HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မဟာမုနိဘုရားကြီး မဟာရံတံတိုင်း သုံးထပ်အတွင်းရှိ လုပ်ငန်း ၁၁ မျိုးကို ဈေးပြိုင် တင်ဒါစနစ်ဖြင့် ချထားပေးသွားမည်

မဟာမုနိဘုရားကြီး မဟာရံတံတိုင်း သုံးထပ်အတွင်းရှိ လုပ်ငန်း ၁၁ မျိုးကို ဈေးပြိုင် တင်ဒါစနစ်ဖြင့် ချထားပေးသွားမည်

မန္တလေး၊ မတ် ၁၅

၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွက် မန္တလေးမြို့ မဟာမုနိဘုရားကြီး မဟာရံတံတိုင်း သုံးထပ်အတွင်းရှိ လုပ်ငန်း စုစုပေါင်း ၁၁ မျိုးကို လုပ်ကိုင်ခွင့်အတွက် ချိပ်ပိတ် ဈေးပြိုင်တင်ဒါ စနစ်ဖြင့်ချထားပေးမည်ဖြစ်သော ကြောင့် လျှောက်လွှာများကို မတ် ၂ဝ ရက် နောက်ဆုံးထား၍ တင် သွင်းနိုင်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ရုံးမှ သိရသည်။

''မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားဗုဒ္ဓဘာသာဝင်တွေကိုသာ တင်ဒါတင်သွင်းခွင့်ပြုထားတာ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ကာလက တစ်နှစ်ဖြစ်ပေမယ့် နေရာသုံးနေရာမှာ ကား၊ ဆိုင်ကယ်နဲ့ စက်ဘီးအပ်နှံခွင့်တွေကတော့ လုပ်ကိုင်ခွင့်ကို ခြောက်လပဲ ပေးသွားမှာဖြစ်ပါတယ်။ အခမဲ့သန့်စင်ခန်းတွေ ဆောက်လုပ်နေတဲ့အတွက် ရေချိုးခန်း၊ ရေ အိမ်သာခ ကောက်ခံခွင့်တွေကိုလည်း တစ်လပဲ လုပ်ကိုင်ခွင့် ချထားပေးမှာပါ။ လုပ်ကိုင်ခွင့် ရရှိနေစဉ်အတွင်းမှာ မူလသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ဖောက် ဖျက်တာမျိုးနဲ့ ဈေးပိုတောင်းခံတာ မျိုးတွေ စစ်ဆေးတွေ့ရှိရင်တော့ အဲဒီတင်ဒါအောင်ထားတဲ့ လုပ်ငန်းရှင်ကို ဂေါပကအဖွဲ့ကနေ အရေးယူသွားပါမယ်။ သတ်မှတ်နှုန်းထားတွေကို ဗီနိုင်းပိုစတာတွေထောင်ပြီး အသိပေးထားဖို့ ညွှန်ကြားသွားမှာဖြစ်သလို ဆက်သွယ်တိုင်ကြားနိုင်တဲ့ ဂေါပကအဖွဲ့ဝင်တွေရဲ့ ဖုန်းနံပါတ် တွေကိုပါ ဖော်ပြပေးထားမှာ ဖြစ်ပါတယ်''ဟု ဘုရားကြီးဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော် ဦးက မတ် ၁၅ ရက်တွင် ဒီမိုကရေ စီတူဒေးသို့ ပြောသည်။


ယခုနှစ်တွင် မြောက်စမြင်အ ရှေ့ဘက် ရှေ့တော် ရေသပ္ပာယ်ခွင့်၊ ရင်ပြင်တော် စနေထောင့်ဂြိုဟ် ပြေနံပြေရေသပ္ပာယ်ခွင့်၊ ရင်ပြင် တော် ဗုဒ္ဓဝင်ဥယျာဉ်တို့တွင် ဓာတ်ပုံခ ကောက်ခံခွင့်၊ လိပ်ကန်၊ ငါးကန်တို့တွင် အစာရောင်းချခွင့်၊ မြောက်စောင်းတန်း အနောက်ဘက်ရှိ ကား၊ ဆိုင်ကယ်၊ စက်ဘီးအပ်နှံခွင့်၊ ငါးကန်အနောက်ဘက်ရှိ ကား၊ ဆိုင်ကယ်၊ စက်ဘီးအပ်နှံခွင့်၊ အာနန္ဒာမြောက်ထိပ်ရှိ စက်ဘီးနှင့် ဆိုင်ကယ်အပ်နှံခွင့်၊ ဒုတိယတိုက်တန်း၊ လိပ်ကန်ဥယျာဉ်ရှိ ရေချိုး ခန်း၊ ရေအိမ်သာကောက်ခံခွင့်၊ နတ်စင်ဝင်းအနီးရှိ ရေအိမ်သာ ကောက်ခံခွင့်၊ တောင်ဘက်လမ်း အနောက်ထိပ်ရှိ တိုက်ဝါကြီးငှားရမ်းခွင့်၊ ဖောင် တော်ဦးမြောက်ဘက်ရှိ လက်ဖက်ရည်ဆိုင်နေရာ ငှားရမ်းခွင့်တို့ကို တင်ဒါချထားပေးပြီး တင်ဒါလျှောက်လွှာနှင့် စည်းကမ်းချက်များ ပါဝင်သည့် တစ်စုံလျှင်ကျပ်သုံးသောင်း နှုန်းဖြင့် ဂေါပကအဖွဲ့ရုံးခန်းသို့ လာ ရောက်ဝယ်ယူရမည်ဖြစ်ပြီး မတ် ၂၂ ရက် ညနေ ၃ နာရီ၌ တင်ဒါ ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း ဂေါ ပကအဖွဲ့မှ သိရသည်။

KSA

#democracytoday

Rate this item
(0 votes)
back to top