HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ကျိုင်းတုံ - တာချီလိတ် လမ်းဘေး ခရီးသည်တင်ယာဉ် ချောင်းထဲသို့ ထိုးကျ တိမ်းမှောက်၊ ရှစ်ဦးဒဏ်ရာရ

ကျိုင်းတုံ - တာချီလိတ် လမ်းဘေး ခရီးသည်တင်ယာဉ်  ချောင်းထဲသို့ ထိုးကျ တိမ်းမှောက်၊ ရှစ်ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၃

ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းတုံ-တာချီလိတ်လမ်း ဘေးတွင် ခရီးသည်တင်ယာဉ် အရှိန်လွန်ပြီး လမ်းဘေးပေ ၅ဝခန့် နက်သည့် ချောင်းထဲသို့ထိုးကျတိမ်းမှောက်ခဲ့ရာ ရှစ်ဦးဒဏ်ရာရခဲ့ ကြောင်း သိရသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ တာကျောက် ကျေးရွာအတွင်း ကျိုင်းတုံ-တာချီလိတ်သွား ကားလမ်းအတိုင်း တာချီလိတ်မှ ကျိုင်းတုံသို့မောင်းလာသည့် ခရီးသည်တင်ယာဉ် သည် ဧပြီ၂၃ရက်၊ နေ့လယ်ပိုင်းက ကျိုင်းတုံနှင့် မိုင်းဖြတ်အကြား သရက်ပင်အိုကွေ့အရောက် အရှိန်လွန်ပြီး ဝဲဘက်လမ်းဘေးရှိ ပေ ၅ဝခန့်နက်သည့် ချောင်းထဲသို့ ဘေးတစောင်းအနေအထားဖြင့် ထိုးကျတိမ်းမှောက်ခဲ့ကြောင်း အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျိုင်းတုံ) တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင်က ပြောသည်။

တိမ်းမှောက်သည့်ယာဉ်မှာ တာချီလိတ်မှ လွိုင်လင်သို့ ပြေးဆွဲသည့် ငွေတောင်တန်းယာဉ်လိုင်းဖြစ်ကြောင်း၊ ယာဉ်ပေါ်တွင်ယာဉ် မောင်းအပါအဝင် ခရီးသည်ကိုးဦး လိုက်ပါလာကြောင်း ၎င်းကပြောသည်။ အခင်းဖြစ်ပြီးနောက် ယာဉ်ပေါ်ပါ ခရီးသည်ရှစ်ဦးစလုံး ဒဏ် ရာရခဲ့ပြီး ကျိုင်းတုံဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိပြီး ခြောက်ဦးမှာ အတွင်းလူနာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။


တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင်က ''အမှုဖွင့်ထားပါတယ်။ ကားက ချောက်ထဲကို အရှိန်လွန်ပြီးကျတာ။ ပေ ၅ဝခန့် ချောင်းထဲကိုပြုတ်ကျတာ။ သူတို့က ခရီးသည်တွေကို ပုံမှန်တိုင်းဆွဲနေကျလိုင်း။ ဒဏ်ရာရတာက ရှစ်ဦး။ ခြောက်ယောက်က အတွင်းလူနာ။ နှစ် ယောက်က ပြင်ပလူနာ။ ယာဉ်မောင်းက ဘာမှမဖြစ်ဘူး။ ကားက ယာဉ်မောင်းပေါ့ဆလို့ပေါ့။ အရှိန်လွန်ပြီးဖြစ်တာ''ဟု ဒီမိုကရေစီ တူဒေးသို့ ပြောသည်။


ထိုးကျတိမ်းမှောက်ခဲ့သည့် ယာဉ်မှာလည်း ပျက်စီးမှုများဖြစ် ပေါ်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။ ယင်းအမှုနှင့်ပတ်သက်ပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် ယာဉ်မ တော်တဆမှုပုဒ်မဖြင့် ယာဉ်မောင်းကို အမှုဖွင့်အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။ 

WYHW

#democracytoday

Rate this item
(0 votes)
back to top