HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ခိုင်လုံသော အထောက်အထား မရှိသည့်အတွက် ဟိုတယ်ခရီး အမြဲတမ်းအတွင်းဝန်ကို အရေးယူမှု မပြုလုပ်ခဲ့ခြင်းဖြစ် ဟုဆို  

ခိုင်လုံသော အထောက်အထား မရှိသည့်အတွက် ဟိုတယ်ခရီး အမြဲတမ်းအတွင်းဝန်ကို အရေးယူမှု မပြုလုပ်ခဲ့ခြင်းဖြစ် ဟုဆို   

ရန်ကုန်

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်ငြိစွန်းကြောင်း ခိုင်လုံသောသက်သေ အထောက်အထားမရှိဟု ဆုံးဖြတ်ခဲ့သည့်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရည်မွန်အပေါ် အရေးယူမှုမပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံမှသိရသည်။ ဦးရည်မွန်အပေါ် ဦးဌေးအောင်၏ စွပ်စွဲတိုင်ကြားချက်နှစ်ချက်နှင့် စပ်လျဉ်း၍ ကော် မရှင်မှ ဧပြီ ၉ ရက်တွင် သတင်းထုတ်ပြန် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

တိုင်ကြားမှုများကြောင့် စစ်ဆေးရာတွင် ဦးရည်မွန်သည် တင်သွင်းခွင့်လိုင်စင်မရှိသော မော်တော်ယာဉ်အား အသွင်သဏ္ဌာန်ပြောင်း၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)သို့ လျှောက်ထားခဲ့ရာ ယင်းဌာနမှ အခြားဌာနဆိုင်ရာ ယာဉ် ၁၆ စီးနှင့်အတူ ခွင့်ပြုခဲ့သဖြင့် ဒဏ်ကြေးငွေပေးဆောင်၍ မှတ်ပုံတင်ပြီး ဌာနပိုင်မော်တော်ယာဉ်အဖြစ် အသုံးပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသော်လည်း ဦးဌေးအောင်ထံမှ ငွေကျပ်သိန်း၁ဝဝရယူကြောင်း၊ ထိုငွေအတွင်းမှ ငွေကျပ်သိန်း ၆ဝ ဖြင့် အဆိုပါယာဉ်အား ဝယ်ယူခဲ့ခြင်းဖြစ် ကြောင်း၊ ခိုင်လုံသောအထောက်အထား ပြသ နိုင်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။


ထို့အပြင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်း နှီးမြှုပ်နှံမှုကော်မတီထံမှ အမေရိကန်ဒေါ်လာ ၁သိန်း လက်ခံရယူ၍ နေပြည်တော် ကမ္ဘောဇဘဏ်ခွဲ(၃)တွင် ဘဏ်စာရင်းဖွင့်လှစ်၍သုံးစွဲ ကြောင်း စွပ်စွဲချက်နှင့်စပ်လျဉ်း၍ ယင်းသို့ ဘဏ်စာရင်းဖွင့်လှစ်သည့်ငွေမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက်သုံးစွဲရန် ယာယီအပ်နှံသည့်ငွေဖြစ်ခြင်း၊ အပ်နှံငွေမှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ပိုင်ငွေ ဖြစ်ခြင်း၊ အဆိုပါအပ်နှံငွေကို ခရီးသွားလာ ရေးလုပ်ငန်း ဖွံ့ဖြိုးရေးကိစ္စအတွက်သာ သုံး စွဲခဲ့ခြင်း၊ ယင်းကိစ္စအတွက် အခွင့်အရေးတစ်စုံ တစ်ရာ ပေးခဲ့ခြင်းမရှိကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သည်။


ယင်းနောက် တိုင်ကြားစာတွင် မပါဝင် သော်လည်း စုံစမ်းစစ်ဆေးစဉ် ထပ်မံတိုင် ကြားမှုအရ စထရင်းဟိုတယ်နှင့် သမ္မတဟို တယ်တို့အား အဆင့်မြှင့်တင်ပြုပြင်မွမ်းမံခြင်း၊ အင်လျားလိတ်ဟိုတယ်ဝင်းအတွင်း Convention Centre ဆောက်လုပ်ခြင်းတို့နှင့် စပ် လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဟောင်ကောင်အခြေစိုက် Strand Hotel International Limited တို့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၁၉၉ဝ မေ ၁၅ ပါ ရက်စွဲဖြင့် ခွင့်ပြုမိန့်ပေးခဲ့သည့် Myanmar Hotel International Limited ဖက်စပ်ကုမ္ပဏီကိုထူထောင်ပြီး ပဋိညာဉ်စာ ချုပ်ချုပ်ဆို၍ ၎င်းပဋိညာဉ်စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အထက်ပါ လုပ်ငန်းများအား ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့သည်။


သို့ဖြစ်ပါ၍ စစ်ဆေးတွေ့ရှိချက်များအပေါ် ၂ဝ၁၈ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ကျင်းပသည့် ကော်မရှင်အစည်းအဝေး၌ မူဝါဒနှင့်အညီ အလေးအနက်ထား စဉ်းစား ဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်အပြည့်အစုံ ဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ သုံးပုံနှစ်ပုံအထက် သာလွန်သောမဲဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေနှင့်ငြိစွန်းကြောင်း ခိုင်လုံသော အထောက်အထားမရှိဟု ဆုံးဖြတ်ခဲ့သည့်အတွက် အရေးယူမှုမပြုခဲ့ခြင်းဖြစ်ပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍လည်း တိုင်ကြားသူကို ကော်မရှင်အဖွဲ့ဝင်များမှ ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းဆွေးနွေးခဲ့ပြီးလည်းဖြစ်ကြောင်း ထုတ် ပြန်ထားသည်။

အာကာထက်

#theyangontimes

Rate this item
(0 votes)
back to top