HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

တိုင်းအဆင့် စက်မှုဇုန် အဆင့်မြှင့်တင်ရေးကော်မတီများကို တာဝန်ပေးအပ်

တိုင်းအဆင့် စက်မှုဇုန် အဆင့်မြှင့်တင်ရေးကော်မတီများကို တာဝန်ပေးအပ်

ရန်ကုန်၊ ဧပြီ ၂၃ 

တောင်ဒဂုံမြို့ နယ်ရှိစက်မှုဇုန် (၁)၊ (၂)၊ (၃)တို့ တွင် တိုင်းဒေသကြီးအဆင့် စက်မှုဇုန် အဆင့်မြှင့်တင်ရေးကော်မတီများကို ရန်ကုန်တိုင်းအစိုးရက ဧပြီ ၂၃ ရက်တွင် တာဝန်ပေးအပ်လိုက် ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များကိုအဆင့်မြှင့် တင်နိုင်ရေးအတွက် အစိုးရသစ်စတင် တာဝန်ယူစဉ်ကတည်းက ကြိုးစားခဲ့ကြောင်း ထို့ကြောင့်တိုင်း ဒေသကြီးအဆင့် စက်မှုဇုန်အဆင့် မြှင့်တင်ရေးကော်မတီများကို ဖွဲ့ စည်းဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်းက ပြောသည်။

ဧပြီ ၂၃ ရက်၊ တောင်ဒဂုံစက်မှုဇုန် (၁)ခန်းမ၌ တောင်ဒဂုံစက်မှု ဇုန်(၁)၊(၂)၊(၃) စက်မှုဇုန်ကြီးကြပ် ရေးကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်း ယင်းသို့ တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ယခုဖွဲ့စည်းပေးခဲ့သည့် ကော်မတီများသည် တိုင်းအစိုးရအဖွဲ့ ကိုယ်စားပြောဆိုဆွေးနွေး၍ မရပါက ဥပဒေအတိုင်းလုပ်ဆောင် ရန်လိုကြောင်း ဥပဒေအတိုင်းမလုပ်ဆောင်နိုင်ပါက ဆက်လက်စီမံခန့်ခွဲလို့ရမည်မဟုတ်ကြောင်း လုပ်ထုံးလုပ်နည်းနှင့်အညီ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရန် အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းပြောကြားခဲ့ ကြောင်း Yangon Region Government တွင် ဖော်ပြထားသည်။


စက်မှုဇုန်တိုင်းတွင် ယခင်ကပင် ဇုန်ကော်မတီများဖွဲ့စည်းထား သော်လည်း ဌာနဆိုင်ရာအဖွဲ့အစည်းများမပါဝင်သည့် အဖွဲ့အစည်း ဖြစ်သောကြောင့် စက်မှုဇုန်များဖွံ့ ဖြိုးရေးနှင့် စည်းကမ်းပိုင်းကိုင်တွယ် ဆောင်ရွက်ရာ၌ ထိရောက်မှု မရှိခြင်းကြောင့် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများပါဝင်သည့် ဇုန် ကော်မတီကို ရန်ကုန်တိုင်းအစိုးရ ကသီးခြားထပ်မံဖွဲ့စည်းတာဝန် ပေးအပ်ခြင်းဖြစ်ကြောင်း တောင် ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။


''နဂိုရှိရင်းစွဲ ဇုန်ကော်မတီ တွေကရှိပြီးသားပဲ။ အဲဒီမှာမှ ဇုန် ကော်မတီဝင်တွေထဲကဥက္ကဋ္ဌ၊ အတွင်းရေးမှူးစတဲ့ သူငါးဦးကို ထုတ်နုတ်ပြီး ဌာနဆိုင်ရာတွေနဲ့ထပ်ပြီး ချိတ်ဆက်ပြီးကော်မတီ တစ်ရပ်ကို သီးခြားထပ်ဖွဲ့တာဖြစ်ပါတယ်။ ယခင်ရှိပြီးသားကော် မတီမှာက ဌာနဆိုင်ရာအဖွဲ့အစည်း ကသူတွေမပါဝင်တော့ ထိထိရောက် ရောက်မရှိဘူး။ အရေးမယူတော့ မလေးစားကြလို့။ ဒါကြောင့်မို့လို့ ဒီဇုန်တွေမြှင့်တင်နိုင်ဖို့ ကော်မတီ ကိုထပ်ပြီးတာ ဝန်ထပ်အပ်နှင်းလိုက် တာဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။


စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဥပဒေစည်းကမ်းနှင့်မကိုက်ညီသည့်ကိစ္စများအား ထိ ရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ထွေအုပ်၊ စည်ပင်၊ အလုပ်သမား ရေးရာဦးစီးဌာန အပါအဝင်ဌာနဆိုင်ရာအဖွဲ့အစည်းများစွာ ထပ်မံထည့်သွင်းကာ ကော်မတီအသစ်ကို သီးခြားထပ်မံဖွဲ့စည်း တာဝန် ပေးခြင်းဖြစ်ကြောင်း သိရသည်။

TTMT

#democracytoday

Rate this item
(1 Vote)
back to top