HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မဟာသင်္ကြန်ကာလအတွင်း ယာဉ်မောင်းသူများလိုက်နာရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လိုက်လံပညာပေး နှိုးဆော်

မဟာသင်္ကြန်ကာလအတွင်း ယာဉ်မောင်းသူများလိုက်နာရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လိုက်လံပညာပေး နှိုးဆော်

စစ်ကိုင်း၊ ဧပြီ ၈- မဟာသင်္ကြန်ကာလအတွင်း ယာဉ်မောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရန် စစ်ကိုင်းခရိုင် အမှတ် (၁ဝ၅ ) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲ မှူးဝင်းကိုကို ဦးဆောင်သော ယာဉ် ထိန်းရဲ တပ်ဖွဲ့ဝင်များသည် ဧပြီ ၈ ရက်မှ စတင်၍ စစ်ကိုင်းမြို့အတွင်း ပညာပေးယာဉ်ဖြင့် လိုက်လံအသိ ပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအဖွဲ့မှ ပညာပေးလုပ် ငန်းအဖြစ် လက်ကမ်းစာစောင်များ ကို ပညာပေးယာဉ်ဖြင့် မော်တော် ဆိုင်ကယ်၊ ထော်လာဂျီ၊ သုံးဘီးဆိုင် ကယ်နှင့် မော်တော်ယာဉ်များအား လိုက်လံဝေငှခြင်း၊ အသံချဲ့စက်ဖြင့် သတိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။

''မူးယစ်သောက်စား၍ ယာဉ် မောင်းခြင်းမပြုရ။ စည်းကမ်းမဲ့မောင်း နှင်ခြင်းမပြုရ။ ယာဉ်နံပါတ်ပြားမပါ ခြင်း၊ ယာဉ်၏ဘေးတံခါး၊ နောက် ဖုံးများ ဖြုတ်ခြင်း၊ ဖျက်သိမ်းထား သော ယာဉ်အိုယာဉ်ဟောင်းများ နှင့် ပြုပြင်ဆဲယာဉ်များ မောင်းနှင် ခြင်း၊ ယာဉ်ကြောပြောင်းပြန် စီးနင်း ခြင်း၊ ထော်လာဂျီကဲ့သို့ အနှေး ယာဉ်များကို အသုံးပြု၍ ရေကစား ခြင်း၊ မော်တော်ဆိုင်ကယ်များ အိတ် ဇောဖြုတ်၍ စီးခြင်း၊ အသံကျယ် လောင်စွာစီးခြင်း၊ နံပါတ်မမြင် အောင် တွန့်ခေါက်၍ စီးခြင်း၊ ရှေ့ နောက် နံပါတ်ပြားမပါဘဲ စီးခြင်း၊ နှစ်ဦးထက်ပို၍ စီးခြင်း၊ ဆိုင်ကယ် ဦးထုပ်မပါဘဲ စီးခြင်း၊ သံစုံဟွန်းများ တပ်ဆင်ခြင်း၊ ညစ်ညမ်းသော စာများ၊ ဆိုင်းဘုတ်၊ ပန်းချီရုပ်ပုံ အခြားမသင့်လျော်သော ပစ္စည်းများ ရေးသားချိတ်ဆွဲ၍ မောင်းနှင်ခြင်း မပြုရ စတဲ့ စည်းကမ်းချက်များကို လိုက်လံ သတိပေးနှိုးဆော်တာပါ။ ဥပဒေအရ အရေးယူသွားမယ်လို့ သတိ ပေးထားပါတယ်''ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့ဒုရဲမှူးဝင်းကိုကိုက ပြောသည်။

သင်္ကြန်ကာလတွင် စစ်ကိုင်း မြို့ပေါ် လူစည်ကားသည့် နေရာများ၊ အဓိက လမ်းဆုံလမ်းခွများတွင် ယာဉ်အသွားအလာများမည်ဖြစ်၍ သင်္ကြန်ရက်များ၌ အဆိုပါနေရာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ ဖြစ်စေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ချထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DW

#YangonMediaGroup | #Democracytoday

Rate this item
(0 votes)
YMG

back to top