HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ပြည်ပရွှေ့ပြောင်း အမျိုးသမီး လုပ်သားအများစု လုပ်အားခေါင်းပုံဖြတ်ခြင်းနှင့် လူကုန်ကူးမှုကို အမြဲကြုံနေရဟု ပြည်ထောင်စုဝန်ကြီး ဆို

ပြည်ပရွှေ့ပြောင်း အမျိုးသမီး လုပ်သားအများစု လုပ်အားခေါင်းပုံဖြတ်ခြင်းနှင့် လူကုန်ကူးမှုကို အမြဲကြုံနေရဟု ပြည်ထောင်စုဝန်ကြီး ဆို

နေပြည်တော်၊ မတ် ၁၄

ပြည်ပ ရွှေ့ပြောင်း အမျိုးသမီးလုပ်သားအများစုသည် လုပ်အားခေါင်းပုံ ဖြတ်ခံရမှုနှင့်လူကုန်ကူးမှုကိုအမြဲကြုံတွေ့နေရဟု အလုပ်သမား ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ပြည်ပနိုင်ငံများသို့ ရွှေ့ ပြောင်းလုပ်ကိုင်သည့် အရေအတွက်၏ ရာခိုင်နှုန်း၎ဝသည် အမျိုးသမီးများဖြစ်ပြီး ၄င်းတို့သည် အမျိုးသားများလောက် လုပ်ခလစာ မရခြင်း၊ ဥပဒေနှင့်အညီအကျိုးခံစားခွင့်မရရှိခြင်း စသည့် ပြဿနာများနှင့် ကြုံတွေ့နေရ ကြောင်း မတ်လ၁၄ရက်နေ့၊ နေ ပြည်တော်သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် Safe and fair အာဆီယံဒေသတွင်းရှိ အမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးများနှင့် အခွင့်အလမ်းများရရှိခြင်း အမျိုးသားစီမံကိန်းအကြံပေးအစည်းအဝေးဖွင့်ပွဲအခမ်းအနား၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အထက်ပါအတိုင်း ပြောဆိုခဲ့ကြောင်း သိရ သည်။

''အဓိကကတော့ အမျိုးသမီးလုပ်သားတွေဟာ လုပ်ခလစာနဲ့ ပတ်သက်ပြီး အမျိုးသားတွေ လောက်မရဘူး။ ဥပဒေနဲ့အညီ ခံစားခွင့်တွေမရရှိဘူး။ ဒါ့အပြင် ပိုပြီးတော့မှ အခက်အခဲကတော့ အိန္ဒိယ နိုင်ငံအချို့နဲ့အခြားနိုင်ငံအချို့မှာ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားတွေ လူကုန်ကူးခံရတာ တွေ၊ လုပ်အားခေါင်းပုံဖြတ်တာ တွေ အမြဲတမ်းကြုံတွေ့နေရ တယ်။ ဒါတွေကိုလည်း မိမိနိုင်ငံ ရဲ့အစီအစဉ်နဲ့ အခြားဝန်ကြီးဌာန တွေနဲ့ ချိတ်ဆက်ဆောင် ရွက်နေ သလို အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ချိတ်ဆက်ပြီးတော့ ဒီကိစ္စ တွေ လျော့ပါးဖို့ ဆောင်ရွက်နေ ပါတယ်။ ဖော်ထုတ်ဖမ်းဆီးရမိတဲ့ လူကုန်ကူးမှုတွေ၊ လုပ်အားခေါင်း ပုံဖြတ်တာတွေကိုလည်း သက် ဆိုင်ရာဝန်ကြီးဌာနနဲ့ ပူးပေါင်း အရေးယူနေပါတယ်''ဟု ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။


မြန်မာလုပ်သားများပြည်ပသို့ စနစ်တကျသွားရောက် လုပ်ကိုင်နိုင်ရန် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့်အညီ စည်းကြပ်ဆောင်ရွက်နေပြီး လက်ရှိ ပြည်ပအလုပ်သမား တိုင်ကြားမှုများအရလည်း အလုပ်သမားသေဆုံးမှု၊ အလုပ်ရှင် /အလုပ်သမား အလုပ်ခန့်ထားမှုဆိုင် ရာသဘောတူစာချုပ်ဖောက်ဖျက်မှု၊ ဝန်ဆောင်ခပေးပြီးလုပ် ငန်းခွင်သို့ မသွားရမှု၊ ပွဲစားများလိမ်လည်မှုများရှိနေကြောင်း ၎င်းကပြောသည်။ 

MP

#democracytoday

Rate this item
(0 votes)
back to top