HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၁၇ - ဧပြီ ၁၅ ရက် ၁၉၀၀ အချိန် မူးယစ်တပ်ဖွဲ့စု(၄၂)ရန်ကုန်(အနောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းနှင့်စည်ပင်လမ်းထောင့်တွင်တွေ့ရှိသူ စည်သူဖြိုး(ခ)စည်လေး အားစစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

ကွင်းဆက်အရ ၂၂၁၀ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၄) ရပ်ကွက်၊ သိင်္ဂီ(၂)လမ်း၊ မ/၂၆၉ နေ ရဲရင့်အောင်(ခ)ရဲရဲ၏နေအိမ်အားသွားရောက်ရှာဖွေရာ နေအိမ်အိပ်ခန်း ခုတင်ခြေရင်းရှိ စီးကရက်ဘူးခွံအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကာ စစ်ဆေးပေါ်ပေါက်ချက်အရ ဧပြီ ၁၆ ရက်နေ့ ၀၁၁၅ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂၂)ရပ်ကွက်၊ မြတ်လေး(၈)လမ်း၊ မ/၄၆၃ နေ ကြွက်(ခ)သူရ(ခ)စောသူရ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ရေချိုးခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် စည်သူဖြိုး(ခ)စည်လေး(၁၈)နှစ်၊ ရဲရင့်အောင်(ခ)ရဲရဲ(၂၅)နှစ်နှင့် ကြွက်(ခ)သူရ(ခ)စောသူရ(၄၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

 MHA

Rate this item
(0 votes)
YMG

back to top