HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

စားသုံးသူ အခွင့်အရေး ချိုးဖောက်မှုကို တိုင်ကြားလာပါက ကျောသားရင်သား မခွဲခြားဘဲ ဆောင်ရွက်မည်

စားသုံးသူ အခွင့်အရေး ချိုးဖောက်မှုကို တိုင်ကြားလာပါက ကျောသားရင်သား မခွဲခြားဘဲ ဆောင်ရွက်မည်

ရန်ကုန်

ထုတ်ကုန်များနှင့် ပတ်သက်၍ စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရမှုရှိပါက တိုင်ကြားမှုရှိလာလျှင် ကျောသားရင်သား ခွဲခြားမှုမရှိဘဲ ဥပဒေအရ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်ကပြောသည်။ မတ် ၁၂ ရက် နံနက်ပိုင်းက နေပြည် တော်ရှိ စားသုံးသူရေးရာဦးစီးဌာနတွင် ကျင်းပသည့် 'စားသုံးသူများတွင် အခွင့်အရေးများ ရှိသည်'ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပသည့် Campaign မိတ်ဆက်ပွဲတွင် ပြောဆိုခြဲ့ခင်း ဖြစ်သည်။

ယခုကဲ့သို့ Campaign ပြုလုပ်ရခြင်းသည် စားသုံးသူများတွင် အခွင့်အရေးများရှိပြီး ကုန်ပစ္စည်း(သို့မဟုတ်) ဝန်ဆောင်မှုများ ရယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများကြုံတွေ့လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေးလို၍ဖြစ် ကြောင်းသိရသည်။ ''ဥပဒေက ကျောသားရင်သား မခွဲခြားပါဘူး။ အကုန်ပါတယ်။ အစိုးရဌာနထုတ်တဲ့ဟာတွေလည်း ကျွန်တော်တို့ လိုအပ်တဲ့အခါ တိုင်ကြားမှုတွေ ရှိလာတယ်။ သူတို့ဘက်က ချွတ်ယွင်းချက်တွေရှိလာရင် ကျွန်တော်တို့က ဒါကိုလဲ ဖြေရှင်းပေးမှာပါ''ဟု ညွှန်ကြားရေး မှူးချုပ် ဦးမြင့်လွင်က ပြောဆိုသည်။


အဆိုပါ Campaign အား ရက်သတ္တ ခြောက်ပတ်အကြာ ကျင်းပသွားမည်ဖြစ်ပြီး စားသုံးသူနှင့်သက်ဆိုင်သည့် အသိပညာပေး ဇာတ်လမ်းများကိုလည်း နိုင်ငံပိုင်သတင်းမီဒီယာများနှင့် ရေဒီယိုများမှ ထုတ်လွှင့်ပြသကာ ပညာပေးဝေမှုများ ပြုလုပ်သွားမည်ဟုဆိုသည်။ မြန်မာနိုင်ငံ၌ စားသုံးသူအခွင့်အရေးချိုးဖောက်ခံရမှုနှင့်ပတ်သက်၍ တိုင်တန်းမှု နည်းပါးလျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း စားသုံးသူဆိုင်ရာ အခွင့်အရေးများနှင့်ပတ်သက်၍ သိရှိမှုနည်းပါးလျက်ရှိသေးကြောင်း မြန်မာစားသုံးသူများသမဂ္ဂမှ ဦးမောင်မောင်က ပြောဆိုထားသည်။ထို့အတူ စားသုံးသူအခွင့်အရေး ချိုး ဖောက်ခံရမှုဖြစ်စဉ်များတွင်လည်း ကုန်စည် များနှင့်ပတ်သက်၍ အခွင့်အရေးချိုးဖောက် ခံရမှုထက် ဝန်ဆောင်မှုပိုင်းတွင် အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်များက ပိုမိုများပြား လျက်ရှိကြောင်း စစ်တမ်းများအရ သိရသည်။


ဝန်ကြီးဌာနမှဆောင်ရွက်နေသည့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအနေဖြင့် စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရမှုများ နှင့်ပတ်သက်၍ တိုင်တန်းမှုများရှိလာပါက စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး အဖွဲ့ထံသို့ တင်ပြတိုင်တန်းနိုင်ပြီး ထိုအဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ အရေးယူဆောင်ရွက်ခြင်းများပြုလုပ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် အစိုးရဌာနများ၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ တိုင်ကြားမှု မရှိသော်လည်း တိုင်ကြားမှုများရှိလာပါက ဖြေရှင်းဆောင်ရွက်သွားမည်ဟုဆိုသည်။ အဆိုပါအခမ်းအနားအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စားသုံးသူရေးရာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်းသိရသည်။


ယခုနှစ် မတ် ၁၅ ရက်သည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day WCRD)ဖြစ်ပြီး အဆို ပါနေ့များတွင် စားသုံးသူ အခွင့်အရေးနှင့် သက်ဆိုင်သည့် အခမ်းအနားများ၊ စားသုံးသူအခွင့်အရေးလှုပ်ရှားမှုများကို အစိုးရဌာနဆိုင်ရာ အဖွဲ့များအပြင် အရပ်ဘက်အဖွဲ့အစည်းများမှ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

မင်းဗညား

#theyangontimes

Rate this item
(0 votes)
back to top