HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက် နှစ်ခုအတွင်းသို့ နွံကန်ပြိုကျ၊ သုံးဦးသေဆုံး၊ ၄၈ ဦးပျောက်ဆုံးပြီး စက်ယန္တရား အစီး ၄ဝ နွံထဲ နစ်

ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက် နှစ်ခုအတွင်းသို့ နွံကန်ပြိုကျ၊ သုံးဦးသေဆုံး၊ ၄၈ ဦးပျောက်ဆုံးပြီး စက်ယန္တရား အစီး ၄ဝ နွံထဲ နစ်

ရန်ကုန်၊ ဧပြီ ၂၃

ဖားကန့်မြို့နယ် တွင် ကျောက်စိမ်းလုပ်ကွက်နှစ်ခုထဲ သို့ နွံကန်ပြိုကျမှုကြောင့် လူသုံးဦးသေဆုံး ပြီး ၄၈ ဦးနှင့် စက်ယန္တရား အစီး ၄ဝ နွံနစ်လျက်ရှိကြောင်း သိရသည်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဗလခရွာနှင့် မောင်မောင်းလျှံရွာကြား ရှိ ယူနတီကုမ္ပဏီလုပ်ကွက်ဟောင်း အနက်ပေ ၁ဝဝ ခန့်၊ အကျယ် ၅ ဧက ခန့်ရှိ နွံကန်သည် ဧပြီ ၂၃ ရက် နံနက် ဝဝ နာရီ မိနစ် ၂ဝ ခန့်က ကျိုးပေါက်ခဲ့ကာ နွံကန်အောက်ရှိ နဂါးကိုးကောင်နှင့် မြန်မာသူရကျောက်စိမ်းကုမ္ပဏီလုပ်ကွက်နှစ်ခုအတွင်း ပြိုကျခဲ့ကြောင်း ဖား ကန့်မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံ မှ စုံစမ်းသိရသည်။

နွံကန်ပြိုကျမှုတွင် နဂါးကိုးကောင် ကုမ္ပဏီမှ ဝန်ထမ်း ၂၆ ဦး၊ ဘတ်ဟိုးယာဉ်ငါးစီး၊ မြေသယ်ယာဉ်ကိုးစီး၊ မြန်မာ သူရကုမ္ပဏီမှ ဝန်ထမ်း ၂၈ ဦး၊ ဘတ် ဟိုးယာဉ် ၁၁ စီး၊ မြေသယ်ယာဉ် ၁ဝ စီး၊ မိုင်းဖောက်စက်ငါးစီး စုစုပေါင်း လူ ၅၄ ဦးနှင့် စက်ယန္တရားအစီး ၄ဝတို့ မှာ ရွှံ့နွံများအောက်တွင် နစ်မြုပ်လျက် ရှိရာမှ ဧပြီ ၂၃ ရက် ညနေပိုင်းအထိ သေဆုံးသူ သုံးဦးကို အလောင်းရှာဖွေတွေ့ရှိခဲ့ရပြီး သုံးဦးကို ဒဏ်ရာရရှိလျက်တွေ့ရှိ ခဲ့သဖြင့် ပျောက်ဆုံးနေသူ ၄၈ဦး ရှိနေသေးကြောင်း ဖားကန့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးပြေငြိမ်းက ပြောသည်။

 

မီးသတ်ဦးစီးမှူး ဦးပြေငြိမ်း က ''လက်ရှိ အလောင်း သုံးလောင်း တွေ့တယ်။ ဒဏ်ရာရရှိသူသုံးဦး၊ အခုလက်ရှိမှာတော့ ပျောက်ဆုံး နေသူက ၄၈ ဦးပေါ့''ဟု ဒီမိုကရေ စီတူဒေးသို့ ညနေ ၆နာရီကျော်တွင် ပြောသည်။ ရှာဖွေမှုများအရ ဧပြီ၂၃ ရက် နံနက် ၇ နာရီခန့်တွင် အမျိုး သားအလောင်းနှစ်လောင်း၊ ညနေပိုင်းတွင် အလောင်းတစ် လောင်းအား ရှာဖွေတွေ့ရှိထားပြီး၊ဒဏ်ရာရရှိသူ သုံးဦးရှိကြောင်း၊ ပျောက်ဆုံးသူအများစုမှာ အလုပ် သမား၊ စက်ဆရာ၊ ကားသမား၊ ကြီးကြပ်သူနှင့် ကားနည်းပြများ ပါဝင်ကြောင်း ¤င်းကပြောသည်။


ကုမ္ပဏီလုပ်ကွက်များက ယင်းနွံကန်ဘေးအောက်ခြေတစ်ဝိုက် မြေမှန်ကျောက်ကြောများကို တူးဖော်ရာမှ တစ်ဆင့် နွံကန်ဝိတ် မထိန်းနိုင်ဘဲ ကျိုးပေါက်ပြီး ပြိုကျ ခြင်းဖြစ်ကြောင်း ၎င်းကဆက် လက်ပြောသည်။ မီးသတ်ဦးစီးမှူး ဦးပြေငြိမ်းက ''အလောင်းနှစ်လောင်းက မနက် ခင်းပိုင်းမှာတွေ့တာ။ ပေါက်ကျ တဲ့နွံကန်ထဲမှာပဲတွေ့တာ။ ဘယ်လိုဖြစ်လဲဆိုတော့ သူတို့ဘေးမှာ ရေကန်ရှိထားတယ်လေ။ ကျောက် ကြောကောင်းတဲ့အခါကျတော့ တူး ရင်းတူးရင်းနဲ့အဲ့ဒီမှာပြိုပြီးတော့ သူ့ တို့ကိုပိကုန်တာ။ နွံကန်ပြိုကျ တာပေါ့''ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။ အခင်းဖြစ်လုပ်ကွက်နှစ်ခုမှာ လုပ်ငန်းလုပ်ကိုင်နေဆဲ လုပ်ကွက် များဖြစ်ကြောင်း ၎င်းကပြောသည်။


ပျောက်ဆုံးနေသည့် လူနှင့် စက်ယန္တရားများကို ဘက်ဟိုးယာဉ် အသုံးပြု၍ ရှာဖွေလျက်ရှိသော် လည်းခက်ခဲကြောင်း ¤င်းကဆက် လက်ပြောသည်။ ''ရှာဖွေတာက မီးသတ်ပါ တယ်။ ကုမ္ပဏီကအဖွဲ့တွေရယ်။ နာရေးကူညီမှုအသင်းတွေနဲ့ ဝိုင်း ပြီး ရှာနေတယ်''ဟု ဦးပြေငြိမ်းက ပြောသည်။ ဖားကန့်မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးတင်စိုး က ''ကနဦးမှာ အားလုံးပျောက်ဆုံး နေတဲ့သူ ၅၄ ဦးရှိတယ်။ အလောင်း တွေကို ဖော်နေဖို့လုပ်နေတယ်။ နွံကန်ကြီးကနေ သူတို့လုပ်ကွက် ဘက်ကို စိမ့်လာပြီးတော့ ထိုးဖောက် သွားတဲ့ အနေအထားရှိတယ်။ လုပ် ကွက်တွေကလည်း အဲ့ဒီနွံကန် အောက်မှာဖြစ်တာလေ။ ဖြစ်တဲ့အ ချိန်တုန်းကအလုပ်သမားတွေ ည ဆိုင်းဆင်းတဲ့အချိန်ပေါ့။ အဲ့ဒါ ကြောင့် လူ ၅၄ ဦးပါသွားတာပေါ့''ဟုပြောသည်။


အခင်းဖြစ်လုပ်ကွက် နှစ်ခုသည် သက်တမ်းကြာပြီဖြစ်ကြောင်း ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောသည်။ နွံကန်ပြိုကျမှုဖြစ်ပွားသည့် နေရာသို့ နံနက်ပိုင်းမှစတင်ကာ လာရောက်ကြည့်ရှုသူများပြား လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူအလောင်းနှင့် ဒဏ်ရာရရှိသူများကို ဖားကန့်ပြည်သူ့ ဆေးရုံတွင် ပို့ဆောင်ထားကြောင်း၊ ရှာဖွေမှုကို ညနေ ၆နာရီ မိနစ် ၃ဝ တွင် ရပ်ဆိုင်းခဲ့ကြောင်း ၎င်းက ပြောသည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top