HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

၂ဝဝ၈ ဖွဲ့စည်းပုံပါ အခွင့်ထူးခံထားသည့် အချက်များကို ပြင်ဆင်လိုကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် ပြော  

၂ဝဝ၈ ဖွဲ့စည်းပုံပါ အခွင့်ထူးခံထားသည့် အချက်များကို ပြင်ဆင်လိုကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် ပြော   

ရန်ကုန်၊ မတ် ၁၃

၂ဝဝ၈ ဖွဲ့စည်းပုံပါအခွင့်ထူးခံထားသည့် အချက်များကို ပြင်ဆင်ချင်ကြောင်း ၈၈ မျိုးဆက်၊ ကျောင်းသားခေါင်း ဆောင် ဦးမင်းကိုနိုင်ကပြောသည်။ မတ် ၁၃ ရက် ရန်ကုန်နည်းပညာ တက္ကသိုလ်တွင်ကျင်းပသည့် ကိုဖုန်းမော်၊ ကိုစိုးနိုင် ကွယ်လွန် ခြင်း(၃၁)နှစ်မြောက် နှစ်ပတ်လည် နေ့အခမ်းအနားသို့ တက်ရောက်လာစဉ် မီဒီယာများ၏ မေးမြန်းမှုကို ၎င်းကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မကန့်ကွက်သော်လည်း ပြင်သင့်ပြင်ထိုက်သည့်အချက်များကို ပြင်သင့်ပြင်ထိုက်သည့်အချိန်တွင် ပြင်ဆင်သွားရန် တပ်မတော်က ပြောကြားထားသည်။

ယင်းကဲ့သို့ သင့်တော်သည့် အချိန်ဟူသည့်ပြောဆိုချက်သည် တိကျသေချာခြင်းမရှိကြောင်း ဦးမင်းကိုနိုင်က ပြောသည်။ ''သင့်တော်တဲ့အချိန်တို့၊ သင့် တော်တဲ့ကိစ္စတို့၊ သင့်တော်တဲ့ ပုဒ်မတို့ပြောတယ်။ ဒါက သူ့အာဘော် လေဗျာ။ သူ့စိတ်ကြိုက်ကို သူ ပြောတာ။ သင့်တော်တဲ့အချိန်ဆိုတာ ဘယ်အချိန်ဆိုတာလည်း တိကျတဲ့အကြောင်းအရာမဟုတ်ဘူး။ သူ့အတွက် အကျိုးမယုတ်ဘူးထင်ရင် သူပြင်မှာပေါ့။ ကျွန် တော်ပြောချင်တာကတော့ တရားအတိုင်းပဲ။ ဘယ်သူမှအခွင့်အထူးမခံနဲ့။ ဘယ်အင်စတီကျူးရှင်းမှ အခွင့်ထူးမခံနဲ့။ ဘယ်ပုဂ္ဂိုလ်မှ အခွင့်အထူးမခံနဲ့။ အဲဒီလိုအချက်မျိုးကို ပြင်ချင်တာ''ဟု ၎င်းကဆိုသည်။ ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခွင့်ထူးခံထားသည့် အင်စတီးကျူးရှင်းသည်တစ် ဖွဲ့တည်းသာ ဖြစ်ပြီး ယင်းအဖွဲ့ကို အားလုံးအသိပင်ဖြစ်ကြောင်း ၎င်းက ပြောသည်။


''တိုင်းပြည်မှာ ခင်ဗျားကြည့်ဗျာ အကျင့်ပျက်မယ်။ လာဘ်စားမယ်ဆိုရင် အရေးယူမယ်။ ဒါပေမဲ့ ခင်ဗျားတို့ ကျွန်တော်တို့ကသိထားတယ်။ ဘယ်သူတွေကိုတော့ ဘယ်နည်းနဲ့မှ ရဲကဖမ်းလို့မရပါဘူးဆိုတာသိထားတယ်။ အနည်းဆုံး တော့ဗျာလမ်းမှာ ယာဉ်ထိန်းရဲ ဖြစ်ဖြစ်ပေါ့ဗျာ သာမန်အရပ်ဝတ်နဲ့ဆိုရင်ဖမ်းမယ်။ ပစ်ကပ်ဦးထုပ် တင်ထားလားကြည့်ရတာရှိတယ်။ ငါကဘယ်လိုလူမျိုးလို့ပြောရင်သူတွန့်သွားတာရှိတယ်။ အဲဒီတော့ အခြေခံအားဖြင့်က စာအုပ်ထဲမှာပါတဲ့၊ စာတွေထဲမှာပါတဲ့ အခွင့်ထူးခံထားတဲ့သူတွေ၊ အခွင့်ထူးခံထားတဲ့အင်စတီကျူးရှင်းရှိရင်လည်း ကျွန်တော်တို့ကအဲဒါကို ငြင်းဆို ရမှာ''ဟု ဦးမင်းကိုနိုင်ကပြောသည်။


ယင်းအပြင် လက်ရှိ ပြည် ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ နောက်ဆုံး အစီရင်ခံစာကို စောင့်ကြည့်ရမည် ဖြစ်ပြီး ယင်းအစီရင်ခံစာထွက်လာပါက ပြည်သူလူထုအားလုံးပူး ပေါင်းရပ်တည်ရမည်ဖြစ်ကြောင်း ဦးမင်းကိုနိုင်က တိုက်တွန်းသည်။ ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအ နေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းကာ ၄၃၆ ပြင်ဆင်ရေးအတွက်လက်မှတ်ကောက်ခံမှုများကို ယခင်အစိုးရလက်ထက်က ပြုလုပ်ခဲ့ဖူးပြီး လက်မှတ်ပေါင်း ငါးသန်းကျော်ရရှိခဲ့သည်။ 

HWA

#democracytoday

Rate this item
(0 votes)
back to top