HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီနှင့် သက်ဆိုင်ရာအာဏာပိုင်တို့ ပူးပေါင်းခဲ့မှုကြောင့် ဝန်ထမ်း ၁၅ဝ ကို အရေးယူနိုင်ခဲ့

အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီနှင့် သက်ဆိုင်ရာအာဏာပိုင်တို့ ပူးပေါင်းခဲ့မှုကြောင့် ဝန်ထမ်း ၁၅ဝ ကို အရေးယူနိုင်ခဲ့

နေပြည်တော်၊ မတ် ၁၁

အမျိုးသားလွှတ်တော် ပြည်သူတို့၏တိုင် ကြားစာဆိုင်ရာကော်မတီသည် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့တို့ ၏ ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် ဝန်ထမ်း ၁၅ဝ ကို အရေးယူနိုင်ခဲ့ ကြောင်း သိရသည်။ မတ် ၁၁ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ အတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဦးဝင်းကြိုင်က အမျိုးသားလွှတ်တော်ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော် မတီ၏လုပ်ငန်းဆောင်ရွက်မှုအ ခြေအနေအစီရင်ခံစာ(၂/၂ဝ၁၈) ကို လွှတ်တော်သို့ ဖတ်ကြားတင်ပြရာ၌ ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

အရေးယူခံရမှုများအနက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာထမ်း ၂၉ ဦး၊ အမှုထမ်း ၂၅ ဦး စုစုပေါင်း ၅၄ ဦးတို့ အများဆုံးဖြစ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ် တောဦးစီးဌာနမှ အရာထမ်းရှစ်ဦး၊ အမှုထမ်း ၂၆ ဦး စုစုပေါင်း ၃၄ ဦးတို့ ဒုတိယအများဆုံးဖြစ် ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာ ရင်းအင်းဦးစီးဌာနမှ အရာထမ်း လေးဦး၊ အမှုထမ်းကိုးဦး စုစုပေါင်း ၁၃ ဦးတို့က တတိယအများဆုံးဖြစ် ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။


''အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီသည် ပြည်သူများက လွှတ်တော်သို့ အားကိုးတကြီးဖြင့် တင်ပြလာသော တိုင်ကြားစာများ၏ မှန်ကန်မှုကို လေ့လာစိစစ် ခြင်း၊ သက်ဆိုင်ရာတရားရုံးတစ်ခုခုက ဆုံးဖြတ်ချက်ချမှတ်ခြင်းမပြုရသေးသောကိစ္စရပ်များမှအပ အ ထောက်အထားများဖြင့် တင်ပြလာ သော တိုင်ကြားချက်များအတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့်တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့အစည်းများသို့ တရား ဥပဒေနှင့်အညီ ဖြစ်စေရေးညှိနှိုင်း ပေးခြင်း၊ တိုင်ကြားစာများအတွက် လိုအပ်သလိုရှင်းလင်းပြန်ကြား ပေးခြင်း၊ အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်စေမည့်ကိစ္စ ရပ်များဖြစ်ပါကလည်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် ကွင်းဆင်းလေ့လာစိစစ် ကြားနာမှုများပြုလုပ်ပြီး အမျိုးသားလွှတ်တော်ရုံးမှတစ်ဆင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အကြံပြုဆောင်ရွက်စေခြင်းဖြင့် လွှတ်တော်မှ အုပ်ချုပ်ရေးပိုင်းနှင့် တရားစီရင်ရေးအပိုင်းတို့ကို ထိန်းညှိဆောင်ရွက်ပေးလျက်ရှိပါတယ်'' ဟု ၎င်းကပြောကြားသည်။


ယင်းကော်မတီစတင်ဖွဲ့စည်းသည့် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ထိ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌထံသို့ ပြည်သူ့တိုင်ကြားစာ ၃၆၈၉ စောင်၊ အမျိုးသားလွှတ် တော်ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီဥက္ကဋ္ဌထံသို့တိုင်ကြားစာ ၃၇၁၄ စောင် စုစု ပေါင်းတိုင်ကြားစာ ၇၄ဝ၃ စောင် လက်ခံရရှိခဲ့ကြောင်း သိရသည်။


၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ထိ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီမှ တိုင်ကြားသူ ကာယကံရှင်များထံသို့ အမှုတွဲစုစု ပေါင်း ၄၈၄ စောင်ကို အကြောင်း ပြန်ကြားပေးခဲ့ပြီး သတ်မှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ညီညွတ်မှုမရှိ၍ ကော်မတီမှ ဆောင်ရွက်ရန် မလိုအပ်သည့် အမှုတွဲစုစုပေါင်းစောင်ရေ ၃ဝ၄ဝ နှင့် ကော်မတီမှဆက်လက်ဆောင်ရွက်နေသည့်အမှုတွဲစုစုပေါင်း ၁၁၈၂ စောင်ရှိကြောင်း၊ ယင်းအ ပြင် အဂတိလိုက်စားမှုနှင့် စပ်လျဉ်းသည့် တိုင်ကြားစာများကို ကော်မတီက စိစစ်၍ စိစစ်တွေ့ရှိ ချက်နှင့်အတူ အမှုတွဲများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ ပေးပို့ခဲ့ရာ ယင်း ကော်မရှင်မှ ဆောင်ရွက်ပေးခဲ့ ကြောင်း လယ်ယာမြေသိမ်းဆည်း ခံရမှုကိစ္စနှင့်စပ်လျဉ်းသည့် တိုင်ကြားစာအမှုတွဲ ၉၈၉ စောင်ကိုလည်း ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည် စိစစ်ရေးဗဟိုကော်မတီမှ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် လွှဲပြောင်းပေးပို့ခဲ့ကြောင်း ဦးဝင်းကြိုင်က ဆက်လက်ပြော ကြားသည်။ 

MO

#democracytoday

Rate this item
(0 votes)
back to top