HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ထိုင်းသို့ တရားဝင် လုပ်သားပို့ခွင့်ရထားသည့် မြန်မာအေဂျင်စီများ သတ်မှတ် ဝန်ဆောင်ခနှုန်းများအတိုင်း မကောက်ခံပါက ဥပဒေအတိုင်း အရေးယူမည်ဟု ထုတ်ပြန်

ထိုင်းသို့ တရားဝင် လုပ်သားပို့ခွင့်ရထားသည့် မြန်မာအေဂျင်စီများ သတ်မှတ် ဝန်ဆောင်ခနှုန်းများအတိုင်း မကောက်ခံပါက ဥပဒေအတိုင်း အရေးယူမည်ဟု ထုတ်ပြန်

ရန်ကုန်၊ မတ် ၁၄

ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခွင့်ရရှိ ထားသည့် မြန်မာအေဂျင်စီများအ နေဖြင့် ပြောင်းလဲသတ်မှတ်လိုက်သည့် ဝန်ဆောင်ခနှုန်းထားအတိုင်းမကောက်ခံပါက ဥပဒေအတိုင်း အရေးယူတော့မည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်ခွင့်ရအေဂျင်စီများအနေ ဖြင့် MoU စနစ်နှင့်ရွှေ့ပြောင်း လုပ်ကိုင်နေသည့် မြန်မာလုပ်သား များထံမှဝန်ဆောင်ခအဖြစ် ကောက် ခံနေသည့် ငွေကြေးနှင့်ပတ်သက် ပြီး ယခင်ကမြန်မာကျပ်ငွေတစ်သိန်းခွဲ၊ ထိုင်းငွေဘတ်တစ်သောင်း တို့ကို ကောက်ခံခွင့်ပြုခဲ့ရာမှ ယခု ၂ဝ၁၉ခုနှစ် မတ် ၁၁ ရက်နောက် ပိုင်းမှစတင်ကာ မြန်မာကျပ်ငွေ တစ်သိန်းခွဲနှင့် ထိုင်းငွေဘတ် ၃၆ဝဝ (ဗီဇာကြေး၊ ဆေးစစ်ခ၊ ကျန်းမာ ရေးအာမခံ၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်၊ လျှောက်လွှာကြေး) တို့ကိုသာ ကောက်ခံရမည်ဖြစ် ကြောင်း အလုပ်သမား၊လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာန၊ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနမှ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်း ရှင်များကို ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း ယင်းဌာနမှ မတ် ၁၄ ရက်က သိရသည်။ 

 

''ထိုင်းနိုင်ငံကို မြန်မာအလုပ် သမားတွေ MoU စနစ်နဲ့ တရား ဝင်စေလွှတ်နေတဲ့ လုပ်ငန်းစဉ်မှာ ဝန်ဆောင်ခငွေအဖြစ် မြန်မာဘက်ခြမ်းမှာ ကျပ်တစ်သိန်းခွဲနဲ့ ထိုင်းဘက်ခြမ်းမှာ ကျန်းမာရေး အာမခံကြေးအပါအဝင် ဘတ် ၃၆ဝဝ ထက် ကျော်လွန်ကောက်ခံ ခြင်းမပြုဖို့ အေဂျင်စီတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ညွှန်ကြားချက်ထုတ်လိုက်ပါတယ်။ ပြီးတော့ အလုပ်သမားတွေအတွက် ကျန်းမာရေးအာမခံကို မဖြစ်မနေဝယ် ပေးဖို့ရော အပါအဝင်ဖြစ်ပါတယ်။ လိုက်နာဆောင်ရွက်တာ မရှိဘူးဆိုရင်တော့ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ နဲ့ရော၊ ဝန်ကြီးဌာနကထုတ်ပြန် ထားတဲ့အမိန့်၊ ညွှန်ကြားချက်တွေ အတိုင်း ထိထိရောက်ရောက် အ ရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။


ယခုပြောင်းလဲသတ်မှတ်လိုက်သည့်ငွေကြေးအရ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်လိုသည့် မြန်မာလုပ်သားများအနေဖြင့် စုစု ပေါင်းပေးဆောင်ရမည့် ငွေကြေးသည်မြန်မာငွေကျပ် သုံးသိန်း ကျော်ခန့်(မြန်မာငွေကျပ် ၁၅ဝဝဝဝ+ ထိုင်းငွေဘတ်၃၆ဝဝ)သာ ပေးချေ ရတော့မည်ဖြစ်သည်။ သို့သော် ယင်းငွေကြေးအတိုင်းအလုပ်သမားများ အမှန်တ ကယ်ပေးချေနိုင်ရေးကို ဌာနအ နေဖြင့် သေချာစည်းကြပ်ဆောင်ရွက်ရန်လိုသလို အလုပ်သမားများ အနေဖြင့်လည်း ငွေကြေးပိုမိုပေးရပါက အထောက်အထားအတိအကျဖြင့် တိုင်ကြားကြရန်လိုကြောင်း အလုပ်သမားအရေးလှုပ်ရှားသူ များကဆိုထားသည်။


''လက်တွေ့မှာ ကျပ်ခြောက်သိန်း၊ ခုနစ်သိန်း၊ ဆယ်သိန်းစသ ဖြင့် ကောက်ယူနေကြတာရှိပါတယ်။ MWRN အနေနဲ့ တိုက်တွန်းချင်တာကတော့ မိမိအပေါ် မတရား ငွေကြေးတောင်းခံလာပြီဆိုရင် အထောက်အထား အတိအကျနဲ့ တိုင်ကြားဖို့ပါပဲ'' ဟု ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန် ရက် (MWRN ) မှ ဦးစိန်ဌေးက ပြောသည်။  မြန်မာနိုင်ငံအနေဖြင့် ရွှေ့ ပြောင်းလုပ်ကိုင်မှုသည် ထိုင်းနိုင်ငံ သို့အမြင့်ဆုံးဖြစ်ပြီး လစဉ် MoU  ဖြင့် မြန်မာလုပ်သား ၁၅ဝဝဝ မှ ၂ဝဝဝဝ ကြားခန့် ပုံမှန်ရွှေ့ပြောင်း လုပ်ကိုင်လျက်ရှိနေသည်။

KSK

#democracytoday

Rate this item
(0 votes)
back to top