HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ကျန်းမာရေး ဦးစီးဌာန ၀န်ထမ်းအိမ်ယာ ပန္နက်တင် အခမ်းအနား ပြုလုပ်

ကျန်းမာရေး ဦးစီးဌာန ၀န်ထမ်းအိမ်ယာ ပန္နက်တင် အခမ်းအနား ပြုလုပ်

မြင်းမူ ဧပြီ ၁၉

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံဝင်းအတွင်း ၀န်ထမ်းအိမ်ယာ တည်ဆောက်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဝန်ထမ်းအိမ်ယာ ပန္နက်များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်း၊ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းမြင့် ၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီလာလွင်၊ မြို့နယ်စီမံခန့်ခွဲ မှုကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်လွင်၊ မြင်းမူမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာကေသီခိုင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပန္နက်တင်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း နှင့်ယခုတည်ဆောက်မည့် ၀န်ထမ်းအိမ်ယာမှာ ၄ ခန်းတွဲ ၄ ထပ် (RC) အမျိုးအစားဖြစ်ပြီး ပြည်တောင်စု ဘက်ဂျက် ခွင့်ပြုငွေ ဖြင့် ချင်းတွင် သီဟကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည် ဖြစ်ကြောင်း သိရှိရသည်။

 

Rate this item
(0 votes)
back to top