HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ပညာရေး အသက်အာမခံသစ်ကို မြန်မာ့အာမခံလုပ်ငန်း အပါအဝင် ပုဂ္ဂလိကအာမခံ ကုမ္ပဏီ ၁၂ ခုတွင် ဝယ်ယူနိုင်

ပညာရေး အသက်အာမခံသစ်ကို မြန်မာ့အာမခံလုပ်ငန်း အပါအဝင် ပုဂ္ဂလိကအာမခံ ကုမ္ပဏီ ၁၂ ခုတွင် ဝယ်ယူနိုင်

ရန်ကုန်၊ ဧပြီ ၉

ပညာရေးရပ် ဆိုင်းမသွားစေဘဲ ဆုံးခန်းတိုင်ဘွဲ့ ရသည်အထိ အကာအကွယ်ပေး နိုင်မည့် ပညာရေးအသက်အာမခံ သစ်ကို မြန်မာ့အာမခံလုပ်ငန်းအပါအဝင် ပုဂ္ဂလိကအာမခံကုမ္ပဏီ ၁၂ ခုတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ မိဘ သို့မဟုတ် အုပ်ထိန်းသူ၊ ဆွေမျိုးများအနေဖြင့် သား၊ သမီးများ၏ပညာရေးအတွက် ငွေကြေး ချွေတာစုဆောင်းသည့်အလေ့အထရရှိစေခြင်း၊ ပညာရေးအသက် အာမခံထားရှိသူသည် အာမခံသက် တမ်းအတွင်းသေဆုံးခြင်း၊ ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်းများ ကြောင့် အကျိုးခံစားခွင့်ရှိသူ သားသမီးများ၏ပညာရေးရပ် ဆိုင်းမသွားစေဘဲ ဆုံးခန်းတိုင် ဘွဲ့ရသည်အထိ အကာအကွယ်ပေး နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအာမခံအသင်း ဥက္ကဋ္ဌဒေါက်တာစန္ဒာဦးက''မြန်မာ နိုင်ငံအာမခံအသင်းနဲ့ JICA တို့ ပူးပေါင်းပြီးတော့မှ ကျောင်းသား ကျောင်းသူတွေအတွက် ပညာရေး အသက်အာမခံဈေးကွက်ကို မိတ်ဆက်ပေးတာဖြစ်ပါတယ်။ ပညာ ရေးအသက်အာမခံက မိဘတွေ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားခဲ့သော ဒါမှမဟုတ် တခြား သောမမျှော်လင့်နိုင်တဲ့တစ်ခုခု ကြောင့် ထာဝစဉ်မသန်မစွမ်းဖြစ် ခဲ့သော် ကိုယ့်သားသမီးတွေ ပညာ ရေးဆုံးခန်းတိုင်အောင် အများအားဖြင့် တက္ကသိုလ်ပညာရေးမှာဘွဲ့ရတဲ့အထိ ပညာသင်ကြားနိုင် ဖို့အတွက်ပါ။ ငွေစုဆောင်းနိုင် တဲ့အလေ့အထလေးဖြစ်လာပြီး ပရီမီယံကို နှစ်စဉ်သွင်းသွားမယ်ဆိုရင် ကြားမှာ အကြောင်းတစ်စုံ တစ်ခုကြောင့် ခုနပြောတဲ့သေဆုံးမယ်၊ မစွမ်းမသန်ဖြစ်မယ်ဆိုရင်တက္ကသိုလ်တက်တဲ့အချိန်မှာအဆင်သင့် ဒီငွေဟာရရှိမှာဖြစ်ပါတယ်။ ပညာရေးဆုံးခန်းတိုင်တဲ့အထိသင်ကြားသွားနိုင်မှာဖြစ်ပါ တယ်။ အကယ်၍အခုလိုအန္တရာယ် တွေမကျရောက်ခဲ့ဘူးဆိုရင်လည်း ဒါကစုငွေတစ်ရပ်အနေနဲ့ဖြစ်သွားပြီး ကိုယ့်သားသမီးတက္ကသိုလ်တက်တဲ့အချိန်မှာနှစ်အလိုက် အကျိုးခံစားခွင့်တွေရရှိပြီး တက္ကသိုလ်ပညာရေးပြီးဆုံးတဲ့အထိသင်ကြား နိုင်မှာဖြစ်ပါတယ်''ဟု ဧပြီ ၉ ရက်က ရန်ကုန်မြို့ရှိမြန်မာ့အာမခံရုံးချုပ်၌ပြုလုပ်သည့် ရှင်းလင်းပွဲ တွင် ပြောသည်။


ပညာရေးအသက်အာမခံသစ် သည် ငွေစုဆောင်းသည့်အာမခံ အမျိုးအစားဖြစ်ပြီး အသက်(၁၈) နှစ်မှ(၅၆) နှစ်ရှိသူသာ မိမိ သား၊ သမီး၊ ဆွေမျိုးတော်စပ်သူများကို အာမခံထားရှိပေးနိုင်မည်ဖြစ် ကြောင်း၊ အာမခံသက်တမ်းမှာ ကိုး နှစ်၊ ၁၁ နှစ်၊ ၁၄နှစ်စသည်ဖြင့် သတ်မှတ်ထားရှိပြီး အနည်းဆုံး ကျပ်သိန်း ၅ဝ မှ အများဆုံးကျပ် သိန်း ၁ဝဝဝ အထိ အာမခံထားရှိ နိုင်ကြောင်း၊ ပရီမီယံနှုန်းပေးသွင်း ရာတွင် အာမခံထားသူ၏အသက်၊ အာမခံသက်တမ်း၊ အာမခံထား ငွေတို့အပေါ်တွင် မူတည်၍ပေး သွင်းရမည့်ပရီမီယံနှုန်းကို တွက် ချက်မည်ဖြစ်ပြီး တစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်၊ ခြောက်လတစ် ကြိမ်၊ ၁၂ လတစ်ကြိမ် အရစ်ကျ ပေးသွင်းနိုင်ကြောင်း သိရသည်။


မြန်မာနိုင်ငံအာမခံအသင်း ၏ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အသက်အာမခံကော်မတီ ဥက္ကဋ္ဌဦးရန်ပိုင်စိုးဦးက''အာမခံ ထားငွေကို အနည်းဆုံးကျပ်သိန်း ၅ဝ ကနေ အများဆုံးကျပ်သိန်း ၁ဝဝဝ အထိထားနိုင်ပါတယ်။ကျပ်သိန်း ၅ဝ အနည်းဆုံးသတ်မှတ် ထားတယ်ဆိုတာက မြန်မာနိုင်ငံ မှာပညာရေးအတွက်စုဆောင်းငွေဆိုတာက ဒီလောက်ပမာဏရှိမှ နောက်ပိုင်းတက္ကသိုလ်တက်ရင် ဒီ စရိတ်က ကာမိမယ်ဆိုတဲ့အနေအ ထားမျိုးဖြစ်တဲ့အတွက်သတ်မှတ် ထားတာဖြစ်ပါတယ်။ နှစ်စဉ်ရောင်း ကြည့်မယ်။ လေ့လာမယ်။ အကယ် ၍ဒီနှုန်းထက်ထပ်လျှော့လို့ရရင် ထပ်လျှော့သွားမယ်။ လူအဝယ် များတဲ့အပေါ် ပရောတက်ကိုပြင် ဆင်ရေးဆွဲသွားမှာဖြစ်ပါတယ်''ဟု ပြောသည်။


ပညာရေးအသက်အာမခံ ပေါ်လစီရှင်တစ်ဦးအနေဖြင့် နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်ပုံစံကို ဝယ်ယူထားရှိသူဖြစ်ပါက သေဆုံး မှုအကျိုးခံစားခွင့်၊ ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်၊ ပရီမီယံကင်း လွတ်ခွင့်၊ပညာရေးအကျိုးခံစားခွင့်၊ ပေါ်လစီကိုစာရင်းပိတ်ခြင်း၊ အမ်း ငွေထုတ်ယူခြင်း၊ ချေးငွေရနိုင်ခြင်း စသည့်အကျိုးခံစားခွင့်များရရှိ မည်ဖြစ်ပြီး အခြေခံအကျိုးခံစားခွင့်ပုံစံ ဝယ်ယူထားရှိသူအနေဖြင့် ပရီမီယံကင်းလွတ်ခွင့်၊ ပညာရေး အကျိုးခံစားခွင့်၊ ပေါ်လစီကိုစာရင်းပိတ်ခြင်း၊အမ်းငွေထုတ်ယူခြင်း၊ ချေးငွေရနိုင်ခြင်းစသည့် အကျိုးခံစားခွင့်များရရှိမည်ဖြစ်ကြောင်း၊အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကို သတ်သေခြင်း၊ အာမခံဝယ်ယူစဉ်ကဖော်ပြရန် ထိမ်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း သေဆုံးခြင်းကိစ္စများကြောင့် သေဆုံးခဲ့ပါက သေဆုံးမှုအကျိုးခံစား ခွင့်ရရှိမည်မဟုတ်ဘဲ အမ်းငွေပမာ ဏကိုသာ အကျိုးခံစားခွင့်ရှိသူ အားထုတ်ပေးမည်ဖြစ်ကြောင်း သိ ရသည်။

TEEP

#democracytoday

Rate this item
(0 votes)
back to top