောက်ထားသော မြေ ထိန်းနံရံမှာမူလတည်ဆောက်ထားသည့် မြေထိန်းနံရံနှင့်ပုံစံမတူသဖြင့် မြေထိန်းနံရံအနီးတည်ရှိနေသည့် ရေအေးစမ်းကျေးရွာသူ၊ ရွာသားများက မြေထိန်းနံရံခိုင်ခံ မှုမရှိဘဲ မြေပြိုမည်ကိုစိုးရိမ်နေကြ ကြောင်းသိရသည်။ ''ဝန်ကြီးရဲ့ဖြေကြားချက်နဲ့ မြေပြင်အခြေအနေမှန်မှာ အနည်းငယ်ကွဲလွဲမှုရှိသည့်အတွက် မြေပြင်သို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်စေလိုပါတယ်'' ဟု ဦးတင်ရှိန်က ပြောခဲ့သည်။ ယင်းအပေါ် မြို့တော်ဝန်  ဦးမောင်မောင်စိုးက ပြန်လည်စစ် ဆေးသွားမည်ဖြစ်ကြောင်း ဖြေ ကြားခဲ့သည်။

TTMT

#democracytoday

Rate this item
(0 votes)
back to top