HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ တက္ကသိုလ်ဝင် စာမေးပွဲအောင် ကျောင်းသားများ ဆေးတက္ကသိုလ် တက်ရောက်ခွင့် ကို ယခင်ထက် တိုးမြှင့်ထား

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ တက္ကသိုလ်ဝင် စာမေးပွဲအောင် ကျောင်းသားများ  ဆေးတက္ကသိုလ် တက်ရောက်ခွင့် ကို ယခင်ထက် တိုးမြှင့်ထား

ရန်ကုန်၊ မတ် ၁၁

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုမှတက္ကသိုလ် ဝင်စာမေးပွဲအောင် ကျောင်းသားကျောင်းသူများ ဆေးတက္ကသိုလ်တက်ရောက်ခွင့်ကို စုစုပေါင်းဝင်ခွင့်ရဦးရေ၏ ခြောက်ရာခိုင်နှုန်း အထိတိုးမြှင့် ဝင်ခွင့်ပြုထားကြောင်းသိရသည်။ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့်သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသစရိတ်ခံစားခွင့်ရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ကြီးခြောက်ခု (နာဂ၊ဓနု၊ပအိုဝ်း၊ ပလောင်၊ကိုးကန့်၊ဝ)တို့မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ယင်းဒေသများမှ ပညာသင်ကြားပြီး သတ်မှတ်အရည် အချင်းများနှင့် ကိုက်ညီသူများကို မူလပုံမှန်ဝင်ခွင့်ပြုရမှတ် အောက် လျှော့ပေါ့၍ဆေးတက္ကသိုလ်များသို့ ၂ဝ၁၂ခုနှစ်ပညာသင်နှစ်မှ၂ဝ၁၆ ပညာသင်နှစ်အထိ စုစုပေါင်းဝင် ခွင့်ပြုကျောင်းသားဦးရေ၏ သုံးရာခိုင်နှုန်း၊၂ဝ၁၇ခုနှစ်ပညာသင် နှစ်မှစတင်ပြီး ခြောက်ရာခိုင်နှုန်းခန့်ကိုလည်းကောင်း အဆိုပါ ဒေသများမှ ကျောင်းသား ကျောင်းသူများကိုဝင်ခွင့်ပေးခဲ့ကြောင်း ပြည်သူ့လွှတ်တော် အစည်းအဝေးမှ သိရသည်။

''ဆေးတက္ကသိုလ်အလိုက် အများဆုံးလက်ခံ သင်ကြားပေးနိုင်သည့် လျာထားဦးရေအတိုင်း ကျောင်းသား၏ စိတ်ပါဝင်စားမှု၊ ဦးစားပေး လျှောက်ထားမှုများအ ပေါ်မူတည်ပြီး နောက်ဆုံးဖြတ်ရ မှတ်အပေါ် ရမှတ်တူညီသူများကို လျာထားချက်ထက် ပိုခြင်း၊လျော့ ခြင်းစသည်တို့ကို တိုင်းဒေသကြီး ပြည်နယ်ခွဲခြားမှုမရှိဘဲ ရွေးချယ် ဆောင်ရွက်ခဲ့ပါတယ်''ဟုပညာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကပြောသည်။ ယခုလ ၁၁ရက်တွင်ကျင်းပ ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရေဖြူမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦးမေးမြန်း သော မြန်မာတစ်နိုင်ငံလုံးရှိဆေး တက္ကသိုလ်ဝင်ခွင့်ကို တိုင်းဒေသ ကြီးပြည်နယ်များ၏ လူဦးရေအ ပေါ်အခြေခံပြီး အချိုးကျ ခေါ်ယူ ပေးရန်အစီအစဉ်ရှိ မရှိနှင့်စပ်လျဉ်း သောမေးခွန်းအပေါ်တွင် ပညာ ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်း မော်ထွန်းကပြန်လည် ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။


သွားလာရေးခက်ခဲသော ဒေသများနှင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများမှ တက်ရောက်ခွင့်ပြုခဲ့ သော ကျောင်းသားကျောင်းသူများမှာ ကချင်ပြည်နယ်မှရှစ်ဦး၊ ကယားပြည်နယ်မှ၂၂ဦး၊ ကရင် ပြည်နယ်မှ၃၃ဦး၊ ချင်းပြည်နယ်မှ ၅၇ဦး၊ ရခိုင်ပြည်နယ်မှ၃၅ဦး၊ ရှမ်း ပြည်နယ်မှ၁၇ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ၇၆ဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ နှစ်ဦး၊ မကွေးတိုင်းဒေ သကြီးမှ၅၇ဦး၊ နာဂအတွင်းမှကိုး ဦး၊ ဓနုအုပ်ချုပ်ခွင့်ရဒေသမှ၂၇ဦး၊ ပအိုဝ်း ၃၄ဦး၊ ပလောင်ရှစ်ဦး၊ ကိုးကန့်တစ်ဦး၊ ဝဒေသမှငါးဦး ယခုအချိန်အထိ၃၉၁ဦး ဝင်ခွင့်ပြုထားကြောင်းသိရသည်။

ATK 

#democracytoday

Rate this item
(0 votes)
back to top