HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အသက် ၈ဝ နှင့်အထက် ဘိုးဘွားများကို လူမှုရေးပင်စင်ပေးနိုင်ရန် ဆောင်ရွက်မည်

အသက် ၈ဝ နှင့်အထက် ဘိုးဘွားများကို လူမှုရေးပင်စင်ပေးနိုင်ရန် ဆောင်ရွက်မည်

ရန်ကုန်၊ မေ ၁၃ 

လာမည့်နှစ် များတွင်အသက် ၈ဝ နှင့်အထက် ဘိုးဘွားများကို လူမှုရေးပင်စင် ပေးနိုင်ရန်ကြိုးစားသွားမည်ဖြစ် ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။ မေ ၁၃ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော် ပြန်ကြားရေးဝန်ကြီး ဌာနတွင် ကျင်းပသည့် နိုင်ငံတော် အစိုးရ တတိယတစ်နှစ်တာ ကာ လအတွင်း ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် စက်မှု ဝန်ကြီးဌာနတို့၏ သတင်းစာရှင်း လင်းပွဲ၌ လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြည်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး ဒေါက်တာဝင်းမြတ်အေးက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွား များကိုသာ လူမှုရေးပင်စင်အဖြစ် ထောက်ပံ့နေခြင်းဖြစ်သည်။ ''သက်ကြီးရွယ်အိုကျတော့ လူမှုရေးပင်စင်ပေးတယ်။ သက် ကြီးရွယ်အိုတွေကို စောင့်ရှောက် တဲ့စနစ် ယခင်တုန်းကမရှိသေး ဘူး။ အခုတစ်နိုင်ငံလုံးအတိုင်းအ တာနဲ့ ထောက်ပံ့တာ။ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်မှာ ထူးခြားတာက မူလက ဥပဒေအတိုင်းအသက် အရွယ်အပိုင်းအခြား လိုက်စောင့် ရှောက်မှာဆိုတဲ့အတွက်ကြောင့် အသက် ၉ဝ နှင့်အထက်အဘိုးအ ဘွားတွေကို လူမှုရေးပင်စင်အ ဖြစ်စောင့်ရှောက်တယ်။ အဲဒီတော့ လူဦးရေက အင်မတန်တိုးတက် လာတယ်။ ပထမ သက်ကြီးရွယ်အို ၄ဝဝဝဝ ကျော်ကနေ အခု ဘိုးဘွား ဦးရေ ၁၈ဝဝဝဝ ဖြစ်သွားတယ်။

 

အသက် ၉ဝ နှစ်နှင့် အထက်အဘိုး အဘွား ၄ဝဝဝ ကျော်ရှိတဲ့ အသက် ၉ဝ နှင့်အထက်နဲ့ အသက် ၈၅ နှစ်နှင့်အထက်ကို ပြောင်းလဲသွား မှုဟာ ၄ ဆ၊ ၅ ဆလောက်ပြောင်း လဲသွားတာတွေ့ရပါတယ်။ အခု အသက် ၈၅ နှစ်နှင့်အထက် အ ဘိုးအဘွားတွေကို လူမှုရေးပင်စင် အဖြစ် ထောက်ပံ့တာ ဦးရေ ၁၈ဝဝဝဝ ကျော်ရှိသွားတယ်။ ဒါ ကြောင့် နိုင်ငံတော်ရဲ့ ဘတ်ဂျက် အနေအထားအရ အသက် ၈၅ နှစ်နှင့်အထက် ထောက်ပံ့တာ လေးကို အသက် ၈၅ နှစ်နှင့် အ ထက်ပဲ ထပ်ဆွဲထားဦးမယ်။အ သက် ၈ဝ နှစ်နှင့် အထက် အဘိုး အဘွားတွေကို လူမှုရေးပင်စင်အ ဖြစ် ထောက်ပံ့ဖို့နောက်နှစ်တွေမှာ ချထားပေးဖို့ စဉ်းစားနိုင်ဖို့ကြိုး စားမယ်'' ဟု ¤င်းကပြောသည်။ လက်ရှိအချိန်တွင် အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွား များကို လူမှုရေးပင်စင်အဖြစ် ထောက်ပံ့ငွေ တစ်လ ကျပ်တစ် သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့နေခြင်းဖြစ်သည်။

MO

#democracytoday

Rate this item
(0 votes)
back to top