HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

သင်္ကြန်ပွဲတော်အပြီး ခွင့်ပြန် မြန်မာအလုပ်သမားများ လုပ်ငန်းခွင်ဝင်ရန် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာ

သင်္ကြန်ပွဲတော်အပြီး ခွင့်ပြန် မြန်မာအလုပ်သမားများ လုပ်ငန်းခွင်ဝင်ရန် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာ

မြဝတီ၊ ဧပြီ ၂ဝ 

နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဆင်နွှဲခဲ့ပြီး နောက် ခွင့်ပြန်လာကြသော မြန် မာအလုပ်သမားများသည် ဧပြီ ၁၈ ရက်မှစတင်၍ လုပ်ငန်းခွင်ရှိ ရာ ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ပြန်လည်ထွက်ခွာနေကြပြီဖြစ် ကြောင်း သိရသည်။ ဘန်ကောက်သို့ ပြန်သွားမည့် သူများ၊ များပြားခြင်းကြောင့် မဲ ဆောက်မြို့ရှိ အဝေးပြေးကားဂိတ် တွင် ခရီးသည်များ ကြိတ်ကြိတ်တိုး လျက်ရှိကာ နံနက် ၇ နာရီခန့်မှ စ၍ လက်မှတ်ဝယ်၍မရတော့ ကြောင်း သိရသည်။

''မဲဆောက်မြို့မှာရှိတဲ့ ဘန် ကောက်ကားလက်မှတ်ဈေးနှုန်းက (ကားလတ်)ရိုးရိုးဘတ် ၆၅ဝ နဲ့ ဘတ် ၇ဝဝ နှစ်မျိုးရှိတယ်၊ နှစ်ထပ် ကားကြီးက အရင်ကဘတ် ၅ဝဝ ကနေ အခုဘတ် ၆ဝဝ ကနေ ဘတ် ၇ဝဝ ဖြစ်နေပါတယ်။ ယခင် ရောင်းဈေးထက် ဘတ် ၂ဝဝ ပိုမြင့် တက်သွားတာပေါ့'' ဟုမဲဆောက် နေ မြန်မာတစ်ဦးက ပြောသည်။ ထိုင်းဘက်ခြမ်း ချစ်ကြည်ရေး တံတားအနီးတွင် လက်မှတ်မှောင် ခို ပြန်ရောင်းမှုများရှိသဖြင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံမှ တရားဝင် အစိုးရကား များဖြင့် သွားလာကြရန် ထိုင်းအစိုး ရက ကြေညာချက်များ ထုတ်ပြန် ထားကြောင်း သိရသည်။


''ထိုင်းအစိုးရရဲ့ ကိုးသုံးလုံး (၉၉၉)နှစ်ထပ်ကားမျိုး၊ တရားဝင် ပြေးဆွဲနေတဲ့ လိုင်းကားတွေနဲ့သာ သွားလာဖို့ မြန်မာအလုပ်သမား တွေကို ပြောလိုပါတယ်၊ မိမိအသက် အန္တရာယ်အတွက် အာမခံချက် မရှိတဲ့(ကားလတ်)တွေနဲ့ မသွားကြ ဘဲ ထိုင်းအစိုးရရဲ့ တရားဝင်နှစ်ထပ် ကားတွေနဲ့ သွားလာကြဖို့မှာချင်ပါ တယ်'' ဟု မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားများအရေး ဆောင်ရွက်ပေးနေသူ l(KTG) မှ ကိုသားကြီးက ပြောသည်။


''ထိုင်းကို လုပ်ငန်းခွင်ပြန်ဝင် မယ့် မြန်မာအလုပ်သမားတွေကို မြန်မာပြည်ကအထွက်ကော ထိုင်း ဘက်အဝင်ပါ တုံးထုရပါတယ်၊ ငွေ မပေးရပါဘူး၊ ခွင့်သတ်မှတ်ထားတဲ့ ဧပြီ ၃ဝ ရက်ကျော်သွားရင်တော့ တုံးထုခတွေ ပေးရတော့မှာဖြစ်ပါ တယ်''ဟု မြန်မာဘက်ချစ်ကြည် ရေးတံတားကြီးမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။ ဧပြီ ၁၈ ရက်မှ ဧပြီ ၂ဝ ရက် မွန်းလွဲပိုင်းအထိ သုံးရက်အ တွင်း လုပ်ငန်းခွင်ပြန်ကြသည့် မြန် မာအလုပ်သမား ၄ဝဝဝဝ ခန့်ရှိ ကြောင်း သိရသည်။

KKTM(MWD)

#democracytoday

Rate this item
(0 votes)
back to top