HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မိုးထိမိုးမိဒေသရှိ ရွှေလုပ်ကွက်ကြီး(A)တွင် ရွှေ ခိုးတူးသူများနှင့် ပစ္စည်းခိုးယူသူ ၁၅၁ ဦးကို အရေးယူထား

မိုးထိမိုးမိဒေသရှိ ရွှေလုပ်ကွက်ကြီး(A)တွင် ရွှေ ခိုးတူးသူများနှင့် ပစ္စည်းခိုးယူသူ ၁၅၁ ဦးကို အရေးယူထား

နေပြည်တော်၊ မတ် ၂၁

ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသရှိ ရွှေလုပ်ကွက်ကြီး (A)တွင် ရွှေထုတ်လုပ်ခွင့် အမိန့်ပါမစ် ပယ်ဖျက်ပြီးနောက်တွင် ထိုရွှေလုပ်ကွက်အတွင်း ကျူးကျော်ဝင်ရောက်ပြီး ပစ္စည်းခိုးယူသူများနှင့် တရားမဝင် ရွှေတူးဖော်ခိုးယူ သူ ၁၅၁ ဦးကို သက်ဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ကပြောသည်။

မတ် ၁၂ ရက် မွန်းလွဲပိုင်းက နေပြည် တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သီရိရတနာအစည်းအဝေးခန်းမ၌ ကျင်းပသည့် ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ ရွှေလုပ်ကွက် (A)နှင့်ပတ်သက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယင်းကဲ့သို့ ပြောခြင်း ဖြစ်သည်။

 

ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ''ဒီနေရာထိန်းသိမ်းတဲ့နေရာမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ မြန်မာနိုင်ငံရဲတပ် ဖွဲ့တွေတင်မကဘဲနဲ့ စက်ရုံ၊ အလုပ်ရုံတွေ ကို ထိန်းသိမ်းဖို့အတွက် ကုမ္ပဏီကသူတို့ ရဲ့ဝန်ထမ်း ၂ဝဝ ကျော်နဲ့လည်း ပူးပေါင်း ပြီးတော့မှ ထိန်းသိမ်းလျက်ရှိပါတယ်။ ယင်းလုံခြုံရေး ထိန်းသိမ်းရေးအတွက် သတ္တုတွင်းလုပ်ငန်း၏ ဦးဆောင်ကြီးကြပ်မှုအောက် ကနေ အဆောက်အအုံတွေကို ထိန်းသိမ်း စောင့်ရှောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာဌာနဆိုင်ရာ ဝန်ထမ်းအင်အား အခြေအ နေအရ ၁၅ ရက်တစ်ကြိမ် အလှည့်ကျ ရုံးအမိန့်ထုတ်ပြီးတော့ တာဝန်ပေးကြီးကြပ်ခဲ့ပါတယ်။ အဲဒီကြီးကြပ်အဖွဲ့တွင် အဖွဲ့လေး ဖွဲ့နဲ့ ဆောင်ရွက်ပါတယ်။ ကွပ်ကဲရေးအဖွဲ့က လုပ်ကွက်ထဲမှာရှိတဲ့ စက်ရုံခြောက်ရုံ လောက်ကွပ်ကဲရေးထိုင်ပါတယ်။ လှုပ်ရှားအဖွဲ့အနေနဲ့ရော စက်ရုံ ၁၊ ၂၊ ၃ မှာ အ ခြေပြုပါတယ်။ လုပ်ကွက်အတွင်း ဝင်တဲ့ ဂိတ်မှ အဖွဲ့တစ်ဖွဲ့ထားပါတယ်။ အဖွဲ့လေး ဖွဲ့ခွဲပြီး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။ ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ ရွှေ လုပ်ကွက်(ဗ)အား ၁၇.၂.၂ဝ၁၈ ရက်တွင် ခွင့်ပြုမိန့်ပါမစ်ကို ပယ်ဖျက်ပြီးနောက်ပိုင်း ရွှေလုပ်ကွက်အတွင်း ကျူးကျော်ဝင် ရောက်ပြီး ပစ္စည်းခိုးယူမှု၊ တရားမဝင် ဝင် ရောက်၍ ရွှေတူးဖော်ခိုးယူသူ စုစုပေါင်း ၁၅၁ ဦးရှိခဲ့ပါတယ်''ဟု ပြောသည်။


မိုးထိမိုးမိဒေသ ရွှေလုပ်ကွက် (A)အား ၁၇.၂.၂ဝ၁၈ ရက်တွင် ခွင့်ပြုမိန့်ပါမစ်ကို ပယ်ဖျက်ပြီးနောက်ပိုင်း ရမည်းသင်းမြို့ နယ် မိုးထိမိုးမိဒေသ ရွှေလုပ်ကွက်ကြီး(ဗ)ရွှေထုတ်လုပ်ခွင့်မိန့် ပါမစ်ပယ်ဖျက်ပြီး နောက်ပိုင်းမှ ယနေ့ထိ(၂ဝ၁၉ မတ် ၁၂ ရက်) ရွှေလုပ်ကွက်အတွင်း ကျူးကျော်ဝင် ရောက်ပြီး ပစ္စည်းခိုးယူမှု၊ တရားမဝင် ဝင် ရောက်၍ ရွှေတူးဖော် ခိုးယူခြင်းများအား ထိန်းသိမ်းခဲ့ရာ စုစုပေါင်း ၃၂ ကြိမ်ဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးရမိသူ စုစုပေါင်း ၁၅၁ ဦး ရှိခဲ့ကြောင်း သိရသည်။


ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ ရွှေလုပ်ကွက်ကြီး(A)၏ ၆၁ဝ၅ ဧက ကျယ် သော လုပ်ကွက်အတွင်း၌ ရွှေသန့်စင်စက်ရုံ ရှစ်ရုံ၊ ပင်မအဆောက်အအုံ ခုနစ်လုံး၊ ပင်မလိုဏ်ဂူ ရှစ်ခုအပါအဝင် စုစုပေါင်း ၂၁ ခုရှိပြီး ယင်းနေရာများကို ထိန်းသိမ်းရန်အတွက် သတ္တုတွင်းလုပ်ငန်းဌာနမှ အစီအမံများ ရေးဆွဲ၍ ခွင့်ပြုမိန့်ပယ်ဖျက်သည့် နေ့မှစပြီး ယနေ့ထိ သတ္တုတွင်းဌာနမှ အထွေ ထွေမန်နေဂျာ၊ ဒုတိယအထွေထွေ မန်နေဂျာ၊ လက်ထောက် အထွေထွေမန်နေဂျာများဦးစီးကာ ဌာနဝန်ထမ်း ၂၂ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးအပါအဝင် အင်အား ၆၅ ဦးခန့်တို့က ထိန်းသိမ်းထားကြောင်း သိရသည်။

MO

#democracytoday

Rate this item
(0 votes)
back to top