HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ခရီးသည် ၈၂ ဦး တင်ဆောင်လာသည့် MNA လေယာဉ် မန္တလေးလေဆိပ်တွင် ရှေ့ဘီးချမရဘဲ ဆင်းသက်ခဲ့ရ ခရီးသည်များနှင့် လေယာဉ်အမှုထမ်း ခုနစ်ဦး ဘေးကင်း

ခရီးသည် ၈၂ ဦး တင်ဆောင်လာသည့် MNA လေယာဉ် မန္တလေးလေဆိပ်တွင် ရှေ့ဘီးချမရဘဲ ဆင်းသက်ခဲ့ရ ခရီးသည်များနှင့် လေယာဉ်အမှုထမ်း ခုနစ်ဦး ဘေးကင်း

ရန်ကုန်၊ မေ ၁၂ 

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည် ၈၂ ဦး တင်ဆောင်လာသည့် MNA လေယာဉ်သည် ရှေ့ဘီးချမရဘဲ ဆင်းသက်ခဲ့ရပြီး လေယာဉ်အမှုထမ်းခုနစ်ဦးနှင့် ခရီးသည်များ ဘေးကင်းခဲ့ကြောင်းသိရသည်။ မေ ၁၂ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် မြန်မာအမျိုးသားလေကြောင်း လိုင်း(MNA)၏ ခရီးစဉ်အမှတ် UB 103 ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်ကို လေ ယာဉ်အမှတ် XY-AGQ, Embraer 190 AR နှင့် ခရီးသည် ၈၂ ဦးတင်ဆောင်၍ Captain မြတ်မိုးအောင်၊ FO ကောင်းဆက်လင်း၊ FO မျိုးသီဟအောင်၊ Cabin crew များအဖြစ် မချယ်ရီမြင့်၊ မကေဂျာဆန်အောင်၊ မခိုင်ဇာလင်း၊ မဥမ္မာအောင်တို့ လိုက်ပါလျက် မောင်းနှင်ပျံသန်းရာ မန္တလေးလေဆိပ်သို့ ဆင်းချိန် နံနက် ၈ နာရီ ၁၇ မိနစ်တွင် လေယာဉ်ဘီးချရာ Nose Landing Gear မကျကြောင်းတွေ့ရှိသဖြင့် Captain မှ Emergency procedure အရ ဆောင်ရွက်ရာတွင်လည်း  Nose Landing  Gear သည် ကျမလာကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ခဲ့သည်။ 

ထို့အတွက် Captain မှ လေ ကြောင်းမျှော်စင်သို့  Nose Lan ding Gear ကျမကျ ကြည့်ပေးပါ ရန် နှစ်ကြိမ်ဝဲပတ် ပျံသန်းပြခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။ ထို့နောက် လေယာဉ်ဆီကုန် စေရန် ဝဲပတ်ပျံသန်းပြီးနောက် နံနက် ၉ နာရီ ၉ မိနစ်တွင် Runway 17 အတိုင်း Emergency Landing  ပြုလုပ်ခဲ့ရာ ပြေးလမ်းပေ ၄၅ဝဝ တွင် လေယာဉ်ဦးစိုက်အ နေအထားနှင့် ရပ်တန့်ပြီးနောက် လေယာဉ် Cabin Crew အဖွဲ့မှ ခရီးသည်များအား Emergency Evacautions Proce dures အတိုင်း သတ်မှတ်ချိန်အတွင်း ပြီး စီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


ခရီးသည်နှင့် လေယာဉ်အဖွဲ့ သားများ တစ်စုံတစ်ရာ ထိခိုက်ခဲ့ ခြင်းမရှိဘဲ ဖြစ်စဉ်တွင်ပါဝင်ခဲ့သော ခရီးသည်များကိုလည်း ERP (Emergency Response Plan) နှင့် အညီဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာအမျိုးသားလေ ကြောင်းလိုင်းအနေဖြင့် ဖော်ပြပါ ဖြစ်စဉ်တွင် လေယာဉ်အဖွဲ့သား များနှင့်ညီညွတ်စွာ ဆောင်ရွက်ခဲ့ သော ခရီးသည်များအား လည်း ကောင်း၊ လေယာဉ်အရေးပေါ် အခြေအနေ၌ ဆုံးဖြတ်ချက်မှန် ကန်စွာနှင့် ဘေးကင်းစွာမောင်း နှင်ပေးခဲ့သော Captain  မြတ်မိုး အောင်၊ FO ကောင်းဆက်လင်း၊ FO မျိုးသီဟအောင်တို့အား လည်း ကောင်း၊ Cabin Crew များအ ဖြစ် မချယ်ရီမြင့်၊ မကေဂျာဆန် အောင်၊ မခိုင်ဇာလင်း၊ မဥမ္မာလင်း တို့အား လည်းကောင်း ကျေးဇူးတင် ရှိပါကြောင်းနှင့် ချီးကျူးမှတ်တမ်း တင်ဂုဏ်ပြုအပ်ပါကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။


လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန် ကြားရေးမှူးချုပ်ဦးရဲထွဋ်အောင် က ''မတော်တဆဖြစ်တာဟုတ်ပါ တယ်။ အဓိကတော့ ရှေ့ဘီးချလို့ မရတာကနေ ဖြစ်တာပေါ့။ နံနက် ၇ နာရီကျော်က ရန်ကုန်လေဆိပ် ကထွက်လာတယ်။ မန္တလေးကို ပုံမှန်ဆင်းရမယ့် ၈ နာရီ ၁၈ မိနစ် မှာဆင်းရမယ်။ ဆင်းဖို့အတွက် ကို ဘီးချတဲ့ချိန်မှာ နောက်ဘီးပဲ ချလို့ရတယ်။ ရှေ့ဘီးက Nose Landing Gear ချလို့မရဘူး။ နှစ်ကြိမ်လေယာဉ်ကွင်း ကိုပတ်ပြီး တော့မှ ဘီးချဖို့ ကြိုးစားတယ်။ မရတဲ့အခါကျတော့ နောက်ဆုံးဆီ ကိုလည်းတတ်နိုင်သမျှကုန်အောင် ထပ်ပြီးတော့ မောင်းပြီးတော့မှ နံနက် ၉ နာရီ ၆ မိနစ်မှာ ဆင်းပါ တယ်။ ခရီးသည်တစ်စုံတစ်ရာ ထိခိုက်မှုမရှိပါဘူး''ဟု ဒီမိုကရေစီ တူဒေး၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။ မတော်တဆဖြစ်ပွားသည့် လေယာဉ်ကို လေဆိပ်ပြေးလမ်း အလယ်ကောင်ပေ ၅ဝဝဝ နီးပါး တွင်ရပ်နေပြီး ကရိန်းခေါ်ထားပြီး လေယာဉ်ခေါင်းပိုင်း(Nose)အား ကရိန်းဖြင့်မတင်ကာ နေရာရွှေ့ ပြောင်းမှုလုပ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။


''အခုလောလောဆယ်တော့ ပြေးလမ်းခဏပိတ်ထားတယ်။ နံနက် ၉ နာရီ ၆ မိနစ်ကတည်းက။ မ ကြာခင်မှာတော့ ကျန်တဲ့ပြေး လမ်းပေ ၇ဝဝဝ၊ ၈ဝဝဝ လောက် ကို ပြန်ဖွင့်ပေးဖို့အတွက် စစ်ဆေး နေပါတယ်။ ပြီးရင် ဖွင့်ပေးမှာပါ''ဟု ¤င်းကဆက်လက်ပြောသည်။ မန္တလေးလေဆိပ်ပြေးလမ်း သို့ ဆင်းသက်လာရာတွင် လေယာဉ် နောက်ဘီးနှစ်ဘီးဖြင့် စတင်ထိ အောင်ဆင်းလာရပြီးနောက် အရှိန် ကို ဖြည်းဖြည်းချင်းလျှော့ခဲ့ကြောင်း၊ ထို့နောက် အရှိန်ကုန်ခါနီးတွင် လေယာဉ်ခေါင်းပိုင်း (Nose) ဖြင့် ပြေးလမ်းကိုသွားရာတွင် မထိန်း သိမ်းနိုင်ပါက မီးတောက်နိုင် ကြောင်း ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးရဲထွဋ်အောင်ကပြောသည်။ ''လေယာဉ်မှူးက အရမ်း တော်ပါတယ်။ အတွေ့အကြုံရှိတဲ့ သူမို့''ဟု ၎င်းကပြောသည်။


နံနက် ၁၁ နာရီခွဲတွင်ပြေး လမ်းတစ်ခြမ်းဖွင့်လိုက်ပြီဖြစ် ကြောင်း မြန်မာအမျိုးသားလေ ကြောင်းလိုင်း၏ မန္တလေးလေဆိပ်တာဝန်ခံကိုအောင်မင်းဆွေက ပြောသည်။ ''ကျန်တဲ့ဟာကိုလည်း ဖွင့် ဖို့နာရီပိုင်းပဲ။ ဖွင့်ဖို့လုပ်နေတယ်'' ဟု ၎င်းက ဒီမိုကရေစီတူဒေး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြား သည်။ အခင်းဖြစ်ရာသို့ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ်ဒေါက်တာဇော်မြင့်မောင်လာ ရောက်ပြီး လေယာဉ်မတော်တ ဆမှုဖြစ်ပွားခဲ့မှုအခြေအနေနှင့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ခရီးသည်များ၊ လေယာဉ်မှူးနှင့် အဖွဲ့သားများကို အားပေးစကားပြော ကြားခဲ့ကြောင်း သိရသည်။


မန္တလေးအပြည်ပြည်ဆိုင် ရာလေဆိပ်မှ ရဲတပ်ဖွဲ့လုံခြုံရေး အရာရှိတစ်ဦးက'' လေယာဉ်အဆင်းရှေ့ဘီး Nose Landing Gear ချမရဘဲ နှုတ်သီးနဲ့ဆင်းလိုက်ရတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ခရီးသည်အချို့တော့ တော်တော်လန့်သွားတယ်။ ဒီခရီးစဉ်မှာ ရုပ် ရှင်သရုပ်ဆောင်နေမင်းရော ပါ တယ်။ ဘောလုံးအဖွဲ့ချုပ်ကသူတွေ လည်း ပါလာတာတွေ့တယ်။ ကယ် ဆယ်ရေးလုပ်ငန်းတွေလုပ်ပေးခဲ့ တယ်''ဟု ပြောသည်။  မတော်တဆမှုဖြစ်စဉ်တွင် လေယာဉ်အထိအခိုက်အပျက်အ စီးနည်းနည်းနှင့် ခရီးသည်များထိ ခိုက်ဒဏ်ရာရမှုမရှိအောင် ဘေး ကင်းစွာ ဆင်းသက်နိုင်သည့် Cap tain  မြတ်မိုးအောင်နှင့် လေယာဉ် အဖွဲ့ကို လေယာဉ်ပေါ်တွင် လိုက်ပါ လာကြသည့် ရုပ်ရှင်သရုပ်ဆောင် နေမင်းအပါအဝင် အနုပညာရှင် အချို့နှင့် ပြည်သူ့လူထုတို့က ချီးကျူး ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။


သရုပ်ဆောင်နေမင်းက '' ဘဝ မှာ တစ်ခါမှမကြုံဖူးတဲ့အတွေ့ အကြုံပါပဲ။ ကံသီပေလို့ပေါ့။ အ ရေးပေါ်ချွတ်ယွင်းပြီး ရှေ့ဘီးချမ ရလို့ အမျိုးမျိုးကြိုးစားမောင်းနှင်ပြီး မှ မရတော့တဲ့အဆုံး လေယာဉ် ဆီကုန်ခါနီးမှာ နောက်ဘီးတွေ မှေးချပြီး အရှိန်နဲ့ရှေ့ဝမ်းဗိုက်နဲ့ လျှောဆင်းခဲ့တာ မီးခိုးလေးတွေ နည်းနည်းထွက်ခဲ့ပေမယ့် အရေး ပေါ်အမြန်ဆင်းပြေးခဲ့ရတာ အား လုံးကံကောင်းခဲ့ကြပါတယ်။ MNA လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင် နှင့် အဖွဲ့သားအားလုံးလည်း တ ကယ်တော်ကြပါတယ်။ ဘာပဲဖြစ် ဖြစ် ချီးကျူးပါတယ်ခင်ဗျား''ဟု ¤င်း၏ကိုယ်တွေ့အဖြစ်အပျက်ကို ပြောပြသည်။  လေယာဉ်ပေါ်တွင် လိုက် ပါလာသူတစ်ဦးဖြစ်သည့် သရုပ် ဆောင်ယုသန္တာတင်ကလည်း လေယာဉ်ပေါ်မှ အရေးပေါ်ဆင်းပြေးရလိမ့်မည်ဟု တစ်ခါမှမတွေးဖူး ကြောင်း လူမှုကွန်ရက်တွင် ပြော ပြသည်။


''အသက်ရှူရပ်မလိုပဲ။ ကောင်း ကင်မဆင်းခင်ကတည်းက ပြေးလမ်း တစ်လျှောက် မီးသတ်ကားတွေ အသင့်အနေအထားနဲ့ စောင့်နေ တာကိုမြင်ကတည်းက ကိုယ့်လေယာဉ်အခြေအနေကို သိပြီးပိုကြောက် တာ။ လေယာဉ်အရေးပေါ်ဆင်းခါ နီး ဆီကုန်အောင်ပတ်ပြီးမှ လေ ယာဉ်တစ်စင်းလုံးမီးခိုးတွေနဲ့ အ ရေးပေါ်ဆင်းမယ့် အသင့်အနေ အထားဆိုတာနဲ့နောက်ဆုံး အ ခြေအနေလို့ စိတ်ထဲတင်းပြီးနေခဲ့တာ။ ကံကောင်းလို့ အသက်ရှင် ခွင့်ရခဲ့တယ်''ဟု သရုပ်ဆောင် ယုသန္တာတင်က သူမ၏ကိုယ်တွေ့ ကို ပြောပြသည်။ လေယာဉ်မှူးကြီးနှင့်တကွ တာဝန်ရှိသူများ၏အရေးပေါ် အခြေအနေတွင် ဆုံးဖြတ်ချက်မှန် ကန်ခြင်းကြောင့် အသက်ရှင်ခွင့်ရ ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။


''ရှေ့ဘီးချမရတာကို ဦးပိုင်း ဝမ်းဗိုက်နဲ့ လျှောတိုက်ပြီး အ ထိအခိုက်၊ အပျက်အစီးမရှိ ဘေး ကင်းစွာ ဆင်းသက်နိုင်တဲ့ အရည် အချင်းပြည့်ဝတဲ့ လေယာဉ်မှူးကြီး ကို လေးစားဂုဏ်ပြုပါတယ်''ဟု ပြည်သူတစ်ဦးကမှတ်ချက်ပြုသည်။ လွန်ခဲ့သည့် ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၂၆ ရက် ညပိုင်း ကလည်း စစ်တွေလေဆိပ်မှရန် ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းလာခဲ့ရာ ပျံသန်းချိန် ၁၅ မိနစ်၊ စစ်တွေမြို့မှ ရေမိုင် ၄ဝ ခန့် ရန်ကုန်မြို့သို့ ရေမိုင် ၂၃ခန့် အကွာ အမြင့်ပေ ၁၈ဝဝဝ ခန့်တွင် လေယာဉ်ခေါင်းပိုင်းမှ ''ဒုတ်'' ဟူ သော အသံနှင့်အတူ လေစိမ့်ဝင် သံလေးကို ကြားလိုက်ရကြောင်း၊ လေယာဉ်အင်ဂျင်နှင့်စက်ပိုင်း ဆိုင်ရာဒိုင်ခွက်များအား စစ်ဆေး ကြည့်ရှုလိုက်ရာတွင် လေယာဉ်ပျံ အတွင်းရှိလေထုဖိအားမှာလည်း ရုတ်တရက်တရိပ်ရိပ်စတင်ထိုး တက်နေသည်ကို တွေ့ရပြီး လေ ယာဉ်ကို မူလပျံသန်းမည့် Flightt- Level 290 (ပေ ၂၉ဝဝဝ) သို့ တက်နေခြင်းအား အမြင့်ပေ ၁၉ဝဝဝ ခန့်တွင် ချက်ချင်းရပ်တန့်နိုင်ခဲ့ ကြောင်း မောင်းနှင်ခဲ့သူ လေယာဉ် မှူးကြီး ဦးမြတ်မိုးအောင်က တင် ပြထားသည်။


လေယာဉ်ဘီးချမရဘဲ ဆင်းသက်ခဲ့ရသည့် နေရာမှ လေယာဉ်အား ညနေ ၃ နာရီခွဲတွင် ဖယ် ရှားနိုင်ခဲ့ပြီးနောက် ပြည်တွင်းပြည်ပ လေယာဉ်များပုံမှန်အတိုင်း ပြန် လည်အဆင်းအတက်ပြုလုပ်နိုင်ခဲ့သည်။ ပြီးခဲ့သည့် မေ ၈ ရက် ညနေ ၆ နာရီ မိနစ် ၅ဝ ကလည်း ကလေးတစ်ဦးအပါအဝင်ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း စုစု ပေါင်း ၃၅ ဦးတင်ဆောင်လာသည့် Biman လေကြောင်းလိုင်းမှ လေ ယာဉ်တစ်စင်းသည် ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်မှုဖြစ်ပွား ခဲ့ပြီး လေယာဉ်မှုး၊ လေယာဉ်ဝန် ထမ်း၊ ခရီးသည် စုစုပေါင်း ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

WYHW, MTK

#democracytoday

Rate this item
(0 votes)
back to top