HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ခရီးသည်တင်ယာဉ် ပေ ၅ဝ ခန့်အနက်ရှိ ချောင်းထဲသို့ ထိုးကျမှု မိုင်းပျဉ်းတွင်ဖြစ်ပွား၊ ငါးဦးသေဆုံး

ခရီးသည်တင်ယာဉ် ပေ ၅ဝ ခန့်အနက်ရှိ ချောင်းထဲသို့ ထိုးကျမှု မိုင်းပျဉ်းတွင်ဖြစ်ပွား၊ ငါးဦးသေဆုံး

ရန်ကုန်၊ မေ ၁၂

မိုင်းပျဉ်းမြို့ နယ်တွင် ခရီးသည်တင်ယာဉ် အရှိန်လွန်ပြီး ပေ ၅ဝ ခန့်အနက်ရှိ ချောင်းထဲသို့ ထိုးကျတိမ်းမှောက် ရာ ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ ခဲ့သည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင် ကြီးကားလမ်းအတိုင်း တာချီလိတ် မှ တောင်ကြီးသို့ တောင်ကြီးမြို့ နယ်နေ ယာဉ်မောင်းဦးသီဟ (၃ဝ) နှစ် မောင်းနှင်လာသည့် Nissan Caravan Mini Bus အမျိုးအ စားခရီးသည်တင်ယာဉ်သည် မေ ၁၂ ရက်၊ နံနက် ၇ နာရီခန့်က ကားလမ်းမိုင်တိုင် (၃၃၆/၆ ဖာ လုံ)နှင့်(၃၃၆/၇ဖာလုံ) အရောက် အရှိန်လွန်ပြီး ဝဲဘက်လမ်းဘေးရှိ ပေ ၅ဝ ခန့်နက်သည့် နမ့်ပိန်းချောင်း အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ ကြောင်း ကျိုင်းတုံခရိုင် မီးသတ် တပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ယာဉ်ပေါ်တွင် ယာဉ်မောင်း နှင့်ခရီးသည်အသက်နှစ်နှစ်အ ရွယ်၊ ကိုးနှစ်အရွယ် ကလေးငယ် နှစ်ဦးပါ အမျိုးသားသုံးဦး၊ အမျိုး သမီးလေးဦး စုစုပေါင်းရှစ်ဦးတို့ လိုက်ပါစီးနင်းလာကြောင်း ကျိုင်းတုံ ခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။  ယာဉ်မောင်း၊ ကလေးငယ် နှစ်ဦးတို့အပါ အဝင်စုစုပေါင်းငါး ဦးအခင်းဖြစ်နေရာတွင် သေဆုံး ပြီး ခရီးသည် သုံးဦးဒဏ်ရာရခဲ့ပြီး ကျိုင်းတုံခရိုင် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အခင်းဖြစ်ရပ်ကို မီးသတ် တပ်ဖွဲ့ဝင် ၂ဝ ဖြင့် သွားရောက် ကူညီကယ်ဆယ်ခဲ့ကြောင်း သိရ သည်။


ကျိုင်းတုံခရိုင်မီးသတ်ဦးစီး မှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇင်ဝင်းက ''အရှိန်လွန်ပြီး တော့ ချောင်းထဲကို ထိုးကျတိမ်း မှောက်တာ။ ချောင်းထဲမှာ ရေရှိ တယ်။ လူနာတွေ အသက်ရှင်တဲ့လူ တွေရော သေဆုံးပြီးတဲ့ လူတွေရော ရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေ နဲ့အပေါ်ကို ကယ်တင်ပေးခဲ့တယ်။ ယာဉ်ပေါ်မှာပါတာက ရှစ်ဦး၊ ငါးဦးသေဆုံးတယ်။ အခင်းဖြစ်နေ ရာမှာပဲ။ သုံးဦးဒဏ်ရာရတယ်'' ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။ ယင်းအမှုနှင့်ပတ်သက်ပြီး မိုင်းပျဉ်းမြို့မရဲစခန်းတွင် ယာဉ် (ပ) ၆/၂ဝ၁၉၊ ပေါ့လျော့မှုကြောင့် လူသေစေမှုပုဒ်မ၊ နာကျင်စေမှု ပုဒ်မတို့ဖြင့် ယာဉ်မောင်း ဦးသီဟ ကို အမှုဖွင့်အရေးယူထားသည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top