HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

နိုင်ငံ့ ဂျီဒီပီ တိုးတက်ရန် မျှော်မှန်း၊ လုပ်ငန်းများကို ဟန်ပြမလုပ်ဘဲ ပြည်သူ့အတွက် အကျိုးရှိစေရန် လုပ်ဆောင်သင့်ဟု သမ္မတ သတိပေး

နိုင်ငံ့ ဂျီဒီပီ တိုးတက်ရန် မျှော်မှန်း၊ လုပ်ငန်းများကို ဟန်ပြမလုပ်ဘဲ ပြည်သူ့အတွက် အကျိုးရှိစေရန် လုပ်ဆောင်သင့်ဟု သမ္မတ သတိပေး

ရန်ကုန်

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံ၏ ဂျီဒီပီတိုးတက်ရေးအတွက် မျှော်မှန်းထားကြောင်းနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းများအတွက် ဘဏ္ဍာငွေကို ဟန်ပြသုံးစွဲခြင်းမျိုး မဖြစ်စေဘဲ ပြည်သူအတွက် အကျိုးရှိစေမည့်သုံးစွဲခြင်းမျိုးဖြစ်စေလိုကြောင်း ဘဏ္ဍာရေး ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သတိပေးပြောဆိုသည်။  ဘဏ္ဍာရေးကော်မရှင် ၁/၂ဝ၁၉ ကြိမ် မြောက်အစည်းအဝေးကို ဧပြီ ၉ ရက်က နေပြည် တော်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါကော်မရှင် ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်သမ္မတက အထက်ပါ အတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

''၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံ တော်ရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး ဂျီဒီပီ တိုးတက်မှုနှုန်းကို ၇ ဒသမ ၆ ရာခိုင်နှုန်း ရရှိစေရန် မျှော်မှန်း ထားပါတယ်။ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု များနဲ့ နိုင်ငံတော်အစိုးရရဲ့ ဘတ်ဂျက်သုံးစွဲမှု များက ပြည်တွင်းစီးပွားရေးအပေါ် ရိုက်ခတ်မှု ရှိပါတယ်''ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအဆင့်ဌာန ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများမှာ သာမန်အသုံးစရိတ် ငွေကျပ် ၉၇၁ ဘီလီယံ၊ ငွေလုံးငွေရင်းအသုံးစရိတ် ငွေ ကျပ် ၄၆၇ ဘီလီယံ၊ လုပ်ငန်းသုံးရင်းနှီးငွေ ကျပ် ၇ဝ၉ ဘီလီယံ၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော ဌာနအဖွဲ့အစည်းများ၏ ထပ်မံတိုးမြှင့်သုံးစွဲငွေ ကျပ် ၂၇၇ ဘီလီယံ စသည်ဖြင့် စုစုပေါင်း ဖြည့် စွက်ခွင့်ပြုငွေတောင်းခံမှုသည် ငွေကျပ် ၂၆၃၅ ဘီလီယံဖြစ်ကြောင်း သိရသည်။


''နိုင်ငံတော်ရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ) တိုးတက် ရေးအတွက် နိုင်ငံတော်ရဲ့ အသုံးစရိတ်များက အဓိကမောင်းနှင်အားဖြစ်ပါတယ်။ ဌာနအဖွဲ့ အစည်းများအနေနဲ့ ဟန်ပြဖြစ်စေမယ့်လုပ်ငန်းများအတွက် သုံးစွဲခြင်းမျိုးမဖြစ်စေဘဲ ပြည်သူ များအတွက် အမှန်တကယ်အကျိုးရှိစေမယ့် လုပ်ငန်းများအတွက်သာ သုံးစွဲခြင်းမျိုးဖြစ်စေလိုပါတယ်''ဟု နိုင်ငံတော်သမ္မတက ဆက်လက် ပြောဆိုခဲ့သည်။  ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံမှုသည် ငွေကျပ် ၂၂၄ ဒသမ ၆၉၇ ဘီလီယံရှိပြီး ဖြည့်စွက်ခွင့်ပြုငွေကို ခွင့်ပြုပါက ဖြစ်ပေါ်လာမည့် တိုင်းဒေသကြီးနှင့် ပြည် နယ်များ၏ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက် မူလခန့်မှန်းခြေမှာ ငွေကျပ် ၁၇၉၃ ဒသမ ၆၄၅ ဘီလီယံဖြစ်ကြောင်း သိရသည်။


ထို့အပြင် တည်ဆောက်ရေးလုပ်ငန်းများ၊ ဝယ်ယူရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူ ခြင်းလုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်း မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန်နှင့် စီမံကိန်းများ ခေါ်ယူရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ ခေါ်ယူရန်နှင့် လက်တစ်လုံးခြား လုပ်ကိုင်ဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်းကိုလည်း နိုင်ငံ တော်သမ္မတက သတိပေးပြောဆိုလိုက်သည်။

မင်းဗညား

#theyangontimes

Rate this item
(0 votes)
back to top