HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

စဥ့်ကိုင်မြို့နယ်တွင် တရားမဝင်သစ်လုံးများ တင်ဆောင်လာသည့် မော်တော်ယာဉ်လေးစီးနှင့် တရားခံဆယ်ဦးကို ဖမ်းမိ

စဥ့်ကိုင်မြို့နယ်တွင် တရားမဝင်သစ်လုံးများ တင်ဆောင်လာသည့် မော်တော်ယာဉ်လေးစီးနှင့် တရားခံဆယ်ဦးကို ဖမ်းမိ

ရန်ကုန်၊ ဧပြီ ၈-စဥ့်ကိုင်မြို့နယ်တွင် တရားမဝင်ကျွန်း၊ အင်ကြင်းသစ် လုံးများတင်ဆောင်လာသော မော် တော်ယာဉ်လေးစီးနှင့် တရားခံ ဆယ်ဦးတို့ကို ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သစ် တောဦးစီးဌာန၏ ဧပြီ ၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တာဝန်သိပြည်သူ ငါးဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၆ ရက်က စဥ့်ကိုင်မြို့နယ်၊ ရွာသာရွာအနီး၊ ရဲရွာ-ဘဲလင်းလမ်း မိုင်တိုင်အမှတ် (၂ဝ/၁)နေရာ၌ တရားမဝင် ကျွန်း/ အင်ကြင်းသစ်လုံး ၉၂လုံး (၂၂ ဒ သမ ၇ဝဝဝ၄) တန်တင်ဆောင် ထားသော မော်တော်ယာဉ်လေးစီး၊ ဆိုင်ကယ်တစ်စီးနှင့် တရားခံ ဆယ် ဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သစ်တောဦးစီးဌာနမှ အကြီး တန်းအရာရှိတစ်ဦးက ''အခု ဖမ်းဆီး ရမိတာကတော့ ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ်-CMRS သတင်းပို့ချက်ကြောင့် ဖမ်းဆီး ရမိတာ ဖြစ်ပါတယ်။ တရားခံတွေကို ဥပဒေနှင့်အညီ ထိရောက်စွာ အ ရေးယူနိုင်ရေး၊ သက်ဆိုင်ရာရဲစခန်း တွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါတယ်''ဟုပြောသည်။

သစ်တောဦးစီးဌာနအနေဖြင့် တရားမဝင် သစ်ခိုးထုတ်လုပ်မှုအား နည်းလမ်းမျိုးစုံဖြင့် ရှာဖွေဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်လျက် ရှိသော်လည်း တရားမဝင်သစ်ခိုး ယူထုတ်လုပ်မှုသည် စဉ်ဆက်မပြတ် ဖြစ်ပွားလျက်ရှိခြင်းကြောင့် တရားမဝင် သစ်ခိုးယူထုတ်လုပ်မှုများ လျော့နည်းပပျောက်ရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ဒေသခံပြည်သူများ၊ တာဝန်သိ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိခြင်းကြောင့် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးယူထုတ်လုပ်သယ်ဆောင် ရောင်းဝယ်ခြင်းများကို သိရှိပါ ရသည်။

သစ်တောဦးစီးဌာနသို့ဆက် ဆက်သွယ်အကြောင်းကြားပေး ရန် လိုအပ်ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် အောက် တိုဘာလမှ ဇန်နဝါရီလအထိ တရား မဝင်သစ်တန် ၆၆ဝ ကျော်၊ တရား ခံ၂ဝ၂ ဦး၊ ယာဉ်/ယန္တရား ၁၆၅ စီး နှင့်ချိန်းဆောငါးခုတို့ကို ဖမ်းဆီး ရမိခဲ့ကြောင်းသစ်တော ဦးစီးဌာန ရုံးချုပ်၏စာရင်းများအရ သိရသည်။

AA

#YangonMediaGroup | #Democracytoday

Rate this item
(0 votes)
YMG

back to top