HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဝါရင့် ပန်းချီဆရာကြီး စတား(ဦး)မြသန်း ကွယ်လွန်

ဝါရင့် ပန်းချီဆရာကြီး စတား(ဦး)မြသန်း ကွယ်လွန်

ရန်ကုန်၊ ဧပြီ ၂ဝ

ဆီဆေးပန်းချီများကို အများဆုံးရေးဆွဲခဲ့သည့် ဝါရင့်ပန်းချီဆရာကြီး စတား (ဦး)မြသန်းသည် ယခုလ ၂ဝရက် နံနက်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဧပြီ ၂ဝရက် နံနက် ၅ နာရီ မိနစ် ၂ဝတွင် အာရှတော်ဝင် ဆေးရုံ၌ မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံး(ဗဟို)နာယက ပန်းချီဆရာကြီးစတား(ဦး) မြသန်းကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ကွယ် လွန်ချိန်တွင် အသက်(၈၅)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

''အဖေက အသည်းကင်ဆာရောဂါနဲ့ဆုံးတာပါ။ အစကတော့ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဆေးရုံဆင်းလိုက် တက်လိုက်နဲ့ပဲ။ အသည်းကင်ဆာနောက်ဆုံးအဆင့်ကျမှ ဒီရောဂါဖြစ်နေမှန်းသိခဲ့ ရတာ''ဟု ဆရာကြီးဦးမြသန်း၏ သမီးဖြစ်သူ မရီရီမိုးက ပြောသည်။ ဆရာကြီး ဦးမြသန်းသည် ပန်းချီလောကတွင် ဆီဆေးပန်းချီ များကို အများဆုံးရေးဆွဲခဲ့သူဖြစ်ပြီး ပန်းချီကားပေါင်း၂ဝဝဝကျော် ကိုရေးဆွဲခဲ့သူဖြစ်ကြောင်း၊ အသက် ၁၄ နှစ်ခန့်ကပင် ပန်းချီ လောကကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး ပန်းချီလောကတွင် ဆီဆေး ပန်းချီရေးဆွဲရာတွင် လက်ရာကောင်းမွန်မှုဖြင့် နာမည်ကျော်ကြား သူတစ်ဦးဖြစ်ခဲ့ကြောင်း သိရသည်။


''ဒီလိုဆရာကြီးက တစ်ခေတ်တစ်ခါမှာပဲ ပေါ်တဲ့လူတစ်ဦးလိုပါပဲ။ အရမ်းနှမြောရသလို၊ အရမ်းလည်း ဝမ်းနည်းမိပါတယ်။ နောက် တစ်ခေတ်မှာ သူလိုလူပေါ်လာဖို့ဆိုတာ အရမ်းခဲယဉ်းတယ်။ ဆီ ဆေးရေးဆွဲနိုင်မှု အရမ်းကောင်းသလို အရမ်းကျွမ်းကျင်တဲ့လူတစ် ဦးပါ''ဟု ပန်းချီဆရာဘိုကလေး ဌေးလွင်က ပြောသည်။


ပန်းချီဆရာကြီး စတားဦးမြသန်းသည် မေ ၁ဝရက်တွင် ကျ ရောက်မည့်မွေးနေ့၌နေပြည်တော်ရှိ ငြိမ်းချမ်းရေးစေတီတော်တွင် မိသားစုနှင့်အတူ လှူဒါန်းရန်အတွက် ပန်းချီကားတစ်ချပ်ကိုရေးဆွဲ ခဲ့သော်လည်း ၇၅ရာခိုင်နှုန်းခန့်သာပြီးဆုံးခဲ့ကြောင်း၊ အဆိုပါ ပန်းချီ ကားမှာ ၎င်း၏နောက်ဆုံး လက်ရာဖြစ်ပြီး ပန်းချီကားကို လက်စ မသတ်နိုင်ခဲ့သော်လည်း မွေးနေ့တွင် ¤င်း၏ကိုယ်စားလှူဒါန်းသွား မည်ဖြစ်ကြောင်း မိသားစုများထံမှ သိရသည်။ ပန်းချီဆရာကြီး စတားဦးမြသန်း၏ ကြွင်းကျန်သည့်ရုပ်ကလာပ် ကို ၂၂ရက်နေ့တွင် ထိန်ပင်သုသာန်သို့ ပို့ဆောင်သဂြုင်္ိဟ်မည်ဖြစ်ပြီး ၂၆ရက်နေ့တွင် ကွယ်လွန်သူအားရည်စူးပြီး ဆွမ်းကျွေး တရားတော် နာပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ATK

#democracytoday

 

Rate this item
(0 votes)
back to top