HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

သင်္ကြန်ပွဲတော် ခွင့်ရက်ဖြင့်ပြန်လာသော မြန်မာအလုပ်သမားများ မြဝတီမြို့၌ ခါးပိုက်နှိုက်ခံရမှုနှင့် ငွေလိမ်ခံရမှုများရှိနေ၍ ရဲတပ်ဖွဲ့မှ လုံခြုံရေးစောင့်ကြည့်ပေးနေရ

သင်္ကြန်ပွဲတော် ခွင့်ရက်ဖြင့်ပြန်လာသော မြန်မာအလုပ်သမားများ မြဝတီမြို့၌ ခါးပိုက်နှိုက်ခံရမှုနှင့် ငွေလိမ်ခံရမှုများရှိနေ၍ ရဲတပ်ဖွဲ့မှ လုံခြုံရေးစောင့်ကြည့်ပေးနေရ

မြဝတီ၊ ဧပြီ ၉

မြန်မာ့ရိုးရာ အတာသင်္ကြန်အတွက် ခွင့်ရက်ရှည်ရသဖြင့် မြန်မာ-ထိုင်းနယ်စပ်အမှတ်(၁)ချစ်ကြည်ရေးတံတား ကြီးမှတစ်ဆင့် ကရင်ပြည်နယ်မြ ဝတီမြို့သို့ ပြန်လာကြသော မြန်မာအလုပ်သမားများမှာ ခါးပိုက်နှိုက်ခံရမှုနှင့် ဘတ်ငွေလဲလှယ်ရာတွင် အလိမ်ခံရမှုများဖြစ်ပေါ်နေ သောကြောင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး စောင့်ကြည့်ပေးနေရ ကြောင်းသိရသည်။ မြဝတီမြို့တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန်လာကြသော မြန်မာအလုပ်သမားများမှာ မြဝတီမြို့အ ရောက်တွင် ၎င်းတို့၌ပါရှိလာသော လုပ်အားခဘတ်ငွေများကိုမြန်မာ ငွေဖြင့်လဲလှယ်ကြရာ၌ မသမာသူ လူလိမ်များထံလဲလှယ်မိပါကလက်လှည့်နည်းဖြင့် ငွေလိမ်ခံကြ ရပြီး ငွေလိမ်ခံရပါကလည်း ချက်ချင်းမသိနိုင်ဘဲ မိမိငွေကိုပြန်လည် ရေတွက်မိသည့်အခါမှသာ သိရှိ ကြရသည်။

'' အခုရက်ပိုင်းမှာထိုင်းကခွင့်နဲ့ပြန်လာတဲ့ အလုပ်သမားတွေများ တော့ ခါးပိုက်နှိုက်တွေ ငွေလဲပြီး လိမ်မယ့်သူတွေက အောက်က တက်လာကြတယ်။ အလိမ်ခံရသူ တွေကလည်း မြဝတီမြို့တွင်းမှာ ဖြစ်ပြီး နေရာလည်းမမှတ်မိ၊ငွေလဲသူကိုလည်း မသိကြတော့ လိုက်ဖမ်း ပေးဖို့ အခက်အခဲဖြစ်တယ်။ ဒါ ကြောင့် ရဲတပ်ဖွဲ့ဝင်တွေကိုအရပ် ဝတ်တွေနဲ့ တံတားကြီးပေါ်နဲ့ထိုင်း ဘက်ခြမ်းတံတားထိပ်၊ လှေဆိပ်နဲ့ ကားဂိတ်တွေမှာပါ စောင့်ကြည့်ခိုင်း ထားတယ်။ ခါးပိုက်နှိုက်နဲ့ငွေလိမ် သူတွေဖမ်းမိရင် ဥပဒေအရအရေးယူသွားမှာဖြစ်ပါတယ်''ဟု မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်နိုင်ထွန်းက ပြောကြားသည်။


ဧပြီ ၆ ရက်က ပဲခူးမြို့သို့ပြန်မည့် မသိင်္ဂီလွင်ဆိုသည့် အမျိုးသမီးသည် ထိုင်းဘက်ကမ်း၌ခါး ပိုက်နှိုက်ခံရသောကြောင့် ပတ်စ်ပို့၊ မှတ်ပုံတင်၊ အလုပ်သမားကတ်၊ MoU စာအုပ်နှင့် ဘတ်ငွေ ၈၈ဝဝ အပြင် ရွှေငါးမူးသားဆွဲကြိုးတစ် ကုံးပါသွားပြီး ဧပြီ ၆ ရက်နှင့် ၇ ရက်ကလည်း မြဝတီမြို့၌ အလုပ်သမားသုံးဦး ငွေလဲရာတွင် တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းစီ ငွေလိမ်ခံခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်နေသည့်အပြင် မြဝတီ မော်တော်ယာဉ်များအသင်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ယာဉ် အထောက်အကူအဖွဲ့ဝင်များမှလည်း မော်တော်ယာဉ်ပေါ်တွင် လူနှင့် ကုန်ပါ အဆမတန်တင်ဆောင် မောင်းနှင်မှုများကို ဖမ်းဆီးအရေး ယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

KKTM (MWD)

#democracytoday

Rate this item
(0 votes)
back to top