HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အဝေးသင် ပညာရေးစနစ်သစ် အစီအစဉ်ကို အလိုမရှိကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသ) ဖဲကြိုးနီ လှုပ်ရှားမှု ပြုလုပ်

အဝေးသင် ပညာရေးစနစ်သစ် အစီအစဉ်ကို အလိုမရှိကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသ) ဖဲကြိုးနီ လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ မေ ၁၃

အဝေးသင်ပညာရေးစနစ်သစ် အစီအစဉ်ကို အလိုမရှိကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ)က ဖဲကြိုးနီလှုပ်ရှားမှု ပြုလုပ်ခဲ့ ကြောင်း သိရသည်။ အဆင့်မြင့်ပညာဦးစီးဌာနမှ ယခုလ ၉ ရက် ရက်စွဲဖြင့် အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းများကိုနှစ်ကြိမ်စီခွဲ၍ ဖွင့်လှစ်ရန်အတွက် တက္ကသိုလ်အသီးသီးရှိ ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၏သဘောထားကို တောင်းခံသည့် ကြေညာ ချက်တစ်ခုကိုထုတ်ပြန်ခဲ့ရာ ယခုလ ၁၃ ရက်တွင် အဆိုပါပညာရေးစနစ်အသစ် အစီ အစဉ်ကို ကန့်ကွက်သည့်အနေဖြင့် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဖဲကြိုး နီလှုပ်ရှားမှုတစ်ခုကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

''ပညာရေးစနစ်သစ်ကိုပြောင်းတာ ကောင်းပါတယ်။ အခုဟာက အလှမ်းကျယ် နေတယ်။ အလှမ်းကျယ်တော့ အလယ်မှာဟနေတယ်။ ကျောင်းသားတွေအတွက် အဆင် မပြေနိုင်ဘူး။ ဒါကြောင့် ဖဲကြိုးနီသင်္ကေတနဲ့ ကန့်ကွက်ကြောင်း ကမ်ပိန်းလုပ်တာပါ။ အဝေးသင်ကျောင်းသားအများစုဟာ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတဲ့လူတွေ ဖြစ်ပါတယ်။ ၅ ရက်နှစ်ခါ ခွဲတက်ရမယ်ဆိုရင် အဆောင်စရိတ်ကုန်ကျမယ်။ ပြီး ရင် အလုပ်ခွင်မှာ အလုပ်ရှင်တွေနဲ့အဆင်မပြေမှုတွေ ဖြစ်နိုင်ပါတယ်''ဟု ရတနာပုံ တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးချစ်ဇော်က ဒီမိုကရေစီ တူဒေးသို့ မေ ၁၃ ရက်က ပြောသည်။


ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအနေဖြင့် အဝေးသင်ပညာရေးစနစ် သစ်နှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကန့်ကွက်မှုများ ဆက်လက်လုပ် ဆောင်မည်ဖြစ်ပြီး အခြားတက္ကသိုလ်များမှ သမဂ္ဂများနှင့်လည်း ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။ ''ကျွန်တော်တို့ကတော့ ကောင်းဖို့အတွက် အပြောင်းအလဲတစ်ခုကို သွားတာ ပေါ့။ ဒီပေါ်မှာ ကြိုက်သူရှိသလို မကြိုက်သူလည်းရှိမယ်၊ အဆင်ပြေသူရှိသလို၊ မပြေတဲ့သူလည်းရှိမယ်။ ဒီအတွက်သဘောဆန္ဒတွေက ဘယ်လိုပြောလာလဲဆိုတာကို ကြည့်ရဦးမှာပေါ့''ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။


ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအနေဖြင့် ယခုလ ၁၂ ရက်က သဘော ထားကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သေးပြီး အဆိုပါထုတ်ပြန်ချက်တွင် အဆင့်မြင့်ပညာဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းပေး ရန်၊ အနီးကပ်နှစ်ကြိမ်ကို ဆက်လက်ဆောင်ရွက်ရန်တင်ပြသော ရတနာပုံတက္ကသိုလ် ဆရာများသမဂ္ဂဥက္ကဋ္ဌနှင့် တက္ကသိုလ်မှတာဝန်ရှိသူများကို အစိုးရအဖွဲ့နှင့်ပညာရေး ဝန်ကြီးဌာနမှ အရေးယူပေးရန်အတွက် တောင်းဆိုခဲ့သေးကြောင်း သိရသည်။

ATK, MTK

#democracytoday

Rate this item
(0 votes)
back to top