HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

တပ်ပိုင်မြေမှ ထွက်ခွာသွားရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဇေကမ္ဘာကုမ္ပဏီကို တပ်မတော် သတိပေး

တပ်ပိုင်မြေမှ ထွက်ခွာသွားရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဇေကမ္ဘာကုမ္ပဏီကို တပ်မတော် သတိပေး

ရန်ကုန်၊ မတ် ၁၄

တပ်မတော်ပိုင်မြေမှထွက်ခွာသွားရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု တပ်မတော်က ဇေကမ္ဘာကုမ္ပဏီကို သတိပေးလိုက်ကြောင်း သိရသည်။ တပ်မတော်ပိုင်မြေအတွင်း M.O.A သဘောတူညီမှုဖြင့် ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျက်ရှိသော မြရိပ်ညိုဟိုတယ်လုပ်ငန်းများအား M.O.A သ ဘောတူညီချက်များဖောက်ဖျက်ခဲ့သဖြင့် လုပ်ငန်းဆောင်ရွက်ခွင့်ပိတ်သိမ်းပြီး ဖယ်ရှားထွက်ခွာပေးရန် ပထမအကြိမ်သတိပေးကာလကုန်ဆုံးခဲ့ပြီဖြစ်၍ မတ် ၂၆ ရက်တွင် တပ်မတော်ပိုင်မြေအတွင်းမှ အ မြန်ဆုံးဖယ်ရှားပေးနိုင်ရေး ဒုတိယအကြိမ်သတိပေးအကြောင်းကြား စာထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းအပြင် ၎င်းတို့ဖြိုဖျက်ခဲ့သည့် ရှေးဟောင်းသမိုင်းဝင်အ ဆောက်အအုံနှစ်လုံး အနက် တစ်လုံးကိုရှေးမူလက်ရာမပျက် ပြန်လည်တည်ဆောက်ပေးသွားရန်နှင့် ယခု မတ်၂၆ရက်အပြီး ဖယ်ရှားပေးရန်လည်း အကြောင်းကြားထား ကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အကြီးတန်းအရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသို့ မတ် ၁၄ ရက်တွင်ပြောသည်။ ''ကျွန်တော်တို့ ထွက်ခွာပေးဖို့အကြိမ်ကြိမ်သတိပေးထားပြီးလည်းဖြစ်ပါတယ်။ မြေဖိုးငွေတွေလည်း မပေးသွင်းဘူး။ ခွင့်ပြုချက်မဲ့ နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့ ဆောင်ရွက်မှာကိုလည်း ကျွန် တော်တို့ကို အကြောင်းမကြားဘဲ သတင်းစာရှင်းလင်းပွဲလုပ်မှသိရတယ်။ ရှေးဟောင်းသမိုင်းဝင် အ ဆောက်အအုံတွေလည်း သူ့သဘောနဲ့ဖြိုဖျက်တယ်။ အဓိကအချက်ကတော့ အဲဒီစီမံကိန်းအ ကောင်အထည်ဖော်ဆောင်ရွက်ပါက အများပြည်သူအသုံးပြု လျက်ရှိသော ကုက္ကိုင်းရေလှောင် ကန်ကို ထိခိုက်နိုင်လို့ အများပြည်သူကကန့်ကွက်မှုများရှိလာတဲ့အတွက် အခုလို ပိတ်သိမ်းတာတွေ ဖြစ်လာတာပါ''ဟု ၎င်းက ပြောသည်။


ဇေကမ္ဘာကုမ္ပဏီအနေဖြင့် ကြိုတင်သဘောတူညီမှုမှတ်တမ်းလွှာ M.O.A စာချုပ်ပါ သဘောတူညီချက်များကို ဖောက်ဖျက်ကာ တပ်မတော်ပိုင်မြေအတွင်း B.O.T စာချုပ်ချုပ်ဆိုခြင်းမပြုဘဲ ခွင့်ပြုချက်မဲ့ နိုင်ငံခြားကုမ္ပဏီတစ်ခုနှင့် ကန်ဒေါ်လာသန်း ၅ဝဝ ခန့် တန်ဖိုးရှိ Yangon New World  စီမံကိန်း အား J.V  စနစ်ဖြင့် အကောင်အထည်ဖော်ရန်စီစဉ်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်း အကောင်အထည် ဖော်ပါက အများပြည်သူအသုံးပြု လျက်ရှိသော ကုက္ကိုင်းရေလှောင် ကန်၏အရင်းအမြစ်များအား ထိခိုက်နိုင်သဖြင့် အများပြည်သူများက တင်ပြကန့်ကွက်မှုများပြုလုပ်ခဲ့ ကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။


စစ်ထောက်ချုပ်ရုံးနှင့် ဇေကမ္ဘာကုမ္ပဏီလီမိတက်တို့သည် ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်ရန် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့က နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပေါင်းလောင်းရိပ်သာ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ်လုပ်ငန်းဆောင်ရွက်ပါက ခြောက်လအတွင်းစီမံကိန်းတင်ပြဆောင်ရွက်ရန်၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှု J.V စနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက ခြောက်လမှ ရှစ်လအတွင်း ဆောင်ရွက်ရန်၊ တပ်မြေအသုံးချခကို ခြောက်လစီခြား၍ ရာခိုင်နှုန်း ၂ဝ ဆီပေးသွင်းရန်စသည်ဖြင့် သ ဘောတူညီခဲ့ကြောင်း၊ ယင်းသို့ သော သဘောတူညီချက်များကို ၂ဝ၁၄ ဇန်နဝါရီ ၁၆ ရက်နေ့တွင် M.O.A လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။


ဇေကမ္ဘာကုမ္ပဏီအနေဖြင့် မြေအသုံးချခအဖြစ် အမေရိကန် ဒေါ်လာ ၄၁ ဒသမ ၃၈၂ သန်းကို ငါးကြိမ်ခွဲ၍ ပေးသွင်းရမည် ဖြစ် သော်လည်း ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပေးသွင်းငွေစုစု ပေါင်း ၁၆ ဒသမ ၅၅၂၈ သန်း သာပေးသွင်းခဲ့ပြီး တတိယအကြိမ်မှစ၍ ပေးသွင်းရန်ကျန်ငွေများအား ရှစ်ကြိမ်တိုင်တိုင် အကြောင်းကြားခဲ့သော်လည်း ပေးသွင်းမှုမရှိသ ဖြင့် ၂ဝ၁၈ ခုနှစ် မေ ၁ဝ ရက် နေ့တွင်လုပ်ငန်းပိတ်သိမ်းသွားရန် အကြောင်းကြားခဲ့ကြောင်း၊ ထိုသို့အကြောင်းကြားမှသာ တတိယအကြိမ်ပေးသွင်းရမည့်ငွေအား ပေးသွင်းခွင့်ပြုရန် ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့ကတင် ပြလာသော်လည်း လုပ်ငန်းပိတ် သိမ်းရန် အကြောင်းကြားခဲ့ပြီးဖြစ်သဖြင့် ငွေပေးသွင်းခြင်းမပြုဘဲ လုပ်ငန်းပိတ်သိမ်းခွင့်ကိုသာ ဆောင် ရွက်ရန်အကြောင်း ပြန်ကြားခဲ့ ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ယင်းနှင့်ပတ်သက်ပြီး ဇေ ကမ္ဘာကုမ္ပဏီမှာ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဇေသီဟအား ဆက်သွယ်မေးမြန်းရာ''ဖြေလို့မရသေးပါဘူး''ဟု ပြန်လည်ဖြေကြားခဲ့သည်။ 

NT

#democracytoday

Rate this item
(0 votes)
back to top