HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

လာမည့် ငါးမဖမ်းရ ရာသီအတွင်း ကမ်းဝေး ငါးဖမ်းလှေများအပြင် စီးပွားဖြစ် လုပ်ကိုင်နေသည့် ကမ်းနီး ငါးဖမ်းလှေများကိုပါ ငါးဖမ်းဆီးခွင့် ပိတ်ပင်မည်

လာမည့် ငါးမဖမ်းရ ရာသီအတွင်း ကမ်းဝေး ငါးဖမ်းလှေများအပြင် စီးပွားဖြစ် လုပ်ကိုင်နေသည့် ကမ်းနီး ငါးဖမ်းလှေများကိုပါ ငါးဖမ်းဆီးခွင့် ပိတ်ပင်မည်

ရန်ကုန်၊ ဧပြီ ၉ 

လာမည့် ငါး မဖမ်းရရာသီအတွင်း ကမ်းဝေးငါး ဖမ်းလှေများအပြင်စီးပွားဖြစ်လုပ် ကိုင်နေသည့် ကမ်းနီးငါးဖမ်းလှေများကိုပါတစ်ပါတည်းငါးဖမ်းဆီးခွင့်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှသိရသည်။ အဆိုပါဒေသဆိုင်ရာ အာဏာပိုင်များခွင့်ပြုထားသည့် စီးပွား ဖြစ်လုပ်ကိုင်လျက်ရှိသော ကမ်းနီး ငါးဖမ်းလှေများကို ငါးဖမ်းဆီးခွင့် ပိတ်ပင်၍ စားဝတ်နေရေးအရ နေ့ ချင်းပြန် ငါးဖမ်းလုပ်ငန်းလုပ်ကိုင် နေသော မိရိုးဖလာကမ်းနီးငါးဖမ်း လှေများကိုသာ ခွင့်ပြုငါးဖမ်းဆီးခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဦးလှဌေးက'' Close Season၊ Close Area နဲ့ ပတ်သက် ပြီး အခုလောလောဆယ် သိရသ လောက်ဌာနက အများကြီးလုပ် နေရပါတယ်။ အရင်တုန်းကလို ဇွန်၊ ဇူလိုင်၊ သြဂုတ်မှာ သုညရာ ခိုင်နှုန်းလုပ်ပြီး ပိတ်လိုက်ဖို့ အဲဒီလို မျိုးလုပ်ပေးမယ့် အတိုင်းအတာမှာ အခုက မေလကစပြီးပိတ်ရမလား၊ ဇွန်လကစပြီးပိတ်ရမလား၊ နှစ်လ ပိတ်ရမလား၊ သုံးလပိတ်ရမလားဖြစ် နေတယ်။ ကမ်းနီးတွေကိုတော့ပိတ် မယ်။ ကမ်းနီးပိတ်တဲ့နေရာမှာလည်း မိရိုးဖလာကမ်းနီးငါး ဖမ်းလုပ်ငန်း ကိုတော့ခွင့်ပြုသွားမယ်''ဟု ဧပြီလ ၉ရက်က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်တွင်ကျင်းပ ပြုလုပ်သည့်သား ငါးကဏ္ဍဆိုင်ရာလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင်ပြော သည်။ ယခုနှစ် ငါးမဖမ်းရရာသီ သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ကမ်း ဝေးငါးဖမ်းလုပ်ငန်းရှင်များအနေ ဖြင့် ငါးမဖမ်းရအချိန်ကာလကို သုံးလအစား နှစ်လ သို့မဟုတ် ၄၅ ရက် ဖြေလျှော့သတ်မှတ်ပေးရန်၊ ငါးမဖမ်းရရာသီအတွင်းကမ်းဝေး ငါးဖမ်းသင်္ဘောများသာမက စီးပွား ဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိ သော ကမ်းနီးငါးဖမ်းလှေ များကို ပါပိတ်ပင်ရန်အတွက် တင်ပြဆွေး နွေးခဲ့ကြောင်း သိရသည်။


ဦးလှဌေးက''ကျွန်တော်တို့ ဌာနကရည်ရွယ်တဲ့အတိုင်းအတာက ဇွန်၊ ဇူလိုင်၊ သြဂုတ်မှာ သုည ရာခိုင်နှုန်းပေါ့။ ငါးဖမ်းသင်္ဘော တစ်စင်းမှ ပေးမထွက်ဘူး။ အဲဒါကို အားလုံးကလက်ခံတယ်။ ဒါပေမဲ့ ငါး မဖမ်းရကာလကိုတော့ သုံးလ မ ဟုတ်ဘဲ နှစ်လပဲပိတ်ပေါ့။ တကယ် တမ်းပိတ်သင့်တာက မေ၊ ဇွန် အဲဒီလို မျိုးမှာပိတ်သင့်တာပါ။ ဘာလို့ လည်းဆိုတော့ သားပေါက်ရာသီမှာ မျိုးငါးတွေထိန်းသိမ်းခြင်း၊ ပေါက်လာတဲ့ သားပေါက်တွေကို ထိန်းသိမ်းခြင်းလုပ်နိုင်မယ်ဆိုရင်ငါးသယံဇာတ ကပိုမိုတိုးတက်လာ မှာပါ''ဟု ပြောသည်။ ယင်းငါးမဖမ်းရရာသီအတွင်း ကမ်းဝေး သို့မဟုတ် ကမ်းလတ်လိုင်စင်မဲ့ငါးဖမ်းလုပ်ကိုင်မှုများကို ဥပဒေအရ အရေးယူသွားမည်ဖြစ် ပြီး ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိ ယာသတ်မှတ်ခြင်းနှင့် ပတ်သက်၍ အတည်ပြုချက်ရယူရန် ပြည်ထောင် စုဝန်ကြီးသို့ တင်ပြထားရှိကြောင်း သိရသည်။


မြန်မာနိုင်ငံပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌဦးကျော်နိုင်က ''ရန်ကုန်မှာ ရန်ကုန်ပိုင်နက်ရေပြင်မရှိပေမယ့် ရန်ကုန်က အဓိကလိုဖြစ်နေတယ်။ Close Season၊ Close Area နဲ့ ပတ်သက်တဲ့အလုပ်ရုံဆွေးနွေးပွဲမှာ ပင်လယ်ပြင်ထွက်ခွာငါးဖမ်း ဆီးခွင့်ကို သုံးညရာခိုင်နှုန်းအထိ ပိတ်ထားဖို့ သဘောတူကြတယ်။ ဒါပေမဲ့ ပိတ်ထားမယ့်ကာလကို ဖြေလျှော့ပေးဖို့ဈေးဆစ်တာပေါ့။ ရခိုင်ရယ်၊ ဧရာဝတီရယ်က ၄၅ ရက် ရန်ကုန်၊ မွန်၊ တနင်္သာရီက ရက် ၆ဝ၊ နှစ်လ သတ်မှတ်ဖို့တောင်း ဆိုကြတယ်''ဟု ပြောသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများကို ထိန်းသိမ်းကာကွယ်ရန်အတွက် ၂ဝ၁၃ခုနှစ်မှစတင်၍ နှစ်စဉ် ငါးမဖမ်းရရာသီအဖြစ် သုံးလသတ်မှတ်၍ ကမ်းဝေးငါးဖမ်း သ င်္ဘောများကို ပင်လယ်ပြင်ထွက်ခွာ ငါးဖမ်းဆီးခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ 

TEEP

#democracytoday

Rate this item
(0 votes)
back to top